Preview

လုပ်ကြံခံ၇သည့် ALP မှ စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးတို့၏ ဈာပနသို့ ANC နှင့် AASYC တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ဇန်နဝါရီ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :5993
ရခိုင် သတင်း

နိရဥ္စရာ၊ဇန်နဝါရီ ၈ /၂၀၂၃

 

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက လုပ်ကြံခံလိုက်ရသည့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)မှစစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးတို့၏ဈာပနသို့ ၇ခိုင်ပြည်အမျိုးသားကောင်စီ (ANC)နှင့် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) တို့က ယနေ့တွင်ဝမ်းနည်းကြောင်း သဝဏ်လွှာအသီးသီးပေးပို့ခဲ့ကြသည်။

 

လုပ်ကြံခံ၇၍ကျဆုံးသွားသူတို့၏ ကျန်ရစ်သူမိသားစုဝင်များ၊ ALP/ALA တပ်ဖွဲ့ဝင်များနှင့်အတူထပ်တူဝမ်းနည်း ကြေကွဲရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)ကယနေ့ ဇန်နဝါရီ ၈ ရက်တွင် ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

 

AASYC အနေဖြင့်ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုအပါအဝင် လူသားမျိုးနွယ်အပေါ် အကြမ်းဖက်မှုနှင့်မည်သည့် လူမဆန်စွာ ဥပဒေမဲ့ သတ်ဖြတ်မှုလုပ်ရပ်မျိုးကိုမဆိုပြင်းထန်စွာ ကန့်ကွတ်ရှုံ့ချသည်ဟုလည်း ဆိုထားသည်။

 

ယခုလုပ်ကြံခံ၇မှုတွင် ကျဆုံးသွားခဲ့သောဗိုလ်ချုပ် ခိုင်စိုးမြမှာ ရခိုင်အမျိုးသားတော်လှန်ရေးတွင် တာဝန်ထမ်းဆောင်လာသည်မှာ နှစ်ပေါင်း (၄၀) နီးပါးခန့်ရှိခဲ့ပြီးအနောက်ဖက်စစ်ဒေသတွင် ALP/ALA ပါတီ၏ စစ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူတဦးဖြစ်သလိုပါတီ၏ အရေးကြီးသည့် ခေါင်းဆောင်တဦးလည်း ဖြစ်ကြောင်း သိရှိထားသည်ဟုဆက်လက်ဖော်ပြထားသည်။

 

မပြီးပြတ်သေးသည့် တော်လှန်ရေးတာဝန်ကိုထမ်းဆောင်နေရင်း ဗိုလ်ချုပ် ခိုင်စိုးမြအပါအဝင် တပ်မှူးနှစ်ဦးတို့ကျဆုံးသွားသော်လည်း ALP/ALA အနေဖြင့် ကျန်ရှိနေသည့်တပ်ဖွဲ့ဝင်များနှင့်ရခိုင့်ကံကြမ္မာရခိုင်ဖန်တီးခွင့် မရရှိသေးသရွေ့ဆက်လက်တိုက်ပွဲဝင်ကြနိုင်လိမ့်မည်ဟု ယုံကြည်လျက် ဤဝမ်းနည်းကြောင်းသဝဏ်လွှာအား ပေးပို့အပ်ပါသည်ဟုလည်း AASYC ၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

 

အလားတူ၇ခိုင်ပြည်အမျိုးသားကောင်စီကလည် ယခုလုပ်ကြံမှုတွင် ကျဆုံးသွားသည့် ပုဂ္ဂိုလ်များအတွက်ALP/ALA မှတပ်ဖွဲ့ဝင်များနှင့်တကွကျန်ရစ်သူမိသားစုများနည်းတူ မိမိတို့ ၇ခိုင်ပြည်အမျိုးသားကောင်စီ/၇ခိုင်ပြည်တပ်မတော်(ANC/AA)ကလည်း ထပ်တူဝမ်းနည်းကြေကွဲ၇ပါသည်ဟု ဖော်ပြထားသည်။

 

ALP/ALA သည်မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်ဖြစ်စဉ်၌အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ပါဝင်နေ၇သော်လည်း ရခိုင်တော်လှန်ရေး၊နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၏ ဘုံရည်မှန်းချက်ဖြစ်သော အမျိုးသားတန်းတူရေးနှင့်ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးကို မစွန့်လွှတ်သေးသလိုကျဆုံးသွားသော ALP/ALA တပ်ဖွဲ့ဝင်များသည်လည်းယနေ့ခေတ် ယနေ့ကာလလိုဆိုရှယ်မီဒီယာဖြင့် ရခိုင်ပြည်သူတစ်ရပ်လုံး တော်လှန်ရေးကို စိတ်ကူးယဉ်ဝံ့သူပင်လက်ချိုးရေတွက်နိုင်သည့်ကာလကတည်းက အခက်အခဲအကျပ်အတည်းအမျိုးမျိုးကို ကြံ့ကြံ့ခံလျက်ရခိုင်အမျိုးသားတို့၏ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားအတွက်ရုန်းကန်တိုက်ပွဲဝင်လာသူများဖြစ်ကြောင်း အသိအမှတ်ပြုပါသည်ဟုလည်းဖော်ပြထားသည်။

 

ယခုကဲ့သို့ရခိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်အား နည်းမျိုးစုံဖြင့်ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်နေကြသူများအားလည်းအမျိုးသားတော်လှန်ရေးအင်အားစုအတွင်း မတူကွဲပြားမှုများကိုအပြုသဘောဖြင့် ညှိနှိုင်းအဖြေရှာလိုသည့် အမျိုးသားညီညွတ်ရေးဓာတ်ခံမရှိဘဲငါနှင့်အတူ ငါ့ရန်သူအယူအဆဖြင့် ၇ခိုင်လူ့အဖွဲ့အစည်းအတွင်းမင်းမဲ့စရိုက်နှင့်လက်နက်ကိုင်အကြမ်းဖက်ဝါဒကိုအသက်သွင်းနေကြသူများအဖြစ် ပြင်းထန်စွာရှုံ့ချသည်ဟုလည်း၇ခိုင်ပြည်အမျိုးသားကောင်စီ၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

 

လုပ်ကြံသတ်ဖြတ်ခြင်းခံ၇သူ ၃ ဦးမှာ ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ(၅၃)နှစ်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး(၃၄)နှစ်နှင့် ဗိုလ်ကြီး ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ(၃၁)နှစ်တို့ဖြစ်ကြသည်။

သူတို့ဦးသည် ဇန်နဝါရီလ၄ ရက်၊ နံနက် ရ နာရီကျော်တွင် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းတွင်ပြည်နယ်အစိုးရကဦးဆောင်ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့တက်ရောက်အပြီး အိမ်စီးကားတစ်စီးဖြင့် ပြန်လာစဉ် စက်ရုံစုရပ်ကွက်ရှိဆီတန်းအနီး၌ အမည်မသိလက်နက်ကိုင်အချို့ကသေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်။

 

သူတို့၏ရုပ်အလောင်းများကိုယနေ့တွင် စစ်တွေသုသာန်၌ မီးသင်္ဂြိုလ်သွားမည်ဟု သိ၇သည်။

ယခုကဲ့သို့လုပ်ကြံမှုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) လက်ချက်ဖြစ်သည်ဟု ALP က ဇန်နဝါရီလ ၅ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ALP ၏စွပ်စွဲထုတ်ပြန်မှုနှင့်ပတ်သက်ပြီးULA/AA ပြောခွင့်ရသူဦးခိုင်သုခက ယခုစွပ်စွဲချက်မှာ အခြေအမြစ်မရှိသည့်စွပ်စွဲချက်သာဖြစ်ပြီးပြဿနာရှုပ်ထွေးအောင် အခြားအင်အားစုတစ်ခုခုက ဖန်တီးချင်၍လုပ်ကြံခြင်းဖြစ်နိုင်သည်ဟု နိရဥ္စရာကို တုံ့ပြန်ပြောဆိုထားသည်။

#ALP
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.