Preview

ရခိုင်နှလုံးလှပ၇ဟိတသမား ၃ဦးအား ဂုဏ်ပြုပွဲစစ်တွေမြို့တွင်ကျင်းပ

ဇန်နဝါရီ ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :5161
ရခိုင် သတင်း

နိရဉ္စရာ၊ဇန်နဝါရီ ၁၃/ ၂၀၂၃

 

၇ခိုင်ပြည်နယ်တွင်မိမိအသိစိတ်ဖြင့်တစ်ကိုယ်တော် ပ၇ဟိတလုပ်ငန်းများ ဆောင်ရွက်နေကြသည့် နှလုံးလှပ၇ဟိတသမား၃ဦးအား ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုကို စစ်တွေမြို့တွင်ဇန်နဝါရီ ၁၂ ရက် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါဂုဏ်ပြုပွဲကို စစ်တွေမြို့ရှိ၊New World ခန်းမအတွင်း၌ ဇန်နဝါရီလ ၁၂ရက်၊  နေ့လယ် ၁နာရီမှ၂နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး နှလုံးလှပ၇ဟိတသမားများကို ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 

ဂုဏ်ပြုခံရသည့်ပ၇ဟိတသမား ၃ဦးအထဲမှ ပေါက်တောမြို့နယ်၊ဆံတော်ရှင်ကျွန်း၊ ကုလားသိမ်းကျေးရွာမှ သက်(ရရ)နှစ်အရွယ် ဦးမောင်သာနီသည် အများပြည်သူများ လွယ်ကူ ချောမွေ့စွာ သွားလာနိုင်ရန်ရည်ရွယ်ချက်ဖြင့် အနီးအနားရှိ ကျောက်တုံးများကို ထုခွဲပြီး ကိုယ်ထူကိုယ်ထ တစ်ကိုယ်တော်လမ်းဖောက်လုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ နှလုံးလှပ၇ဟိတသမားဆုကို ချီးမြှင့်ခံ၇ခြင်းဖြစ်သည်။

 

အလားတူ ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှ အသက်(၅၆)နှစ်အရွယ်ဦးခင်မောင်သည်လည်း မြောက်ဦးမြို့  လက်ဆည်ကန်နှင့်အနီးဝန်းကင်တွင် မိမိအသိစိတ်ဓာတ်ဖြင့် အမှိုက်ကောက်မှုကို နေ့စဉ်ဆောင်ရွက်နေသူဖြစ်သဖြင့် ဆုချီးမြှင့်ခံရခြင်းဖြစ်ကြောင်းသိ၇သည်။

 

တောင်ကုတ်မြို့၊မြို့မအားကစားကွင်းအနီး၊ အားကစားရုံနောက်လမ်း၊သိမ်တောင်ရပ်ကွက်မှ အသက်(၆၁)နှစ်အရွယ်ဦးစိုးမြင့်သည်လည်း ကိုင်းရှည်တံတားထက်တွင် ကိုယ့်အသိစိတ်ဓာတ်ဖြင့် အမှိုက်ကောက်ခြင်း၊သန့်ရှင်းရေးလုပ်ခြင်းတို့ကို ဆောင်ရွက်နေသူဖြစ်သဖြင့် နှလုံးလှပ၇ဟိတသမားဆုကို ချီးမြှင့်ရခြင်းဖြစ်ကြောင်း ဆုပေးပွဲစီစဉ်၇သူများက ပြောသည်။

 

"ဒီဂုဏ်ပြုပွဲအခမ်းအနားကို လုပ်တဲ့ ရည်ရွယ် ချက် ၃ခုထားရှိပါတယ်။(၁) လူမသိ သူမသိဘဲသူတို့စိတ်ထဲမှာ လုပ်သင့်လုပ်ထိုက်တယ်ထင်လို့ လုပ်နေကြတဲ့သူတို့ရဲဂုဏ်တွေကို ဖော်ကျူးချင်တာလည်းပါတယ်။ (၂) ပိုက်ဆံတစ်ပြားတစ်ချပ်မှမရှိရင်တောင်၊အသင်းအဖွဲ့အစည်းများနဲ့မဟုတ်ခဲ့ရင်တောင် ဒီလိုလူမှုရေး အလုပ်တွေကို လုပ်လို့၇တယ်ဆိုတာကို နောက်လူငယ်တွေပါသိစေချင်တဲ့ အမြင်တွေ ရှိစေချင်တာလည်း ပါတယ်။ (၃)နောက်နောင်မှာလည်း ဒီလိုလူမျိုးတွေရှိရင် ဂုဏ်ပြုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်၃ချက်နဲ့လုပ်တာပါ" ဟုဂုဏ်ပြုပွဲအားကျင်းပပေးသည့် စာရေးဆရာ ဆရာဝေဟင်အောင်က နိရဉ္စရာသတင်းဌာနကိုပြောသည်။

 

ဆုပေးပွဲသို့ နိုင်ငံရေး၊လူမှုရေး၊ စာပေနယ်မှ  ူပေါင်း၅၀ ကျော်ခန့် တက်ရောက်ချီးမြှင့်ခဲ့ကြသည်ဟု သိ၇သည်။

 

ဆုချီးမြှင့် ခံ၇သည့် မြောက်ဦးမြို့မှ နှလုံးလှပ၇ဟိတသမားဦးဦးခင်မောင်က "ကျွန်တော်က ကိုယ့်ဘာသာကိုယ် အမှိုက်ကောက်နေတာပေါ့နော်။အဲ့ဒီလိုအမှိုက်တွေကောက် သန့်ရှင်းရေးတွေ လုပ်နေတာကို အခုလို ဂုဏ်ပြုခံ၇မယ်လို့  တစ်ခါမှ စိတ်ကူးထဲမှာတောင်မရှိဘူး။လက်ဆည်ကန် အနီးဝန်းကျင်တွေမှာလူငယ်တွေက အပန်းဖြေထွက်လာကြတယ်။အရက်တွေသောက်လာကြတယ်။ ပြီးရင်ပြန်သွားကြတယ်။ ကန်အနီးဝန်းကျင်မှာ အမှိုက်တွေနဲ့ အရက်ပုလင်းကွဲတွေက သူတို့ ပြန်သွားရင်ကျန်ခဲ့တယ်။ ကျွန်တော်က အဲ့ဒါတွေကိုလိုက်သန့်ရှင်ပေးတယ်။ လက်ဆည်ကန် ဆိုတာကလည်း မြောက်ဦးတစ်မြို့လုံးကလူတွေသောက်သုံးနေကြတဲ့ကန်ပါ။ အဲ့ဒါကို သန့်ရှင်းစေချင်တဲ့ စိတ်နဲ့ ကိုယ့်ဘာသာကိုယ် အမှိုက်ကောက်သန့်ရှင်းရေးလုပ်နေတာကိုဆရာဝေဟင်အောင်ကနေပြီးတော့ အခုလိုအသိမှတ်ပြု ဂုဏ်ပြုပေးတော့အတိုင်းမသိဝမ်းသာတယ်။မပြောမပြတတ်အောင်ဝမ်းသာပါတယ်။ စေတနာရောင်ပြန်ဟပ်တယ်လို့ ပြောချင်ပါတယ်။  အလှူရှင်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်" ဟု ပြေသည်။

 

ယင်းအပြင် ပေါက်တောမြို့နယ်၊ဆံတော်ရှင်ကျွန်း၊ ကုလားသိမ်းကျေးရွာမှ ကိုယ်ထူးကိုယ်ထ လမ်းဖောက်လုပ်နေသည့်အသက်(ရရ)နှစ်အရွယ် ဦးမောင်သာနီကလည်း ကုလားသိမ်းကျေးရွာနှင့်စိုးမဲကျီကျေးရွာ ရွာချင်းဆက်လမ်းကို သွားလာရအဆင်ပြေစေရန် ကိုယ်ထူကိုယ်ထတစ်ကိုယ်

တော်လမ်းဖောက်လုပ်နေခြင်းသည် နောင်တချိန်တွင်စိုးမဲကျီရွာကို လွယ်ကူစွာသွားလာနိုင်မည့် ရည်ရွယ်ချက်ဖြင့်လမ်းဖောက်လုပ်နေခြင်းဖြစ်ကာ သူ့အားယခုလိုဂုဏ်ပြုပေးခြင်းကိုအတိုင်း

မသိဝမ်းသာလှသည်ဟုပြောသည်။

 

"ကိုယ်ထူကိုယ်ထလမ်းဖောက်လုပ်နေတာကတော့ကြာပြီ။လမ်းတစ်ဝက်ပြီးနေပြီဆိုတော့ ဘကြီးရဲ့ရည်မှန်းချက်တစ်ဝက်ပြီးပြီလို့ယူဆလို့၇တယ်။အခု အသက်ကလည်းကြီးလာပြီဆိုတော့ စိတ်ပါတိုင်း ကိုယ်မပါနိုင်ဘူးဖြစ်နေပြီ။အခုလိုဂုဏ်ပြုပွဲအခမ်းအနားတွေနဲ့ အသိအမှတ် ပြုဂုဏ်ပြုပေးကြတဲ့အတွက်တော့ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်တယ်" ဟု ပြောသည်။

 

အဆိုပါနှလုံးလှပ၇ဟိတသမား၃ဦးအား ဂုဏ်ပြုပွဲအခမ်းအနားတွင် ဆရာဝေဟင်အောင်ကပြည်တွင်းပြည်ပရှိအလှူရှင်အသီးသီးမှ လှူဒါန်းထားသော အလှူငွေများထဲမှမြောက်ဦးမြို့မှနှလုံးလှပရဟိတသမားဦးဦးခင်မောင်နှင့် တောင်ကုတ်မြို့မှနှလုံးလှပ၇ဟိတသမား ဦးစိုးမြင့်တို့ကို ၁ဦးလျှင် အလှူငွေ ကျပ် ၁၅သိန်းကျပ်စီ ကူညီထောက်ပံ့လှူဒါန်းခဲ့ပြီးပေါက်တောမြို့နယ်မှ ကိုယ်ထူကိုယ်ထလမ်းဖောက်လုပ်နေသည့် ဦးမောင်သာနီးအား ငွေကျပ်၁၅သိန်းအပြင် အခမ်းအနားကျင်းပပြီး နောက်ထပ်ပိုကျန်သည့်ငွေများကိုပါလှူဒါန်းထောက်ပံ့ခဲ့သည်။

 

ရခိုင်ရှိနှလုံးလှပ၇ဟိတသမားများအားဤကဲ့သို့ဂုဏ်ပြုပွဲ ပြုလုပ်ကျင်းပပေးခြင်းသည် ကောင်

မွန်သည့်လုပ်ရပ်တစ်ခုဖြစ်ပြီးနောင်တွင်လည်းဤကဲ့သို့ဂုဏ်ပြုပွဲများကျင်းပပြုလုပ်ပေးရန် လိုအပ်လှသည်ဟုပရဟိတများပြုလုပ်နေသည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ကိုလင်းလင်းကနိရဉ္စရာသတင်းဌာနကိုပြောသည်။

 

"၇ခိုင်မှာပေါ့နော် အခုလိုလူမသိသူမသိ ပရဟိတတွေလုပ်နေတဲ့ နှလုံးလှပရဟိတသမားတွေကို သီးသန့် ဂုဏ်ပြုပွဲတစ်ခုပြုလုပ်ပေးတာကောင်းတဲ့လုပ်ရပ်ပါ။ပ၇ဟိတသမား တစ်ယောက်အနေနဲ့ ဂုဏ်လည်းယူတယ်။ ဝမ်းလည်းသာတယ်။နောက်လည်း ဒီလိုပ၇ဟိတသမားတွေကို ဂုဏ်ပြုပွဲတွေ အများကြီဖြစ်ပေါ်လာပါစေလို့လည်း ဆုတောင်းပါတယ်"ဟု ပြောသည်။

 

ခရီးဝေးကွာ၍ စစ်တွေသို့ ကိုယ်တိုင်လာရောက် ဆုမယူနိုင်သည့် တောင်ကုတ်မြို့မှ နှလုံးလှပ၇ဟိတသမားဦးစိုးမြင့်ကိုလည်း  တောင်ကုတ်မြို့တွင  မန်နေ့က သီးသန့်ဂုဏ်ပြုပွဲတစ်ခု ကျင်းပပြုလုပ်ကာ ဆုချီးမြှင့်ပေးခဲ့သည်ဟုသိ၇သည်။

 

နောင်တွင်လည်းနှလုံးလှပ၇ဟိတသမားများအား အခမ်းအနားများဖြင့် ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ်ပေးသွားမည်ဟု ပွဲစီစဉ်သူများထံမှတစ်ဆင့်သိ၇သည်။(NN-12)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.