- Web Master
- ၀၁ ဒီဇင်ဘာ ၂၀၂၃
နိရဥ္စရာ၊ ဇန်နဝါရီ ၁၂/၂၀၂၃
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ (Akyab)သည် ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် မြို့တည်နှစ် (၁၉၇) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
စစ်တွေမြို့ကို အင်္ဂလိပ်မြို့ဝန် ပတ္တင် (Paton)၊ ဒေသျှိတ် (Dickenson) တို့နှင့် ရခိုင်ခေါင်းဆောင် များဖြစ်ကြသော မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီနှင့် မြို့သူကြီးအောင်ကျော်ဇံတို့က
ရခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်၊ ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဇန်နဝါရီလ ၁၂ ရက်နေ့ တည်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်
စစ်တွေမြို့တည်နှစ်များတွင် သာကီမဏ္ဍိုင်ရခိုင့်ယဉ်ကျေးမှု
ယခုနှစ်တွင်
ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်
"ဒီနှစ်တော့ အစီအစဉ်မရှိလိုက်ပါဘူး။
နှစ် (၂၀၀) ပြည့်မှာတော့ စစ်တွေမြို့ရဲ့အခြေနေအရပ်ရပ်ကို
စာအုပ်ထုတ်ဖို့အစီစဉ်ရှိပါတယ်။ ဆရာဦးအောင်လှသိန်းက ဦးဆောင်ပြီး
လစဉ်လစဉ် စစ်တွေမြို့မှာ
ရှိတဲ့အခြေအနေအား
အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ၁၈၂၄-ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ယခင်မြို့တော်ဟောင်း မြောက်ဦးမြို့သည် အုပ်ချုပ်ရေးအတွက် အဆင်မပြေသဖြင့် တံငှာရွာအဆင့်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ပြီး စစ်တွေမြို့ကို တည်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တိုင်းတစ်ပါးသား အင်္ဂလိပ်တို့ အုပ်ချုပ်သည့် ခေတ်က စီးပွားရေးမြင့်မားခဲ့ပြီး ပညာရေးမှာ ထိပ်တန်းရောက်နေခဲ့သော ရခိုင်ပြည်နယ်မြို့တော် စစ်တွေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ဗဟိုအစိုးရ အုပ်ချုပ်သူများ၏ နိုင်ငံရေးအရ ခွဲခြားဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်နယ်၏ စီးပွားရေး ဆုတ်ယုတ်ကျဆင်းလာမှုနှင့် အတူ စစ်တွေမြို့၏ စီးပွားရေးသည်လည်း အဘက်ဘက်က ချွတ်ခြုံကျ လာခဲ့ရသည်ဟု သိရှိရသည်။
၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေးသည် အဘက်ဘက်က ပို၍ ချွတ်ခြုံကျခဲ့ရကာ အဆင်းရဲဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့သည်ဟု ဒေသခံအတွင်း ရှေးမီနောက်မီလူကြီးများက ပြောကြားသည်။
"စစ်တွေမြို့ကြီး အခုမြို့တည်နှစ် ၁၉၇ နှစ်ပြည့်မြောက်ခဲ့ပြီပေါ့နော်။ အဲ့အတွက်ဝမ်းသာပါတယ်။ ပြီးတော့ စစ်တွေမြို့ကြီးကို အခုထက် ခေတ်မီစည်ပင်သာယာတဲ့ မြို့တစ်မြို့အနေနဲ့ ဖြစ်လာစေချင်ပါတယ်။ အခုအခြေအနေက တစ်ခြားဒေသက မြိုကြီးတွေနဲ့စာရင် အဘက်ဘက်က ဆုတ်ယုတ်သွားတာကိုတွေ့ရတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ် "ဟု စစ်တွေမြို့၊ မိဇံရပ်ကွက်မှ မမီးချေက နိရဥ္စရာကို ပြောသည်။
ပိုက်ဆိပ် (မိဇံ) အဆင့်မှ စတင်တည်ထောင်ခဲ့သော စစ်တွေမြို့သည် ယခုအခါ မောလိပ်၊ ရူပ၊ ပါဒလိတ်ချိတ်၊ တရားသီးစု၊ ရွှေပြား၊ လမ်းမတော်၊ ရွာကြီး၊ နပူခံ၊ ဘောင်းဒွတ်သားစု စသည်ဖြင့် ပွားများလာကာ ၃၁ ရပ်ကွက်ထိ ရှိလာပြီဖြစ်သည်။
စစ်တွေမြို့သည် ရခိုင်တိုင်း၏ မြို့တော်၊ ထိုမှ ရခိုင်ပြည်နယ် မြို့တော်အဖြစ် ဆက်လက်တည်ရှိလာခဲ့ပြီး ရခိုင်တို့၏ ဂုဏ်ဆောင် ယဉ်ကျေးမှု ရိုးရာ ဓလေ့များကို မပျောက်ပျက်အောင် ဖေါ်ထုတ်ထိန်းသိမ်းနေသည့် မြို့တစ်မြို့ ဖြစ်သည်။
သို့သော်
လက်ရှိအချိန်တွင် စစ်တွေမြို့သည် ခိုးဆိုးလုယက်မှုများ ၊
မူးယစ်ဆေးများသုံးစွဲမှုများအပြ