သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပုဒ်မ ၅၂(က) ဖြင့် မတရားထောင် ၃နှစ်ချခံခဲ့ရသည့် ပုဏ္ဏားကျွန်း အိုင်ဒင်ရွာသား ၂ ဦးအနက် ၁ ဦး လွတ်ရက်စေ့၍ လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 768

နိရဉ္စရာ၊ ဇန်နဝါရီ ၁၇/၂၀၂၂

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး မတရားသဖြင့်  ထောင် ၃ နှစ်ချမှတ်ခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာသား ၂ ဦးအနက် ကိုနေလင်းဌေးသည် ွတ်ရက်စေ့၍ လွတ်မြောက်လာပြီဖြစ်သည်ဟု သတင်းရရှိသည်။

အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့သည် တူဝရီးနှစ်ဦးဖြစ်ကြပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တွေမြို့ ကျောက်တန်းစစ်ဆေးရေးဂိတ်၌ AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နောက်တစ်နေ့ဖြစ်သည့် မတ်လ ၇ ရက်တွင် အမှတ် (၉၀၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ သူတို့နှစ်ဦးကို  အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ 

သူတို့နှစ်ဦးကိ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပြီး ချုပ်ရက်မှာ ၃  နှစ်ပြည့်သွားပြီဖြစ်သဖြင့် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ိရသည်။

"တစ်ယောက်ကတော့ လွတ်လာနေပါပြီ ကိုနေလင်းဌေးသုံးနှစ်စေ့လို့လွတ်လာတာပါ။ သူကတော့ အိမ်ကိုပြန်ရောက်နေပါပြီ။ ကျန်းမာရေးကောင်းပါတယ် အေးဆေးပါပဲ။ နောက်တစ်ယောက်ကတော့ ၂၃ ရက်နေ့လွတ်မယ်လို့ပြောပါတယ်" ဟုပြောသည်။

စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေဆဖြစ်သည့် ဦးမောင်စောအေးမှာမူ ကိုနေလင်းဌေးနှင့် တစ်ရက်တည်းအဖမ်းဆီးခံရပြီး တစ်ရက်တည်းအတူအမိန့်ချခံရသော်လည်း ၎င်းသည် အကျဉ်းကျခံနေစဉ်အတွင်း နံရံကိုခေါင်းနဲ့ထုကာသေကြောင်းကြံစည်ခဲ့သည့်အတွက် မိမိကိုယ်ကိုသေကြောင်းကြံစည်မှုဖြင့် ရက်ထပ်တိုးအကျဉ်းကျခံနေရခြင်းဖြစ်ကြောင်း ၎င်းတို့၏မိသားဝင်များကပြောသည်။

(NN-8)

ဓာတ်ပုံ- ၂၀၂၂ခုနှစ် ပြည်ထောင်စုနေ့က စစ်ကောင်စီလွတ်ငြိမ်းဖြင့်လွတ်မြောက်လာကြသည့် အေအေနှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးခံထားရသူမျာ

ဆက်စပ် သတင်းများ