စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်မှ တရွန်အိုင်စစ်တပ်စခန်းတည်ဆောက်ရာတွင် ဘိလပ်မြေ၊ သဲ၊ကျောက်နှင့် သစ်များအပါအဝင်ငွေကြေးများကောက်ခံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၅/ ၂၀၂၃

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ တရွန်အိုင်အနီးရှိ စစ်ကောင်စီတပ် စစ်စခန်းကို  အမာခံတည်ဆောက်ရာတွင် လိုအပ်နေသည့် ငွေအပါအဝင် ဘိလပ်မြေ၊ သဲ၊ကျောက်နှင့် သစ်များကို ပြည်သူများထံမှ အတင်းအဓမ္မ ကောက်ခံနေသည်ဟု သတင်းရရှိသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ကုလားတန် မြစ်ကြောင်း အတိုင်း သွားလာနေသည့် ခရီးသည်တင်စက်လှေများအပါအဝင် ကုန်တင်စက်လှေများထံမှ ရွန်အိုင်ကျေးရွာအနီးရှိ ရေကြောင်းစစ်ဆေးရေးဂိတ်က အနိုင်ကျင့်ကောက်ခံနေသည်ဟု ဒေသခံ တစ်ဦးကပြောသည်။

  ကျွန်တော်တို့ ဒီလိုမျိုး ကိစ္စတွေကို သတင်းမီဒီယာတွေကို မပြောချင်ဘူး။ ဒါပေမယ့် ဘယ်လို မတတ်နိုင်တော့တဲ့အတွက် ပြောရတာဖြစ်ပါတယ်။ အထက်လူကြီးတွေသိစေချင်လို့။ ဘိလပ်မြေ တင်လာတဲ့ သူတွေဆီက အနည်းအများအလိုက်အပေါ်မူတည်ပြီး စစ်တပ်က တောင်းတာပါပဲ မပေးမရပါ။ ဘိလပ်မြေအိတ်ငါးဆယ်ဆိုရင် ငါးအိတ်ပေးရပါတယ်။ အိတ်သုံးဆယ်ါရင် သုံးအိတ်ပေး၊ အိတ်တစ်ဆယ် ပါရင် တစ်အိတ်ပေးဆိုသလိုမျိုး အဲသလို အချိုးကျအလိုက် တောင်းပါတယ်"ဟု ပြောသည်။ 

၎င်းပြင် ဒေသခံများထံမှ ဘိလပ်မြေများကို အတင်းတောင်းယူသည်သာမက  အုတ်၊ သဲ၊ ကျောက်များကိုလည်း ဒေသအတွင်းက စက်လှေများအနေဖြင့် အခမဲ့သယ်ယူပေးနေကြရသည်ဟု ဆိုသည်။

 "အခုဒီရက်ပိုင်းအတွင်းမှာ ဖြစ်နေတာပါ။ တရွန်အိုင်က စက်လှေသမားတွေ ကျောက်တော်ကို ဝန်ပစ္စည်းတွေ ဝယ်ဖို့ဆင်းတယ်ဆိုရင် ပထမက သူတို့ရိက္ခာကို သယ်ပေးရတယ်။ အခုက ဘိလပ်မြေပါ တောင်းလာပါတယ်။ မပေးရင် မရပ်။ ဒါ့ပြင် မနက်ကတော့ စေတီကိုင်းက စက်လှေသမားတွေကို သဲတွေကို သယ်ခိုင်းတယ်။ အခကြေးငွေမပေးဘူး အတင်းခိုင်းနေတာ။ ကျောက်တော်ကို တစ်ခေါက်သွားခွင့်ရဖို့ သူတို့ဆီက ဒီလို အခိုင်းခံနေကြရတာပါ"ဟု ပြောသည်။

စစ်ကောင်စီတပ်သည် တရွန်အိုင်ကျေးရွာအနီးတောင်ထက်မှစခန်းတွင် အဆောက်အဦများကို အုတ်၊ သဲကျောက်၊ ဘိလပ်မြေတို့ကိုအသုံးပြုပြီး ခံကတုတ်ဘန်ကာများနှင့် အဆောင်များကို ကွန်ကရစ် အဆောက်အအုံများအဖြစ် အခိုင်အမာတည်ဆောက်နေသည်ဟု သိရသည်။

ထိုသို့ တည်ဆောက်ရာတွင်  လိုအပ်သည့် ပစ္စည်းများကို ေသခံများဆီက နည်းအမျိုးမျိုးဖြင့် တောင်းယူနေသည်ဟု ဒေသခံများက ပြောဆိသည်။ 

အဆိုပါ စစ်ဆေးရေးဂိတ်မှ စစ်သားများသည်  ကျောက်တော်သို့ ကုန်ပစ္စည်းများသယ်ယူရန် ခရီးစဉ် စ်ခေါက်အတွက် သစ် (၂)တန်နှင့် ညီမျှသည့် ငွေကျပ် (၁၀) သိန်းစီကို တောင်းခံထားသည်ဟုလည်း နောက်ထပ် ကုန်သည်တစ်ဦးက ပြောဆိုသည်။

"တရွန်အိုင်က ကုန်သည်တွေအပါအဝင် စက်လှေတွေကို ကျောက်တော်ကိုသွားပြီး ကုန်တွေ တင်ချင်ရင် သစ် (၂)တန်ဖိုးနဲ့ ညီမျှတဲ့ ငွေ ၁၀ သိန်းပေးရမယ်ပြောတယ်။ ပြောရရင် သူတို့အတွက် ပိုက်ဆံတောင်းတာပဲ။ ကုန်သည်တွေအနေနဲ့လည်း တောင်းတဲ့ငွေကများတော့ ပေးရင်ကောင်းမလား။ မပေးရင် ကောင်းမလား။ စဉ်းစားနေကြတယ်ဟု ပြောဆိုသည်။  

စစ်တပ်က တောင်းခံသည့် ိလပ်မြေများကို ကုန်သည်များအနေဖြင့် အရှုံးခံပြီး ပေးထားရပြီဖြစ်သော်လည်း နောက်တစ်ခေါက် ကျောက်တော်သွားခွင့်ရရန် ငွေ (၁၀)သိန်း တောင်းခံမှုအပေါ်  မပေးလိုသူများနေကြသည်ဟု ဆိုသည်။

 အေအေနှင့် စစ်ကောင်စီတပ်တို့ ကျော့ပြန်တိုက်ပွဲအတွင်း ပိတ်ထားခဲ့သည့် ပလက်ဝ-ကျောက်တော် ရေကြောင်းလိုင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့က ပြန်ဖွင့်ပေးခဲ့သော်လည်း စစ်တပ်က ယခုလို နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေ၍ ပြည်သူများမှာ အထူးဒုက္ခရောက်နေကြရသည်ဟု ၎င်းတို့က ပြောဆိုသည်။

 ပလက်ဝမြို့နယ်မှ ဒေသခံများသည် ကုလားမြစ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်နေကြရသလို ကုန်ပစ္စည်းများကိုလည်း  ကျောက်တော်မြို့မှ ဝယ်ယူတင်သွင်းနေကြရသည်ဟု သိရသည်။ တရွန်အိုင်ကျေးရွာအနီးရှိ တောင်ပေါ်တွင  စစ်တပ်အင်အား(၂၀၀) ခန့်ဖြင့ တပ်စွဲထားပြီး မြစ်ကမ်အနီး စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား (၇) ဦးခန့်က နေ့စဉ်သွားလာနေသည့် စက်လှေများထံမှ မတရားသဖြင့် ကောက်ခံနေသည်ဟု သိရသည်။(NN-7)

(ဓာတ်ပုံ- ဗွီအိုအေ)

ဆက်စပ် သတင်းများ