နိရဉ္စရာ၊ ဇန်နဝါရီ၆/၂၀၂၃
၇ခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာရှိ၇ထားဘူတာ စစ်ဘေးရှောင်စခန်းနှင့်စိုက်ပျိုးရေးကွင်း စစ်ဘေးရှောင်စခန်း ၂ ခုတွင် ခိုလှုံလျက်ရှိသောစစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာများနှင့် စောင်များအရေးပေါ် လိုအပ်နေသည်ဟုဂဏန်းတောင်အုပ်စု ဒုခေါင်းဆောင် ကိုကျော်ဆန်းကနိရဉ္စရာ သတင်းဌာနကို ပြောသည်။
“အခု ကျနော်တို့ကို ပြီးခဲ့တဲ့၃၁ နေ့တုန်းက ACRO ကနေပြီးတော့လူတစ်ယောက်ကို နှစ်ပတ်စာ ၁ သောင်းခွဲစီ လှူဒါန်းခဲ့ပါတယ်။အဲဒါနဲ့ပဲ လုံလောက်အောင် စားနေကြ၇တယ်။ အလှူရှင်တွေကလည်း လာရောက်လှူဒါန်းကြတာနည်းတယ်။ နေထိုင်၇တာကလည်း ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ မကောင်းပါ။အခုက အဆောင်လေးတွေ ဆောက်လို့နေပါတယ်။ တာပေါ်လင်ကလည်း အအေးဖောက်တယ်၊နှင်းဖောက်တဲ့အတွက်ကြောင့် အအေးမိတယ်၊ ဆောင်းမိ၇တယ်၊ချောင်းဆိုးတယ်၊ နှာစေးတယ်၊ အဖျားတွေ ဘာတွေ ဝင်ပါတယ်။ အခုကဆောင်းရာသီဖြစ်တဲ့အတွက်ကြောင့်သက်ကြီးပိုင်းတွေအတွက် စောင်တွေအရေးတကြီးလိုနေပါတယ်”ဟု
လက်ရှိတွင် စစ်ဘေးရှောင်များမှာ၇ထားဘူတာအဆောင်အပြင် တာပေါ်လင်မိုး၊ တာပေါ်လင်စများကာရန်ပြီး သီးသန့်ဆောက်လုပ်ထားသည့်အဆောင်ငယ်များတွင် နေထိုင်နေကြ၇ကာ ကျန်းမာရေးထိခိုက်မှုများရှိနေသည်ဟု ဆိုသည်။
“ကူညီမယ့်သူတွေရောက်ရင်တော့ တာပေါ်လင်စကနေ ဓနိမိုးလို့ ရရင်ကောင်းမယ်။ အခုက ကူညီမယ့်သူမရှိတော့။ ကျန်းမာရေးကောင်းလာအောင်ဓနိတွေမိုးပေးရင်တော့ကောင်းပါ
ဂဏန်းတောင်စိုက်ပျိုးရေးကွင်း စစ်ရှောင်စခန်းတွင် စစ်ရှောင်နေသည့် မမိခိုင်က
“ကိုယ့်အိမ်မှာနေတာနဲ့ ဒီမှာနေတာကကိုယ့်အိမ်မှာဆိုရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ ဒီမှာနေရင်လည်းအလှူရတာတွေ မလုံလောက်တာတွေကိုလည်း မပြောရဲပါ။ ဘာလို့လဲဆိုရင်ကိုယ်တို့ပဲ မလုံလောက်တာမဟုတ်လို့ပါ။ အကုန်လုံးက ဒီလိုပဲဖြစ်နေကြတာဆိုတော့ကိုယ်ချင်းစာတရားနဲ့ မလုံလောက်တာကို မပြောရဲဘူးဖြစ်နေကြပါတယ်။တစ်နေ့တာစားသောက်တာကတော့ အနီးအနား တောတောင်က ဟင်းတွေဘာတွေရှာစားတဲ့သူစား၊ဝယ်စားတဲ့သူစား၊ ဒီလိုပဲဖြတ်သန်းနေကြ၇ပါတယ်။ တစ်ခါတလေ အလှူရရင်ဈေးထဲက ငါးခြောက်လေးတွေ ဝယ်စားတဲ့အခါစားကြပါတယ် ” ဟုပြောသည်။
ဂဏန်းတောင်ဘူတာစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၅၆ စု၊ (ကျား ၁၁၄ ဦးနှင့် မ၁၄၅ ဦး) စုစုပေါင်း လူဦးရေ ၂၅၉ ဦးနှင့် စိုက်ပျိုးရေးကွင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၇၄ စု၊ (ကျား ၃၄၆ ဦးနှင့် မ ၄၁၅ ဦး) စုစုပေါင်းလူဦးရေ ၇၆၁ ဦးတို့ ခိုလှုံနေထိုင်လျက်ရှိသည်။
၎င်းစစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်းမြို့နယ်ဗုဒ္ဓေါ၊ ကျောက်တော်မြို့နယ် ချောင်းတူ၊ ကွမ်းအုံစု၊ ရွက်ညိုးတောင်၊ဒေးဝန်း၊ အစရှိသည့် ကျေးရွာများမှ လာရောက်စစ်ဘေးရှောင်နေကြခြင်းဖြ
၎င်းတို့မှာပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၉ ရက်က ကျောက်တော်မြို့နယ်နှင့်ပုဏ္ဏားကျွန်းမြို့နယ်တို့ မြို့နယ် ၂ ခုအစပ်ဗုဒ္ဓေါကျေးရွာအနီးတွင် ရိက္ခာဆင်းယူသည့် စစ်ကောင်စီစစ်ကြောင်းကိုရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့
လက်ရှိ ရခိုင်တွင်ရက္ခိုင့်တပ်တော်(AA) နှင့်မြန်မာစစ်ကောင်စီတပ်မှာ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းမှ တပ်သားများမှာ ကျေးရွာများအနီးတွင်တည်ရှိသည့် ဆားတွင်းတောင်ပေါ်တွင် တပ်စွဲနေထိုင်လျက်ရှိနေသောကြော
“ရွာသားတွေကရွာကိုမပြန်ရဲဘူးဖြစ်နေတယ်။ ကားတွေနဲ့လည်း ရိက္ခာတွေအပို့အကြိုလုပ်နေတဲ့အတွက်ကြောင့်
၇ခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင်အောက်တိုဘာ(၁၁) ရက်အထိ တကျော့ပြန်တိုက်ပွဲများကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေး၇သူမှာ ၁၆၀၀၀ ကျော်ရှိလာပြီး၊ ယခင်နဲ့လက်ရှိပဋိပက္ခကြောင့် ထွက်ပြေး၇သူ စုစုပေါင်းမှာ ၉၀၀၀၀ကျော်အထိရှိသည်ဟု UNOCHA ကအောက်တိုဘာ ၁၉ ရက်က ထုတ်ပြန်ထားသည်။
(NN-3)