နိရဥ္စရာ၊ဇန်နဝါရီ ၁၈/၂၀၂၃
အာဏာသိမ်းစစ်ခေါင်းဆောင်မှ အာဏာကိုဆက်လက်ကိုင်စွဲသွားရန်အတွက် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD )အနေဖြင့် အသိအမှတ်မပြုကြောင်း ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီအနေနှင့်ပါတီဖွဲ့စည်းပုံအရသော်လည်းကောင်း၊ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းရန်အတွက်ဆောင်ရွက်အကောင်အထည်ဖော်နေသည့် ရွေးကောက်ပွဲဖြစ်နေ၍လည်းကောင်း ALD အနေဖြင့်မည်သည့်နည်းနှင့်မျှရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်မည်မဟုတ်ဟု ၎င်းပြောဆိုသည်။
" ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဆိုရင် ပါတီဖွဲ့စည်းပုံကိုကတစ်ပါတီ အာဏာရှင်စနစ်အပါအဝင်မည်သည့်အာဏာရှင်စနစ်မျှ မြန်မာနိုင်ငံမှာ ပြန်လည် ါ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန်ဆိုပြီး ရေးထားပါတယ်။ ဒီနေ့အချိန်မှာမြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတယ်။အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို့အတွက် ဆောင်ရွက် အကောင်အထည်ဖော်နေတာကိုတွေ့၇တယ်။ ဒီအတွက်ALD အနေနဲ့ဆိုရင်တော့မည်သည့်နည်းနဲ့မှ ပူးပေါင်းပါဝင်ခြင်း ပြုလုပ်မှာမဟုတ်ဘူး။ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတာကို ဦးစွာဖြေချင်တယ်"ဟု ပြောသည်။
ပြီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲမှာမဲမသမာမှုတွေရှိခဲ့သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းခဲ့သည်။
ထိုနောက်(၂၀၂၃) ခုနှစ်တွင် ရွေးကောက်ပွဲတစ်ရပ်ပြန်လည်ကျင်းပကာ ရွေးကောက်ပွဲအနိုင်၇ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။
သို့သော်လက်ရှိစစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၏ အာဏာကို ဆက်လက်ကိုင်ဆွဲသွားရန်ပြုလုပ်သည့်အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ဦးမျိုးကျော်က ဝေဖန်ပြောဆိုသည်။
"အခုစစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲဟာအာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့အာဏာကို ဆက်လက်ကိုင်ဆွဲသွားဖို့အတွက်သူတို့ရဲ့အာဏာ၇လိုမှုကို အကောင်အထည်ဖော်ခြင်းသာဖြစ်တယ်။တစ်နည်းအားဖြင့် ဒီရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်"ဟုပြောသည်။
စစ်ကောင်စီအနေနှင့်၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိသည်ဟု စွပ်စွဲပြောဆိုသော်လည်း ၎င်းမှာ အာဏာသိမ်းလို၍အကြောင်းပြခြင်းသာဖြစ်ပြီး လက်ရှိအချိန်ထိလည်း နိုင်ငံတကာ အပါအဝင် မည်သူမျှ စစ်အုပ်စု၏ စွပ်စွဲဆိုချက်အပေါ် အယုံအကြည်မရှိကြဟု ၎င်းက ဆက်ပြောသည်။
ယခုနှစ်တွင်ကျင်းပမည့် စစ်ကောင်စီ၏ရွေးကောက်ပွဲတွင် လက်ရှိမြန်မာနိုင်ငံရေးအခက်အခဲ ၊ အကျပ်အတည်း ပြဿနာများကြောင့်ယခင်ရွေကောက်ပွဲများနှင့်မတူဘဲ ပူးပေါင်းပါဝင်မည့် ပြည်သူလူထု ၊ နိုင်ငံရေးပါတီတို့၏ အနေအထားများစွာလျော့ကျဖွယ်ရှိနေပြီး တကယ့် ပွင့်လင်းမြင်သာမှုနှင့် သမာသမတ်ကျမှုကို ရရှိနိုင်မည်မဟုတ်ဟုလည်း ၎င်းက ပြောဆိုသည်။
"သမိုင်းအဆက်ဆက်တိုက်ပွဲမဖြစ်ခဲ့တဲ့နေရာတွေမှာပါ စစ်မြေပြင်ဖြစ်သွားတယ်။ ဒီအတွက် ဒီလူတွေ အာဏာတည့်မဲဖို့လုပ်တဲ့ရွေးကောက်ပွဲဆိုရင်ပြင်းပြင်းထန်ထန်ကန့်ကွက်ရမယ်။ မဖြစ်မြောက်အောင်လည်း ကျနော်တို့ကဟန့်တား၇မယ်"ဟု ဦးမျိုးကျော်က ပြောသည်။
လက်ရှိမှာ ယခုနှစ်သြဂုတ်လတွင် ကျင်းပမည်ဟုပြောဆိုထားပြီး ရွေးကောက်ပွဲအတွက် မြန်မာတစ်နိုင်ငံလုံးတွင်လူဦးရေစာရင်းများကို ဇန်နဝါရီ (၉) ရက်နေ့မှစကာ ကောက်ခံနေပြီဖြစ်သည်။
၇ခိုင်တွင် လူသိများသည့် ပါတီ ၃ ပါတီရှိပြီး ၇ခိုင်ဦးဆောင်ပါတီ(AFP)အနေနှင့်ယခုလာမည့်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းဒေါက်တာအေးမောင်က ပြောဆိုထားပြီး ၇ခိုင်အမျိုးသားပါတီ( ANP) အနေဖြင့် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ကရခိုင်ပြည်တွင်း ရွေးကောက်ပွဲဖြစ်ခြင်း/ မဖြစ်ခြင်းမှာ ကျင်းပပြုလုပ်မည့်အချိန်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအပြင် မြန်မာပြည်သူတစ်ရပ်လုံး၏ဆန္ဒအပေါ်လည်းမှုတည်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသမိုင်းတစ်လျှောက်၌ ၇ခိုင်ပြည်သူတွေ၏ ဘ၀ဖြစ်ပေါ်တိုးတက်မှုအတွက်တစ်စုံတစ်ရာ အထောက်အကူပြုနိုင်ခြင်းမရှိခဲ့ကြောင်း ပြောဆိုထားသည်။ (NN-7)