နိရဉ္စရာ၊ ဇန်နဝါရီ ၁၀/၂၀၂၃
၇ခိုင်တွင် နိုင်ငံရေးအမှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထား၇သူများအနေဖြင့် စစ်ကောင်စီဘက်က တရားစွဲဆိုထားသည့် တရားလိုများ ရုံးချိန်းအကြိမ်ကြိမ်ပျက်ကွက်နေသဖြင့် အမှုရင်ဆိုင်ရာတွင် များစွာနစ်နာမှုများရှိနေသည်ဟု သတင်းရရှိသည်။
ယမန်နေ့ ဇန်နဝါရီ ၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က စစ်တွေမြို့နယ် တရားရုံးတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နှင့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ(၁၃၁) ဖြင့် တရားစွဲဆိုခံထား၇သည့် ကျောက်တော်မြို့နယ် ကာဒီကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း(၄၃) နှစ်နှင့် ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထား၇သူ အပေါက်၀ကျေးရွာမှ ကိုမောင်ချေ(၃၅)နှစ်တို့ကို ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဘက်က တရားလိုများ ရောက်မလာ၍ လာမည့် ဇန်နဝါရီ ၂၀ ရက်ကို ထပ်မံ ရုံးချိန်းရွေ့ဆိုင်းလိုက်သည်ဟု မိသားစုဝင်များကပြောသည်။
ဦးလှမောင်သန်း အိမ်ရှင်မဖြစ်သူ ဒေါ်လှအေးဆန်းက“ဒီလိုရက်ရွေ့ဆိုင်းတော့ နစ်နာတာပေါ့။ သွားရလာ၇တာတော့ မိသားစု ၂ ယောက်၊ သုံးယောက်ဆိုတော့ ကားခလည်း ခြောက်သောင်းလောက် ကုန်တယ်။ သူတို့စားဖို့သောက်ဖို့လည်း ပေးရကမ်း၇တာက တစ်ခေါက်မှာ တစ်သိန်း၊ နှစ်သိန်းလောက်ကုန်ပါတယ်။ ကျမတို့ အိမ်ရှင်က အေအေနန့်လည်း ဆက်စပ်မှုမရှိဘူး။ ဒီလိုမျိုး အချိန်ကြန့်ကြာအောင် မလုပ်စေချင်ဘူး။ သူတို့မှာ အမှုလိုရင် အချိန်ချိန်တိတိကျကျလာပေါ့။ အမှန်တရားဖြစ်အောင် လွတ်ပေးစေချင်ပါတယ်။ ကျမ ယောကျာ်းမရှိတော့ တစ်မိသားစုလုံး ဒုက္ခရောက်နေကြပါပြီ။ ကျမယောကျာ်းကို အားကိုးပြီးနေ၇တာမှာ အဖမ်းခံထား၇တော့ ကျမတို့ စားဝတ်နေရေး အရမ်းခက်ခဲနေပါတယ်”ဟုပြောသည်။
ယင်းအပြင် ယမန်နေ့ ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီခန့်က ကျောက်တော်မြို့နယ်တရားရုံးတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထား၇သည့် မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံ ဆရာ ဦးစောမိုးကျော် အပါအဝင် ၇ ဦးတို့ကို ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဘက်ကတရားလိုမရောက်၍ ရုံးချိန်းကို လာမည့် ဇန်နဝါရီ ၂၃ ရက်ကို ထပ်မံရွေ့ဆိုင်းခဲ့သည်ဟု ဖမ်းဆီးခံထား၇သူများ၏ မိသားစုဝင်များကပြောသည်။
ရုံးချိန်းရက်ရွေ့ဆိုင်းခံလိုက်၇သူများမှာ မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံဆရာ ဦးစောမိုးကျော်၊ ကျောက်တော်မြို့နယ် ၀ပြန်ကျေးရွာမှ မောင်သန်းဌေး၊ မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာမှ ဦးသန်းစိုး၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူသစ်မှ မောင်မျိုးကို၊ မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကိုကျော်မောင်လင်းတို့ဖြစ်သည်။
စစ်ကောင်စီဘက်ကတရားလိုများမှ ရုံးချိန်းရက်များကို မလာဘဲ ရက်ရွေ့ဆိုင်းနေသည်မှာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး ဥပဒေကို လိုသလို အသုံးချကာ လူထုကို နှိပ်စက်နေခြင်းသာဖြစ်သည်ဟု ၇ခိုင်လူ့အခွင့်အရေး လှုပ်ရှားနေသူတစ်ဦးက နိရဉ္စရာကိုပြောသည်။
“ရုံးချိန်းရက်ကို ရွေ့တာက ဥပဒေမဲ့တယ်လို့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ တရားလိုဖြစ်စေ၊ တရားခံဖြစ်စေ၊ ရုံးကို နှစ်ပတ်၊ သုံးပတ်အထိ မတက်ဘူးဆိုရင် နောက်ဆုံးမှာ တရားသူကြီးက ၀ရမ်းထုတ်ရတဲ့အဆင့်ရှိတယ်။ အခုက မြန်မာစစ်ကောင်စီက ဖမ်းတယ်၊ တရားစွဲတယ်၊ ၁၇(၁)၊ ၅၀၅(က) ဆိုပြီးစွဲတယ်။ စွဲပြီးတော့ သူတို့မှာ တရားလိုလည်း သူတို့၊ သက်သေလည်း သူတို့၊အဲဒီ တရားလိုတွေက တစ်ပတ်လည်း မရောက်၊ နောက်တစ်ပတ်လည်း မရောက်။ အဲဒီလိုလုပ်ခြင်းအားဖြင့် အမှုသည်တွေဟာ ပိုပြီး နစ်နာတယ်။ ဒီဟာဟာ တစ်ဖက်မှာကြည့်ရင်လည်း မတရားဖမ်းဆီးချုပ်နှောင်မှုလို့ပြောချင်တယ်။ လူတစ်ယောက်ကို ဖမ်းဆီးတယ်ဆိုကတည်းက သက်သေအထောက်အထား ခိုင်လုံပြီးမှ ဖမ်းဆီးတာမဟုတ်ဘဲနဲ့ လုပ်ကြံဖန်တီးပြီးတော့ ဖမ်းဆီးတာကများတယ်။ အဲဒါကြောင့် မတရားဖမ်းဆီးချုပ်နှောင်မှုလည်း မြောက်တယ်။ ဒီဟာဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့ ပြောချင်တယ်”ဟုပြောသည်။
ယမန်နေ့ ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်ကလည်း တောင်ကုတ်မြို့နယ်တရားရုံးတွင် တောင်ကုတ်မြို့နယ် မှိုဟင်းတောကျေးရွာမှ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံနေ၇သည့် ဦးသန်းထွန်း (၄၀)နှစ်အပါအဝင် ၄ ဦးကိုလည်း ရုံးထုတ်ခဲ့ရာတွင် စစ်ကောင်စီတရားလို အရာရှိရောက်မလာသည့်အတွက် ရုံးချိန်းကို လာမည့် ဇန်နဝါရီ ၂၃ ရက်ကို ထပ်မံရုံးချိန်းခဲ့သည်ဟု သူတို့၏ မိသားစုဝင်တစ်ဦးကပြောသည်။
ဦးသန်းထွန်းကို နိုဝင်ဘာ ၂၂ရက်က ရုံးချိန်းတစ်ကြိမ်စထုတ်ခဲ့ပြီး နောက်ရုံးချိန်း ၅ ကြိမ်တိုင်လာသည်အထိ တရားလိုဘက်မှ ရုံးချိန်း လာရောက်ခြင်း မရှိသဖြင့် အမှုအခြေအနေမှာလည်း တိုးတက်ပြောင်းလဲလာခြင်းမရှိဟု ဦးသန်းထွန်း၏ အိမ်ရှင်မဖြစ်သူက ပြောသည်။
“ဒီနေ့လည်း ၂၃ ရက်နေ့ကို ရုံးချိန်းလိုက်တယ်။ ဘာမှလည်း မစစ်ဘူး။ အခုအကြိမ်နဲ့ဆို ရုံးချိန်းရွေ့နေတာ ၅ ကြိမ်ရှိပြီ။ အခုလို မတရားဖမ်းဆီးခံထား၇တဲ့အတွက် အများကြီးနစ်နာပါတယ်။ အိမ်မှာလည်း အိမ်ထောင်ဦးစီးတစ်ယောက်မရှိတဲ့အတွက် ဝင်ငွေမရှိဘဲလည်ပတ်၇တဲ့အတွက် ကလေးတွေကို ကျောင်းထား၇တာလည်း အများကြီးဒုက္ခရောက်၇ပါတယ်။ ကျမယောကျာ်းကို အမြန်ဆုံးလွတ်ပေးစေချင်ပါတယ်။ အခုက ကလေး ၃ ယောက်လည်း ကျောင်းတောင် မတက်နိုင်ဖြစ်မယ့် အနေအထားကိုရောက်နေပါပြီ”ဟုပြောသည်။
ဦးသန်းထွန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်ကပင် တောင်ကုတ်အခြေစိုက် တပ်စခန်းတစ်ခုကို သူ့၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့၇ပြီး စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးစဉ်အတွင်းက သူ့၏ ဘယ်ဘက်နံရိုးကျိုးသွားခဲ့သည်။
၇ခိုင်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်ခဲ့သည့်ကာလအတွင်းတွင် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် အရပ်သားပြည်သူများ ရာနှင့်ချီ၍ကို မတရားဖမ်းဆီးထားပြီး ဖမ်းဆီးခံ၇သူများကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ ကြီးလေးသော စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ(၁၃၁) တို့ဖြင့် တရားစွဲဆိုမှုများရှိနေသည်။
၇ခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း မြန်မာစစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲက ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အများစုမှာ လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံထား၇ဆဲဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။(NN-3)