နိရဥ္စရာ၊ ဇန်နဝါရီ ၉/ ၂၀၂၃
၇ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် စခန်းတစ်ခု၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အချင်းချင်းကစားနေသည့် ဖဲဝိုင်းတစ်ခုတွင်ရန်ဖြစ်ရာမှ တပ်ကြပ်တစ်ဦးက ဖဲဝိုင်းအတွင်းသို့လက်ပစ်ဗုံးကိုပစ်ထည့်လိုက်သဖြင့် နယ်ခြားစောင့် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားသည်ဟု သိ၇သည်။
သေဆုံးသွားသူ ၂ ဦးမှာ မောင်တောမြို့နယ်မြောက်ပိုင်းတွ
သူတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်ညက ဖဲဝိုင်းပြုလုပ်ကစားကြစဉ် အချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ နယ်ခြားစောင့် ဒုတပ်ကြပ်လင်းလင်းက သူ၏လက်ပစ်ဗုံးစနက်တံကိုဖြုတ်ပြီး ဖဲဝိုင်းအတွင်း ပစ်ထည့်လိုက်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြ
“ဖြစ်တာကတော့ ၆ ရက်နေ့ကနေ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီဘက်တွေကျတော့ ဖုန်းလိုင်းတွေလည်း မမိဘူး။ ဆက်သွယ်၇ခက်တယ်။ အဲဒါကြောင့် ဒီရက်ပိုင်းမှ ဒီသတင်းကို သိ၇တာ”ဟု ပြောသည်။
သေဆုံးသွားသူ ၂ ဦးအနက် ဒုတပ်ကြပ် သက်ပိုင်းထွန်းမှာ လည်ပင်း၊ ရင်ဘတ်နှင့် မျက်နှာတို့တွင် ဗုံးစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြ
ထိခိုက်ဒဏ်ရာရရှိသွားသူ ၅ ဦးအနက် ၄ ဦးမှာ စိုးရိမ်၇ပြီး ၃ ဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်ထား
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုစခန်းတွင် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိသည်ဟုလည်း သိ၇သည်။
ဒုံးညိုနယ်ခြားစောင့်စခန်းတွင် နယ်ခြားစောင့် အင်အား ၁၀၀ ကျော်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။ (NN-2)