- Web Master
- ၃၀ နိုဝင်ဘာ ၂၀၂၃
နိရဥ္စရာ၊ ဇန်နဝါရီ ၁၆ /၂ဝ၂၃
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင်
ပြီးခဲ့သည့် (၃)လကျော်က ဖမ်းဆီးခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို
ရက္ခိုင့်တပ်တော်(AA)က ယနေ့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြေ
လွတ်မြောက်လာသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေခဲ့သည့် အသက် ၄ဝ အရွယ်များဖြစ်ကြသည့် ဒုရဲအုပ် လှသိန်းနှင့် တပ်ကြပ် ဇော်လင်းဦးတို့ဖြစ်ကြသည်။
သူတို့ကို ယမန်နေ့ ဇန်နဝါရီလ ၁၅
ရက်၊ နံနက် ၉ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီး၌
လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့မရဲစခန်းနှင့်
“လွှတ်ပေးတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ အိမ်ကိုတော့ မရောက်ကြသေးဘူး။ စစ်တွေမှာ တရားဝင် လွှဲပြောင်းပေးအပ်ဖို့ ခေါ်သွားတယ် အဲလိုလည်း ကြားတယ်။ သူတို့ လွတ်လာတော့ ဟုတ်တယ်”ဟု ပြောသည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ပုဏ္ဏားကျွန်းမြို့ရှိ ဂူဝဘုရားဘက်သို့ ဆိုင်ကယ်တစ်ယောက် တစ်စီးဖြင့်သွားစဉ် AA က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ယနေ့ AA က လွှတ်ပေးရာတွင် အဆိုပါရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့်အတူ အခြား ဖမ်းဆီးထားသူအချို့လည်း ပါဝင်သည်ဟု ကြားသိရသော်လည်း ၎င်းတို့မှာ မည်သူမည်ဝါဖြစ်သည်ကို နိရဉ္စရာသတင်းဌာနအနေဖြင့် အတည်မပြုနိုင်သေးပါ။
ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ် မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားမှုမရှိသေးပါ။
ပုဏ္ဏားကျွန်းမြို့တွင် ပြီးခဲ့သည့် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅ဝ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို AA က ဖမ်းဆီးသွားပြီးနောက် စစ်တပ်က မြို့ခံအမျိုးသားအများအပြားကို ဖမ်းဆီးခဲ့သည်။
ယင်းနောက် အချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို လက်ရှိအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။