Preview

ရခိုင်တွင် နွေစပါးစိုက်ပျိုးနိုင်ရန် မြစ်ရေသွယ်ရေသွင်းလုပ်ငန်း စတင်လုပ်ဆောင်

ဇန်နဝါရီ ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :5399
ရခိုင် သတင်း

နိရဥ္စရာ၊ ဇွန်နဝါရီ ၁၀ / ၂၀၂၃

၇ခိုင်ပြည်နယ်အတွင်း မြစ်ရေချိုရရှိသည့် ဒေသများတွင် နွေစပါးစိုက်ပျိုးနိုင်ရန်အတွက်မြစ်ရေသွယ်ရေသွင်း လုပ်ငန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်ဇန်နဝါရီလ ရရက်ကစတင်ပြီးကျောက်တော်မြို့နယ် သဝင်ကိုင်းကျေးရွာအုပ်စုတွင် နွေစပါးစိုက်ပျိုး၇န် အတွက် ကစ္ဆပနဒီ မြစ်ရေသွယ်ရေသွင်းလုပ်ငန်းကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲဦးစီးဌာန(ရေအရင်းအမြစ်)မှ စတင် ဆောင်ရွက်ပေးနေသည်ဟု သိ၇သည်။

စပါးစိုက်၇မယ့် ယ်ဧက ခန့်မှန်းခြေတော့ မသတ်မှတ်၇သေးဘူး။ လယ်သမားတွေတော့ စိုက်ပျိုးကြပါလိမ့်မယ်။ အဓိက နည်းပညာနဲ့အရင်းအနှီးချို့ကို တောင်သူတွေကို အစိုးရက ထောက်ပံ့ပေးဖို့လိုမယ်။ ဒီလို အကူအညီရရင် နွေစပါးကိုလယ်သမားတွေ စိုက်ပျိုးကြပါလိမ့်မယ်ုပြောသည်။
မြစ်ရေတင်၇သည်မှာ လျှပ်စစ်ဓာတ်အားဖြင့် ဖြစ်သဖြင့် ရေလိုအပ်နေချိန်တွင် ရေမပြတ်လပ်ရအောင်လျှပ်စစ်မီးကို ပုံမှန်ရရှိစေချင်သည်ဟုလည်း လယ်သမားတစ်ဦးပြောသည်။

 “ လျှ်စစ်မီးအခက်အခဲရှိလို့လျှပ်စစ်မီးကိုယုံကြည်စိတ်ချရမလားဆိုပြီးတော့မေးနေကြတယ်။အဓိကလျှပ်စစ်မီးနဲ့ ရေတင်တာဆိုတော့ လျှပ်စစ်မီးကို ၂၄နာရီလာစေချင်တဲ့သဘောပေါ့။ လျှပ်စစ်မီးသာပုံမှန်လာမယ်ဆိုင်ရင်တောင်သူတွေလည်းယုံကြည်မှု၇လာမယ် စိုက်ပျိုးသူလည်းများလာမယ်။

 နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် ရေပုံမှန်ရရှိရေးနှင့်  လယ်သမားများအနေဖြင့် သွင်းအားစုအတွက်အခက်အခဲ ရှိနေသဖြင့်  ရိတ်သိမ်းမှုများ၊ထွန်ယက်စရိတ်၊ဓါတ်မြေဩဇာ၊မျိုးစပါး၊ပိုးသတ်ဆေးစသည့် ယ်သမားများ ၏အခက်အခဲများကိုလည်းသက်ဆိုင်ရာဌာနများကပံ့ပိုးသွားရန် အစီအစဉ်များရှိသည်ဟုဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲဦးစီးဌာန (ရေအရင်းအမြစ်) မှကျောက်တော်မြို့နယ်တာဝန်ခံဦးရွှေကျော်လှက နိ၇ဉ္စရာသတင်းဌာနကိုပြောသည်။

တောင်သူတွေရဲ့လိုအပ်ချက်သွင်းအားစုဖြစ်တဲ့ စိုက်ပျိုးစရိတ်၊ရိတ်သိမ်းစရိတ်၊ ထွန်ယက်စရိတ် အဲ့ဒါတွေကို တစ်ပိုင်တစ်နိုင်ပေါ့နော် တောင်သူတွေကိုသက်ဆိုင်ရာဌာနတွေကလည်း ပံ့ပိုးပေး မယ် ဆိုရင် ကောင်းတာပေါ့။ ပံ့ပိုးပေးမယ်လို့လည်းသက်ဆိုင်ဌာနတွေကပြောထားပါတယ်။ ကျွန်တော်တို့လည်းသူတို့နဲ့ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ် ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် မြစ်ရေချို ရနိုင်သည့် ဒေသအများအပြားရှိသဖြင့် တစ်နှစ် နှစ်ရာသီမိုးစပါးနှင့် အတူ နွေစပါးစိုက်ပျိုးမှုကိုလည်း လုပ်ကိုင်ရန် လိုအပ်နေပြီး နည်းပညာနှင့်ငွေအရင်းအနှီးများဖြင့် ဖြည့်ဆည်း အားပေးရန် လိုအပ်နေသည်ဟုသိ၇သည်။

ပြီးခဲ့သည့်နှစ်ကလည်း တောင်သူလယ်သမားအစည်းအရုံးနဲ့ ကုမ္ပဏီ တို့ပူးပေါင်း၍ နွေစပါး ဧက ၅၀ကိုကျောက်တော်မြို့သဝင်ကိုင်းရေတင်နှင့်ဘုရားပေါင်းရေတင်တို့တွင် စိုက်ပျိုးခဲ့သည်ဟုလည်း သိ၇သည်။

လျှပ်စစ်မြစ်ရေတင်လုပ်ငန်းကိုကုလားတန်မြစ်တွင် သဝင်ကိုင်းနှင့် ဘုရားပေါင်း ရေတင်လုပ်ငန်း၊ ပန်းဖဲချောင်းတွင် ကန်ဇောက်မြစ်ရေတင်လုပ်ငန်း၊ယိုးချောင်းတွင် မြတ်လေးရေတင်၊လေးမြို့မြစ်တွင် ပုရိန်ရေတင်၊သရီချောင်းတွင်ထိပ်၀ပြင်ရေတင် နှင့်ရမ်းချောင်းတွင်ကျီရာပြင်ရေတင်လုပ်ငန်း တို့ဖြစ်ကြသည်။
ယခုနှစ်တွင် သဝင်ကိုင်းရေတင်ပြီး နွေစပါးစိုက်ရန် စီစဉ်နေသည်သာမကတစ်ခြား မြစ်ရေတင် လုပ်ငန်းရှိသည့် ဒေသများတွင်လည်း စိုက်ပျိုးရန်  အစပြုစီစဉ်နေကြပြီ ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲဦးစီးဌာန(ရေအရင်းအမြစ်)မှတစ်ဆင့် သိရှိ၇သည်။(NN-13)

#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.