တနင်္လာ၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၄

ရခိုင်အခြေအနေ ထိလွယ်ရှလွယ်ဖြစ်နေဆဲ၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ တဖြည်းဖြည်း ပြန်လည်စတင်နေပြီဟု OCHA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.2k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၄/၂၀၂၃ 

 

ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းမှာ ရက္ခိုင့်တပ်တော်နှင့် မြန်မာတပ်မတော်တို့အကြား အလွတ်သဘော အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်တည်တံ့နေသော်လည်း အခြေအနေမှာ ထိလွယ်ရှလွယ် ဖြစ်နေဆဲဖြစ်ကြောင်း၊ တချို့ လမ်းကြောင်းများကို ပိတ်ထားဆဲဖြစ်သော်လည်း  ူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို  တဖြည်းဖြည်း ပြန်လည်စတင်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA Myanmar) က ယခုလ ၁၁ ရက်က ထုတ်ပြန်သည်။

ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ဆက်ကားလမ်းမှာ ပိတ်ထားခံရဆဲဖြစ်သလို၊ နှစ်ဖက် စစ်ဆေးရေးဂိတ်များ ဆက်လက်တည်ရှိနေသော်လည်း အရေးပါသည့် လမ်းမကြီးများှင့် မြစ်ကြောင်းများတလျှောက် ကုန်စည်ပို့ဆောင်ရေးနှင့် အရပ်ဘက် အသွားအလာများ ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်တွင် သွားလာကူညီခွင့်များကို လအတန်ကြာပိတ်ထားရာကနေ ပြန်လည်ဖွင့်ပေးလာသည့်အတွက် ထိခိုက်ခံစားရသူများနှင့် ရွှေ့ပြောင်းနေထိုင်ကြရသူများအတွက် စားနပ်ရိက္ခာ၊ အာဟာရ၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ရေ နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအပါအဝင် အခြား လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ရခိုင်ပြည်နယ်မှာ တဖြည်းဖြည်း ပြန်လည်စတင်နေပြီဟု ဆိုသည်။

သို့သော် လက်ရှိတွင် ကန့်သတ်မြို့နယ် ၈ မြို့နယ်၏ မြို့ပေါ်ဧရိယာများကိုသာ နိုင်ငံတကာ အန်ဂျီအိုများမှ သွားလာခွင့်ရရှိထားပြီး နယ်များသို့ သွားလာခွင့်ကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

မကြာသေးမီက တကျော့ပြန်တိုက်ပွဲများကြောင့် ရခိုင်နှင့်ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်များမှ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၆,၀၀၀ ကျော်ရှိကာ ယခင်နှင့် လက်ရှိ ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြရသူပေါင်း ၈၉,၀၀၀ ကျော်အထိ ရှိလာပြီဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ယခုကဲ့သို့  OCHA က ထုတ်ပြန်သော်လည်း ခိုင်မှ စစ်ရှောင်စခန်းအများစုမှာ နီပွန်ဖောင်ဒေးရှင်းမှ ဆန်လှူဒါန်းမှုအပြင် ယခင်ကကဲ့သို့ NGO/INGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။ 

"စားနပ်ရိက္ခာအဆင်မပြေပါဘူး။ တစ်ယောက်မှလှူမယ့်သူလည်းမရောက်ဘူး။ အရီးတို့စခန်းမှာက WFP ကလည်းမရောက် ၊ နောက်ပြီး တခြားအဖွဲ့တွေကလည်း ဆန်ရိက္ခာတွေလည်း မရဘူး။ သူတို့(စစ်ဘေးရှောင်တွေ)ဟာသူတို့ ရှာစားကြတယ်။ အရီးအနေနဲ့လည်း တက်နိုင်သလောက် အကူအညီတောင်းနေကြရတယ်"ဟု စစ်တွေမြို့၊ တေဇရာမကျောင်းစစ်ရှောင်စခန်းတာဝန်ခံ ဒေါ်မဖြူက ပြောသည်။

လက်ရှိမှာ စစ်ဘေးရှောင်စခန်းအများစု ဆန်ရိက္ခာအဆင်ပြေသော်လည်း ဆောင်းရာသီကာလ စောင် နှင့် အနွေးထည်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများအပြင် အလုပ်အကိုင်ရှားပါးပြီး အပိုဝင်ငွေမရှိ၍  နေထိုင်စားသောက်ရေးအတွက်ပါ  အခက်အခဲများရှိနေဆဲဟု စစ်ဘေးရှောင်များက ပြောသည်။ 

၂၀၂၂ခုနှစ် နှစ်ကုန်အထိ လူဦးရေ ၁ ဒသမ ၅ သန်းကျော်သည် မြန်မာနိုင်ငံတဝှမ်းမှာ နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပြီး၊ ခက်ခဲသည့်အခြေအနေများနှင့် နေထိုင်နေကြရသည့်အတွက် လူမှုကယ်ဆယ်ရေးအကူအညီများ အပူတပြင်းလိုအပ်နေကြောင်း OCHA က ပြောဆိုထားသည်။ (NN-7)

ဆက်စပ် သတင်းများ