Preview

ရခိုင်တွင် ကိုဗစ်ကြောင့်ပိတ်ထားသည့်ထောင်ဝင်စာတွေ့ခွင့်ကို ဖြေလျော့ပေးရန် အကျဉ်းသားများ၏မိသားစုဝင်များတောင်းဆို

ဇန်နဝါရီ ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :511
ရခိုင် သတင်း

နိရဉ္စရာ၊ဇန်နဝါရီ ၁၀/၂၀၂၂

 

ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးတွင်ကိုဗစ်ကို အကြောင်းပြကာ ပိတ်ထားသည့်ထောင်ဝင်စာတွေ့ခွင့်ကို ဖြေလျော့ပေးရန် အကျဉ်းသားများ၏မိသားစုဝင်များက တောင်းဆိုနေကြသည်။

 

ပြီးခဲ့သည့်ကိုဗစ်ရောဂါစတင်ဖြစ်ပွားခဲ့သောနှစ်များမှစ၍ကိုဗစ်ကပ်ရောဂါကြောင့် အကျဉ်းသားများနှင့် လူချင်းတွေ့ခွင့်ကိုကိုဗစ်စည်းကမ်းနှင့်အညီကန့်သတ်ထားခဲ့ခြင်းဖြစ်ကာ လက်ရှိ မြန်မာနိုင်ငံတွင်ကိုဗစ်ရောဂါကူးစက်မှုမရှိသလောက်နည်းပါးနေသည့်အချိန်တွင်လည်းရခိုင်ရှိ ထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ကို ဆက်လက်ကန့်သတ်ထားဆဲဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

 

လက်ရှိကိုဗစ်ရောဂါကူးစက်မှုမရှိသလောက်နည်းပါးနေသည့်အချိန်တွင်အကျဉ်းထောင်အတွင်းထောင်ဝင်စာတွေ့ခွင့်ကို ဖြေလျော့ပေးသင့်ကြောင်းနှင့် ထောင်ကျပြီးသည့်နောက်ပိုင်းမှစ၍အကျဉ်းကျခံနေ၇သည့် မိသားစုဝင်များ၏ ကျန်းမာရေး၊နေရေးထိုင်ရေးအခြေအနေများကို သိရှိလို၍ ထောင်ဝင်စာတွေ့ခွင့်ကို တောင်းဆိုလိုကြောင်းပလက်၀မြို့နယ်မှ အကျဉ်းကျခံနေ၇သည့် ကိုတင်ထွန်းအောင်၏ မိသားစုဝင်တစ်ဦးကပြောသည်။

 

"တွေ့ချင်ပါတယ်။ ကျနော်တို့ကတစ်နှစ်မကမမြင်၇တာလည်းကြာပြီ။ ကျနော်တို့ကအဝေးကလာတာ စစ်တွေကိုတခေါက်လာရတာအရမ်းခဲယဉ်းတယ်။ ကျနော်တို့လာတဲ့အချိန်မှာ သူနဲ့တွေ့ချင်ပါတယ်" ဟုပြောသည်။

 

ယခုကဲ့သို့ထောင်ဝင်စာတွေ့ခွင့်မ၇သဖြင့် အကျဉ်းကျနေသည့်မိသားစုဝင်များ၏ အခြေအနေကို သိရှိခွင့်မ၇သည့်အပြင် ထောင်ဝင်စာပို့သည့်အစားအသောက်များနှင့် အသုံးအဆောင် ပစ္စည်းများကိုလည်းအကျဉ်းထောင်အစောင့်များနှင့်အပ်နှံခဲ့၇သဖြင့်၎င်းအကျဉ်းသားများထံသို့ အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများသေချာရောက်မရောက်ကိုမသိ၇၍ စိတ်ပူမိကြောင်း မိသားစုဝင်များကပြောသည်။

 

ကိုဗစ်ကြောင့်အကျဉ်းထောင်ဝင်စာတွေ့ခွင့်ကို ပိတ်ပင်ထား၍ ထောင်ကျပြီးသည့်နောက်ပိုင်းမှစ၍အကျဉ်းကျနေသည့်သားဖြစ်သူနှင့်မတွေ့ရသဖြင့် ထောင်ဝင်စာတွေ့ခွင့်ကိုတောင်းဆိုချင်သော်လည်း၎င်းစစ်ကောင်စီတာဝန်ရှိသူများမှ လူသားချင်းကိုယ်ချင်းစာစိတ်ရှိသူများ မဟုတ်၍ တောင်းဆိုလျှင်လည်း ထူးခြားမည်ဟုမထင်ကြောင်း အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မဖြင့်ထောင်သုံးနှစ်ချမှတ်ခံထား၇သူတစ်ဦး၏ မိခင်တစ်ဦးက ပြောသည်။

 

"သူတို့လက်ခုပ်ထဲကရေဆိုတော့ တောင်းဆိုလို့ရော၇မလား။တောင်းဆိုလို့၊ သနားပြလို့၊ ဒူးထောက်ပြလို့လည်း ခွေးနားမှာစောင်းတီးသလောက်တောင်တန်ဖိုးမထားဘူး။ သူတို့ခေတ်ပဲကိုလေ။ အခုကသားနဲ့မတွေ့ရတော့သားကြိုက်တဲ့အစားအသောက်တွေလည်းမထည့်၇ဘူး။ ဘယ်လိုစားလို့ ဘယ်လိုနေ၇လဲမသိဘူး သားကိုအရင်လိုလည်းမပေးနိုင်တော့ဘူး။ ထောင်ကျပြီးလောက်ကနေ နေကောင်းလား၊ ကျန်းမာလားလည်းမသိ၇ဘူး"ဟု ပြောသည်။

 

ထို့အပြင်နှစ်ရှည်ထောင်ဒဏ်ကျနေသည့် ရခိုင်ပြည်နယ်အစိုး၇အဖွဲ့ဝင်ဝန်ကြိးချုပ်ဟောင်း ဦးညီပုနှင့်အစိုး၇အဖွဲ့ဝင် ဝန်ကြီးဟောင်းငါးဦးတို့မှာလည်း စတင်ဖမ်းဆီးခံ၇သည့်အချိန်မှစ၍စစ်တွေ အကျဉ်းထောင်အထူးတရားရုံးမှတရားရင်ဆိုင်ခဲ့ရသဖြင့် ထောင်ချခံရသည့်အချိန်အထိ မိသားစုဝင်များနှင့်လူချင်းတွေ့ဆုံခွင့်မရခဲ့ကြောင်း သိ၇သည်။

 

အဆိုပါပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုတွင်လည်း ဘက်ဖက်မျက်စိတိမ်စွဲနေသဖြင့် ခွဲစိတ်ကုသရန်အတွက်ခွင့်တောင်းဆိုထားသည်မှာ လေး၊ ငါးလခန့်ကြာမြင့်နေပြီဖြစ်သော်လည်းအခြေအနေတစ်စုံတစ်ရာမထူးခြားသေးကြောင်း သိ၇သည်။

 

လက်ရှိအချိန်တွင်ရခိုင်ပြည်တွင်သာမက မြန်မာတစ်နိုင်ငံလုံးမှာပါ ကိုဗစ်ရောဂါကူးစက်မှု မရှိသလောက်နည်းပါးနေပြီဖြစ်၍နိုင်ငံတဝန်းပွဲလန်းသဘင်များကျင်းပနေသည့်အချိန်တွင် အကျဉ်းသားများ၏ထောင်ဝင်စာတွေ့ခွင့်ကို ကိုဗစ်ကို အကြောင်းပြကန့်သတ်ပိတ်ပင်ထားခြင်းမှာ မသင့်တော်ကြောင်းလူမှုရေးလှုပ်ရှားသူများကဝေဖန်ပြောဆိုနေကြသည်။

 

ရခိုင်ပြည်အတွင်းရှိအကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၀၀ ကျော်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်ကစိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်းထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှမပါဝင်ကြောင်း သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.