Preview

Grand Royal အရက်ချက်စက်ရုံ မီးလောင်မှု Level 3 အဆင့်ထိ ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော် ဆေးရုံများသို့ ပို့ဆောင်ထားရဟုဆို

ဇန်နဝါရီ ၁၄/ ၂၀၂၃ | ကြည့်ရှုသူ :4352
ရခိုင် သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၁၄/ ၂၀၂၃

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊အမှတ် (၄) လမ်းမကြီးပေါ်ရှိ Grand Royal အရက်ချက်စက်ရုံသည်ယမန်နေ့ (ဇန်နဝါရီလ ၁၃ ရက်နေ့) ညနေ ၃ နာရီခွဲအချိန်က  စတင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ၇သူ အနည်းဆုံးလူပေါင်း ၃၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့၇ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ တစ်ဆင့်သိရှိ၇သည်။

မီးလောင်စဉ်အတွင်းအရက်ချက်စက်ရုံဗွိုင်လာအိုးများပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အများအပြားဖြစ်ပေါ်ခဲ့ကြောင်းရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရှိ၇သည်။

အတိအကျတော့ မသိရသေးဘူး။ အခုလောလောဆယ်တော့ အင်းစိန် (ဆေးရုံ)ကို၂၈ ယောက်နဲ့ ရန်ကုန် (ဆေးရုံ)ကို ၄ ယောက်တော့ ပို့ထား၇တယ်ဟု ရွှေမေတ္တာလူမှုကူညီရေး ပ၇ဟိတအသင်း အဖွဲ့ဝင်တစ်ဦးမှ ယမန်နေ့ ညကပြောကြားသည်။

မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းဝင်များပါထိခိုက်ဒဏ်ရာရရှိမှုများ ကြုံတွေ့ခဲ့ရပြီး အများစုသည် အရေပြားအပူလောင်သည့် ဒဏ်ရာအများဆုံးဖြစ်ကြောင်းကိုလည်းပရဟိတ အသင်းဝင်များထံ မှ သိရှိ၇သည်။

မီးလောင်မှု စတင်ဖြစ်ပွားချိန် Level2 အဆင့်သာရှိခဲ့ပြီး  ၁၀ မိနစ်အကြာတွင် Level 3 အဆင့်သို့ရောက်ရှိခဲ့ပြီး ည ၈ နာရီ  ၃၇ မိနစ်မှ  မီးထိန်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကြေညာသည်။

သို့သော်လည်း နာရီကျော်သည် အထိမီးကြွင်းမီးကျန်များကိုဆက်လက်ငြှိမ်းသတ်ခဲ့၇သည်ဟု ဆိုသည်။

မီးလောင်မှုကြောင့်စက်ရုံရှိ အရက်ဆီ ဂါလန် ငါးသောင်းဆံ့ ကန် ၃ လုံး၊ အရက်ဆီလီတာ နှစ်သောင်းဆံ့ ကန် ၆လုံးနှင့် ဂိုဒေါင် ၃ လုံးတို့ လောင်ကျွမ်းခဲ့ပြီးညနေ နာရီအချိန်တွင်  စက်ရုံအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာ၇ခဲ့ပြီး အင်းစိန်ဆေးရုံကို ပို့ဆောင်ထား၇ကြောင်း ဖော်ပြထားသည်။

မီးလောင်ကျွမ်းမှုကိုLevel ၃အဆင့် သတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး ရန်ကုန်တိုင်းရှိ  မီးသတ်စခန်းများမှ မီးသတ်ယာဥ် အစီး ၆၀၊မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ကျော်ဖြင့်  ငြှိမ်းသတ်ခဲ့၇သည်ဟု သိရှိ၇သည်။

ဓာတ်ပုံ - MFSD၊ ရွှေမေတ္တာလူမှုကူညီရေးပ၇ဟိတ အသင်း

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.