သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်တွင် အမျိုးသမီး၂ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.1k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၇/ ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာအုပ်စု၊ ပလ္လင်ပြင်မူဆလင်ရွာသစ်တွင် ယနေ့နံနက်ပိုင်းက အမျိုးသမီး ၂ ဦးအပါအဝင် ()လောင်းပြိုင်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

၎င်းလူသတ်မှုမှာ နေ့ ဇန်နဝါရီလ ၁၇ရက်၊ နံနက် ၈နာရီကျော်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ိသားစုဝင်အချင်းချင်း အမွေကိစ္စကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောကြားသည်။

 အသတ်ခံရသူ ၄ယောက်မှာ ပလ္လင်ပြင်မူဆလင်ကျေရွာမှ ဦးဘော်ဒီရာမန် အသက် (၃၅)နှစ်ဒေါ်ဖာတေဘာခါတူ (၅၅)နှစ် ဦးဘော်ဆီရာမောက် (၃၆)နှစ်အရွယ်၊ ဒေါ်အာလီမာခါတူ (၃၇)နှစ တို့ဖြစ်ကြသည်ဟု သိရသည်။

"ဒီ လေးလောင်းပြိုင်လူသတ်မှုမှာ အသတ်ခံရသူ  ယောက်စလုံးက မိသားစုရင်းတွေပါ။ မိသားစုအမွေ ပြဿာနာဖြစ်နေတာကြာပြီလို့တော့သိရတယ်။ အဲ့ဒီအမွေကိစ္စနဲ့ပဲ ညီအရင်းဖြစ်သူတစ်ယောက် အပါအဝင် လူ ၆ယောက်က လူဒီသတ်မှုကို ကျူးလွန် ခဲ့ကြတာပါ" ဟု အသတ်ခံရသူများ၏ အလောင်းကို စစ်တွေမြို့၊ ပြည်သူဆေးရုံကြီးသို့ သွားရောက်သယ်ယူ ပို့ဆောင်ပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုသာဂီဖြိုးက ပြောသည်။

 အဆိုပါအသတ်ခံရသည့် လူ၄ယောက်သည် ဓားဖြင့်အချက်ပေါင်းများစွာခုတ်ခံရပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် ဓားဒဏ်ရာအများအပြားရရှိခဲ့သည်ဟု သိရသည်။  

 "အသတ်ခံရတဲ့ လူ ၄ယောက်စလုံးမှာ တစ်ကိုယ်လုံးဒဏ်ရာအပြည့်ပဲ။ ဒဏ်ရာပြင်းလို့ သေသွားတာပါ ကျူးလွန်သူ ၆ယောက်ကတော့ ထွက်ပြေးသွားလို့ဖမ်းမမိသေးဘူးလို့သိရတယ်။ ရဲတွေလာရောက် စစ်ဆေးနေတာကိုတော့ ကျွန်တော်တို့အလောင်းသွားသယ်တုန်းကမြင်ခဲ့ပါတယ်" ဟု ကိုသာဂီဖြိုးက ပြောသည်။

အသတ်ခံရသ ၄ယောက်၏ အလောင်းကို စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ ဆောင်ထားလိုက်ကာ ၄လောင်းပြိုင်လူသတ်မှုကို ကျူးလွန်ခဲ့သည့် လူ ၆ယောက်မှာလည်း ထွက်ပြေးလွတ်မြောက်လျှက်ရှိသည်ဟုသိရသည်။

(NN-12)

 

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ