နိရဥ္စရာ၊ဇန်နဝါရီ ၁၃/၂၀၂၃
၇ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာနှင့် နှစ်မိုင်လောက်အကွာ စစ်တပ်တပ်စွဲထားသည့်တောင်ဖြူတောင်အနီးမှ ပေါက်ကွဲသံ(၂) ချက်ကို ယနေ့နံနက်ကအကျယ်ကြီး ကြားခဲ့၇ကြောင်းပန်းမြောင်း ဒေသခံများက ပြောသည်။
ပန်းမြောင်းဒေသခံတစ်ဦးက " ဒီကနေ့ ဇန်နဝါရီ၁၃ ရက် နံနက် (ရ) နာရီခန့်က ပေါက်ကွဲသံ(၂) ချက် အကျယ်ကြီးကြားခဲ့၇တယ်။ မိုင်းပေါက်တာဖြစ်မယ်။ ရွာအရှေ့မြောက်ထောင့်ရှိတောင်ဖြူတောင်က ပေါက်ပါတယ်။ မနက် ရ နာရီလောက်ကပါ။ တိရိစ္ဆာန်တွေနင်းမိတာလည်းဖြစ်နိုင်ပါတယ်။ လူထိနင်းမိတာလည်းဖြစ်နိုင်တယ်။ ဘာဖြစ်တယ်ဆိုတဲ့ သတင်းကတော့ အခုနေ့လယ်ပိုင်းအချိန်ထိတော့မကြား၇သေးဘူး"ဟု ပြောသည်။
လက်ရှိမိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် တောင်ဖြူတောင်တွင် ၂၀၁၈ ခုနှစ် တိုက်ပွဲများစတင်ဖြစ်ကတည်းက စစ်ကောင်စီတပ်ကတပ်စွဲနေခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည့် နေရာဖြစ်၍မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ မကြာခဏပ ပေါက်ကွဲမှုများရှိကြောင်းသိ၇သည်။
တောတောင်ကို အဓိကမှီခိုစားသောက်သည့်ဒေသဖြစ်၍ အနီးအနားမှ ကျေးရွာသားများအနေဖြင့် မိုင်းကိုကြောက်၍ ထင်းခွေ၊ သစ်ခုတ်၊ဟင်းရှာမသွားရဲသော်လည်း စားဝတ်နေရေးအတွက် အသက်အန္တရာယ်နှင့်ရင်းကာသွားလာနေ၇သည်ဟု ဒေသခံများက ပြောသည်။
"တောကိုတောင်ကိုလည်းလူတွေကသွားလာနေရတာ။ အခုလိုမိုင်းပေါက်ကွဲတာတွေကြားနေရတော့ စိုးရိမ်မှုက ရှိပါတယ်။ဒါပေမယ့် သွားနေ၇တာပါပဲ။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက်ပါ"ဟုကျောင်းတောင်ကျေးရွာသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ မေလကလည်း ပန်းမြောင်းကျေးရွာအနီး မိုင်းပေါက်ကွဲ၍ အသက်(၆၈)နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့၇သည်။ (NN-7)