နိရဥ္စရာ၊ဇန်နဝါရီ ၇/၂၀၂၃
၇ခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကျေးအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း
တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာမှ အမည်မဖော်လိုသူ ရွာသားတစ်ဦးက "တောင်ကုတ်မှာက နေရာစုံ၊ တိုက်နယ်အစုံမှာသူတို့လုပ်ကြတယ်။ ဟိုရွာမှာ ငါးရက်လုပ်လိုက်၊ ဒီရွာမှာလုပ်လိုက်နဲ့ကြားနေရတယ်။ ရေလယ်ကျွန်းမှာ (၅) ရက်၊ မြို့ထဲ ကားဂိတ်နောက်ဘက်တွေမှာ(၅)ရက်၊ နောက်နေရာတွေကိုလည်း လှည့်ပြီးချနေတာပါ။ အဓိက နယ်မြေမှာ စစ်ကောင်စီ တာဝန်ရှိသူတွေကဦးဆောင်တာတွေရှိတယ်။ သူတို့နဲ့ဆိုင်တဲ့ အထက်ကသူတွေကို လိုင်းကြေးပေးပြီး ပြုလုပ်နေကြတာဖြစ်တယ်"ဟု ပြောသည်။
တောင်ကုတ်မြို့ပေါ်နှင့် မြို့နယ်ကျေးရွာတချို့တွင် အဓိက ပြုလုပ်ကြသည့် လောင်းကစားမှာ ကြက်ဝိုင်း၊ (၆)ကောင်ဂျင်ကစားဝိုင်းများဖြစ်ကြသည်ဟု ဒေသခံများကပြောသည်။
နတ်မော်ကျေးရွာတွင် ဒီဇင်ဘာ၁ ရက်နေ့မှစကာ ပထမအကြိမ် (၃) ရက်တာ လောင်းကစားဝိုင်း စလုပ်ခဲ့ပြီးနောက် နေ့စဉ်ရက်ဆက်ဆိုသလို မကြာခဏ လောင်းကစားဝိုင်းကျင်းပလျ
အဆိုပါလောင်းကစားဝိုင်းသည် လူ(၄၀) မှ (၈၀) ခန့်အထိ စည်းကားကြောင်းလည်း သိ၇သည်။
"ကြက်ဝိုင်းတစ်ဝိုင်းမှာဆို အနည်းဆုံးလူလေးငါးရှစ်ဆယ်လောက်ရှိတယ်။ အုပ်ချုပ်ရေးမှူတွေကိုလည်း တစ်ရက် ငါးသောင်းလောက်ပေးရတယ်ပြောတယ်။ အဓိကကတော့ အုပ်ချုပ်ရေးမှူးရယ်၊ စစ်ကောင်စီတပ်သားတွေရယ်ပူးပေါင်းပြီးလုပ်နေကြတာပါ"ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလောင်းကစားဝိုင်းကို ကန်ထရိုက်သဘောဖြင့် စစ်ကောင်စီ မှုခင်းထောက်လှမ်ရေး
“အဓိက ဦးဆောင်နေတာကစစ်ကောင်စီမှုခင်း ထောက်လှမ်းရေးဦးသက်ဆိုလားပဲခေါ်ကြတယ်။ ကန်ထရိုက်သဘော နဲ့ မင်းတို့ ၃ရက်ကို ဘယ်လောက်၊ ၅ ရက်ကိုဘယ်လောက်ဆိုပြီး စီစဉ်ပေးတယ်။ ၁၀သိန်း၊ ၁၅ သိန်းအထိပေး၇တယ်။ ဒီလိုပဲပေါင်းစားကြတာပေါ့။ ကြက်ဝိုင်း၊ ၆ကောင်ဂျင်ကို လာကစားတဲ့လူတွေလည်းတော်တော်များများတယ်။ သံတွဲဖက်က အထိ လာကြတာတွေရှိတယ်"ဟုပြောသည်။
လောင်းကစားဝိုင်းအတွင်းစစ်သား နှင့်ရဲသားများ အရပ်ဝတ်လဲကာ ပါဝင် ကစားမှုများလည်းရှိသည်ဟုဒေသခံများက ပြောသည်။
ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာရခိုင်ပြည်သူလူထုကို လမ်းမှားရောက်အောင် လမ်းဖောက် ပေးနေခြင်းဖြစ်ပြီး အမြန်ဆုံးတားဆီးရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယခုကဲ့သို့လောင်းကစားဝိုင်းကြီးများကျင်း
(ဓာတ်ပုံ- တောင်ကုတ်မြို့နယ် ကျေးရွာတစ်ခုတွင် စစ်ကောင်စီတာဝန်ရှိသူများက လောင်းကြေးယူပြီး ပြုလုပ်နေသည့်ကြက်ဝိုင်း)