- Web Master
- ၃၀ နိုဝင်ဘာ ၂၀၂၃
နိရဥ္စရာ၊ ဇန်နဝါရီ ၁၇/၂၀၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အခြေစိုက် (၅၄၀) တပ်ရင်းမှ စစ်ကောင်စီတပ်သား (၃) ဦးသည် လက်နက်များ ယူဆောင်၍ ထွက်ပြေးသွားသည်ဟု စစ်တပ်နှင့်နီးစပ်သည့် ခိုင်လုံသတင်းရင်းမြစ်မှ တဆင့် သိရသည်။
"တပ်တွင်းသတင်းအရ (၅၄၀) က စစ်သား(၃) ယောက် လက်နက်အပြည့်အစုံနဲ့ မနေ့က ထွက်ပြေးသွားတယ် ပြောပါတယ်။ မနေ့က ညနေပိုင်းမှာ ထွက်ပြေးသွားတဲအတွက် သူတို့ အပူတပြင်း လိုက်ရှာနေတယ် "ဟု ပြောသည်။
ထွက်ပြေးသွားသည့် တပ်သားများ၏ အမည်နှင့် ရာထူးကိုမူ အတိအကျမသိရကြောင်း သူက ပြောသည်။
ယခုကဲ့သို့
ထွက်ပြေးမှုများကြောင့် စစ်တပ်က မြို့ထဲတွင် စစ်ကားများနှင့်သွားလာလိုက်ရှာ
"ကားတွေနဲ့ သူတို့ သွားလာတာတွေရှိခဲ့တယ်။ လင်းမြွေတောင်တောင်ထက်က စစ်သားတွေလည်း ကားလမ်းမကိုဆင်းပြီးတော့ စစ်ဆေးတာတွေ ရှိခဲ့တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။
၎င်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဦးအခြေစိုက် (၃၇၈) တပ်ရင်းမှ တပ်ကြပ်ကျော်သန့်စင်သည်လည်း တပ်ထဲမှ စစ်ဗိုလ် (၃) ဦးနှင့် စကားများရန်ဖြစ်ကာ ထွက်ပြေးသွားသည်ဟု ဇနီးဖြစ်သူကို ကိုးကားပြီး နီးစပ်သူတစ်ဦးက ပြောသည်။
" ဒီလ ၁၃ရက်၊ ၁၄ ရက်လောက်က ဖြစ်မှာပဲ။ အတိအကျရက်မမှတ်မိတော့လို့။ ကျော်သန့်စင်ဆိုတဲ့ တပ်ကြပ်ဟာ တပ်တွင်းမှာ အချင်းချင်း ဗိုလ်တွေနဲ့ စကားများလို့ ထွက်ပြေးသွားတယ်လို့ သူ့မယားကပြောတယ်"ဟု ပြောသည်။
ယခုကိစ္စနှင့်
ပတ်သက်၍အတည်ပြုနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်
ရခိုင်တွင်
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အလွတ်သဘော အပစ်အခတ် ရပ်စဲထားသော်
ယခု တပ်ကနေ ထွက်ပြေးသွားသည့် စစ်သားများ ရက္ခိုင့်တပ်တော်ထံ ရောက်မရောက်ကို ဆက်သွယ် မေးမြန်းနေဆဲဖြစ်ပြီး ယခုဖြစ်ရပ်မတိုင်မီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် (AA) ထံ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်သားအရေအတွက်မှာလည်း ရာနှင့်ချီ ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။ (NN-7)