နိရဥ္စရာ၊ဇန်နဝါရီ ၁၈/ ၂၀၂၃
၇ခိုင်ပြည်နယ်၊မင်းပြားမြို့၊ ၇ာမောင်ခန်းမတွင် အထူးကုသမားတော်ဆရာဝန်ကြီးအဖွဲ့မှ ဒေသခံပြည်သူများကို လာမည့်ဇန်နဝါရီ ၂၀ရက်နေ့မှ ၂၂ ရက် အထိ(၃) ရက်တိုင်တိုင် အခမဲ့ဆေးကုသပေးသွားမည်ဟု သတင်းရရှိသည်။
အခမဲ့ကုသပေးမည့်ဆရာဝန်ကြီးများမှာသမားတော်ဒေါက်တာရဲဇော်မျိုး၊ ခွဲစိတ်ပါရဂူ ဒေါက်တာစိုးမြတ်မောင်၊ မျက်စိအထူးကုပါရဂူဒေါက်တာလှဌေးအောင်၊ သွားဘက်ဆိုင်ရာအထူးကုပါရဂူ ဒေါက်တာမြင့်သူအောင်၊ ကလေးအထူးကုပါရဂူဒေါက်တာဝင်းမင်းအောင်၊ ဓါတ်မှန်ပါ၇ဂူ ဒေါက်တာတေဇကျော်ဖြစ်ကြပြီး အပါအဝင် ကျန်းမာရေးဝန်ထမ်း ဆရာ၊ဆရာမ (၂၀)ခန့်တို့ဖြင့် ကုသပေးသွားမည်ဟု မင်းပြားမြို့ခံတစ်ဦးဖြစ်သူဦးစိုးမင်းက နိရဉ္စရာသတင်းဌာနကိုပြောသည်။
“ဦးလေးတို့ဒီလိုတင်ပြတဲ့အခါ ဆရာဝန်တွေက တပ်မတော်အစိုးရအစီစဉ်နဲ့လာကြတာပါ။ လက်ရှိ အနေအထားအရ လူတွေမကျန်းမမာဖြစ်ကြတဲ့အချိန်မှာ ဦးလေးတို့နေရာမှာပါရဂူတွေ၊ သမားတော်တွေ မရှိတဲ့အတွက် စစ်တွေမြို့ကိုသွားပြီတော့ပါရဂူတွေနဲ့သွားရောက်ပြသ၇တဲ့အခါ နယ်က ဆင်းရဲကျပ်တည်းတဲ့ သူတွေဟာ ပိုက်ဆံမရှိရင်သွားရောက်မကုသနိုင်ကြဘူး။လူတွေကဆင်းရဲကြတာကိုး။ ဒီနှစ်လို့မဟုတ်ဘူး။ဒေသခံ ပြည်သူတွေကအချိန်တိုင်း အခက်အခဲရှိကြတယ်။ ဒါကြောင့် အခုလိုကျန်းမာရေးဝန်ဆောင်မှုအခမဲ့ ကုသမှုရရှိနိုင်အောင်လို့ ရွယ်ရည်ပြီးတော့စီစဉ်တာပါ “ ဟု ၎င်းက ပြောသည်။
လာမည့် ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၂ရက်နေ့အထိ မနက် ၈နာရီမှ ည ၅နာရီထိကုသပေးသွားရန် ရက်သတ်မှတ်ထားပြီး လူနာအပေါ်မူတည်ပြီး ရက်တိုးကာ ကုသပေးသွားရန်လည်း အစီအစဉ်ရှိကြောင်း ၎င်းကဆက်ပြောသည်။
“လက်ရှိ ၃ရက် စီစဉ်ထားတယ်။ လူနာများရင်များသလောက်ဆက်လို့ရက်တိုးပြီးကုသပေးဖို့စီစဉ်ထားပါတယ်။ မနက်ပိုင်း ၈နာရီကနေ ၁၁နာရီထိကိုနယ်ကလူတွေကိုကုပေးဖိုစီစဉ်ထားတယ်။ ပြီးရင် နေ့လယ် ၁နာရီကနေ ၅နာရီအထိကိုတော့မင်းပြားမြို့ပေါ်ကလူတွေအတွက်စီစဉ်ပေးထားပါတယ်။ အယင်နှစ်တွေကဒီလိုမျိုးကုသပေးတာမရှိသေးဘူး။ ဒါပထမအကြိမ်ပဲ။ နောက်နှစ်တွေမှာလည်းဆရာဝန်တွေကဒီလို ကုသပေးမယ်ဆိုရင် ဦးလေးတို့အနေနဲ့ဖိတ်ခေါ်ဆောင်ရွက်ပေးမှာပါ “ဟုပြောသည်။
မင်းပြားမြို့နယ်အပြင်ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အမ်းမြို့နယ်နှင့်မြေပုံမြို့နယ်တို့ကလည်းလာရောက်ကုသနိုင်အောင် ဆက်သွယ်အကြောင်းထားသည်ဟုလည်းသိ၇သည်။
မင်ပြားမြို့နယ်ရှိ ကုသလိုသည့် ဝေဒနာရှင်များအနေဖြင့် မိမိတို့နီးစပ်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများထံ၌ကြိုတင်စာရင်း ပေးသွင်းထားနိုင်သည်ဟုသိပြီး၊ တခြားမြို့နယ်များမှ လူနာများအတွက် နှစ်(၁၅၀) ပြည့်စေတီတော်ဂေါပကရုံးတွင် ၀၉၂၅၃၄၇၄၈၄၈၊ ၀၉၂၅၀၄၅၅၃၀၂၊ ၀၉၂၁၀၁၄၄၉၄ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်သည်ဟုလည်းသိ၇သည်။
ယခုကဲ့သို့ ဆရာဝန်ကြီးများ မင်းပြားမြို့၌အခမဲ့လာရောက်ကုသပေးနိုင်ရန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစီစဉ်ခြင်း ဖြစ်ကြောင်း သိရှိ၇သည်။