သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့ရှိ ရှေ့ဟောင်းသမိုင်းဝင်ဘုရားများ၌ မောရမြေသန့်ရှင်းရေးအသင်းမှ အမှိုက်ကောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၇/၂၀၂၃

 

မြောက်ဦးမြို့ရှိ ရှေ့ဟောင်းသမိုင်းဝင်အမွေအနှစ်ဘုရားများ၌ ောရမြေသန့်ရှင်းရေးအသင်း ကျောက်တော်မှ အသင်းသူ၊အသင်းသားများက အမှိုက်ကောက်ပြီးသန့်ရှင်းရေးြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

 

အဆိုပါ အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်မှုကို ဇန်နဝါရီလ ၁၅ရက်နေ့၊ နံနက် ၈နာရီမှ နေ့လယ် ၁၂နာရီအချိန်ထိ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်၊ လေးမျက်နှာဘုရား၊ နန်းတော်ရာကုန်း အထက်နှင့်အောက်၊ ရတနမာန်အောင်တို့တွင်ပြုလုပ်ခဲ့ကြသည်။


မောရမြေသန်းရှင်းရေးအသင်းမှ အထွေထွေအတွင်းရေးမှူး  ဦးတင်အောင်ဟိန်းက "ကျွန်တော်တို့ အသင်းကတော့ ကျောက်တော်တောင်မှာအပတ်စဥ်တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်တယ်။ အသင်းတစ်နှစ်ပြည့်တော့မယ့် အထိမ်းအမှတ်နဲ့ ဒီအပတ်မှာတော့ မြောက်ဦးမှာ သွားကောက်ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့  မြောက်ဦးက ရခိုင်ဘုရင်တွေ နန်းစိုက်ခဲ့တဲ့နေရာ။ ရခိုင်တွေရဲ့ အထင်ကရနေရာတစ်ခု။ ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လည်ပတ်တဲ့ နေရာလည်း တစ်ခုဖြစ်တယ်။ အဲ့ဒီနေရာတွေမှာ အမှိုက်တွေမရှိသင့်ဘူးဆိုတဲ့ ဆန္ဒနဲ့အသင်းသူ၊ အသင်းသားတွေနဲ့အမှိုက်ကောက်ဖြစ်ခဲ့တာပါ" ဟု ပြောသည်။

 

လက်ရှိတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်အခတ်ရပ်စဲထား၍ နိုင်ငံရေးအ

ခြေအနေများ ငြိမ်သက်လျှက်ရှိရာ မြောက်ဦးမြို့သို့ဘုရားဖူး၊ အပန်းဖြေလာရောက်လည်ပတ်သူ ခရီးသွားများနှင့် စည်စည်ကားကားရှိနေသည်ဟုသိရသည်။

 

ထိုသို့ခရီးသွား၊ အပန်းဖြေလာရောက်လည်ပတ်သူများက အမှိုက်များကို ပစ်စလက်ခတ် ပစ်ထားခဲ့မှုတို့ကြောင့် အမြင်မသင့်တော်၍ အဆိုပါအမှိုက်များကို မောရမြေသန့်ရှင်းရေး အသင်းမှကောက်ယူသန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

 

"အခုအချိန်ကခရီးသွားရသီဖြစ်လို့ ခရီးသွားတွေရောက်တယ်။ အဓိကတော့ ပလက်စတတစ်အိတ် ကဏ္ဍက တော်တော်ဆိုးပါတယ်။ ထိန်းသိမ်းရတာလည်းခက်တယ်။ တော်ရုံတန်ရုံနဲ့လည်း မြေထဲမှာဆွေးမြေ့မသွားဘူး။ ဘုရားဖူးလာတဲ့ဧည့်ပရိတ်သတ်တွေအနေနဲ့လည်း အမှိုက်တွေ၊ ပလက်စတစ်အိတ်တွေကို ကြုံသလိုပစ်ခဲ့တာမဟုတ်ပဲ။ သတ်မှတ်ထားတဲ့ အမှိုက်ဘူးတွေမှာပဲ စနစ်တကျစွန့်ပစ်စေချင်တယ်" ဟု မောရမြေသန့်ရှင်းရေးအသင်းမှ အသင်းသားတစ်ဦးက ပြောသည်။

 

အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ရာ၌ မောရမြေသန့်ရှင်းရေးအသင်းမှ အသင်သူ၊ အသင်

သား  ၅၀ ကျော်ပါဝင်ပြီး မြောက်ဦး၊ရှေ့ဟောင်းသုတေသနဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်မှလည်း မုဒိတာစကားများလာရောက်ပြောကြားခဲ့သည်ဟု သိရသည်။

 

မောရမြေသန့်ရှင်းရေးအသင်းကို  ၂၀၂၂ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့ကာ ကျောက်တော်တောင်အဓိက စိမ်းလန်းစိုပြည်သန့်ရှင်းသာယာရေးရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု အသင်း၏အထွေထွေအတွင်းရေးမှူးမှတစ်ဆင့်သိရသည်။(NN-12)

 

(ဓာတ်ပုံ - မောရမြေသန့်ရှင်းရေးအသင်းမှ ပေးပို့)

ဆက်စပ် သတင်းများ