- Web Master
- ၀၁ ဒီဇင်ဘာ ၂၀၂၃
နိရဥ္စရာ၊ ဇန်နဝါရီ ၁၁/၂၀၂၃
ရက္ခိုင့်တပ်တော်
(AA)အတွက်
ရန်ပုံငွေ ကောက်ခံပေးသည်ဟုဆိုကာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်
တရားစွဲဆို ခံထားရသည့် ဒေသခံနှစ်ဦးမှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁)နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆) နှစ်တို့ဖြစ်သည်။
၎င်းတို့
နှစ်ဦးကိုဗိုလ်ကြီးရဲသက်ဇော်ဆို
လွန်ခဲ့သည့် ဇန်နဝါရီ (၉) ရက်ရုံးချိန်းတွင် တရားခံများကိုစစ်ဆေးကာ နှစ်ဘက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြောင်း ဦးသန်းလှိုင်၏ဇနီး ဒေါ်ချိုချိုသိန်းက ပြောသည်။
"စစ်တပ်ဘက်ကအားလုံးကို စစ်ပြီးပြီ။ ကျမအမျိုးသားပေါ့လေ။ တရားခံကို စစ်ဆေးတယ်။ ရှေ့နေကလည်း လျှောက်လဲချက်တွေတင်ပါတယ်"ဟု ပြောသည်။
လက်ရှိ တွင် အမှုရင်ဆိုင်နေရသည်မှာ ၇ လအချိန်ထိ ကြာမြင့်လာနေပြီးဖြစ်သည့်အတွက် အမြန်ဆုံး စစ်ဆေး ပေးစေချင်ကြောင်း ဒေါ်ခင်အုန်းနွဲ့၏ သမီးဖြစ်သူ မမြနှင်းနွဲ့အောင်က ပြောသည်။
"အမှုရင်ဆိုင်နေရတာကလည်း ကြာပြီ။ ဘာမှအပြစ်ရှိတာလည်းမဟုတ်တော့ အမြန်ပြန်လွတ်စေချင်တယ် ” ဟု မမြနှင်းနွဲ့အောင်ကပြောသည်။
၎င်းတို့နှစ်ဦးအမှုကို လာမည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်က ကျောက်ဖြူမြို့ ခလရ (၃၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရခိုင်စစ်ဘေးရှောင်များအတွက် ရပ်ကွက်အတွင်း အလှူငွေကောက်ခံရာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အေအေအတွက် ငွေကောက်ပေးသည်ဟုဆိုကာ ၅၀၅(က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။(NN-7)