သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်(AA) ဒု-စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်မှ သူ၏ ၁၄နှစ်ကျော်ကြာတော်လှန်ရေးဖြတ်သန်းမှုနှင့်ဆေးလောကသားများ၏အကြောင်း အတွေ့အကြုံများကို မျှဝေမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.6k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၈/၂၀၂၃

ရက္ခိုင့်တပ်တော်(AA)၏ ဒု - စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်မှ သူ၏ ဆယ့်လေးနှစ်ကျော်ကြာ တော်လှန်ရေး ဖြတ်သန်းမှုသမိုင်း၊ အတွေ့အကြုံများနှင့် ဆေးလောကသားများ၏ အကြောင်းကို မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသာများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် အွင်လိုင်းကနေ သူကိုယ်တိုင် မျှဝေပြောကြားသွားမည့် အစီအစဉ်တစ်ရပ်ကို များမကြာမီ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

အဆိုပါ အစီအစဉ်ကို ဆွေးနွေးပွဲပုံစံမျိုးဖြင့် မျှဝေပြောကြားသွားမည်ဖြစ်ကာ ၎င်းအစီအစဉ်ကို လာမည့်ဇန်နဝါရီလ ၂၀ ရက်၊ နေ့လယ် ၂နာရီကျော်အချိန်တွင် ပြုလုပ်သွားမည်ဟု Yangon Medical Network (YMN) ဖော်ပြချက်အရ သိရသည်။

၎င်းအစီအစဉ်ကို Medical Family Mandalay (MFM) နှင့် Yangon Medical Network (YMN)တို့ ပူးပေါင်းဦးဆောင် စီစဥ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

Yangon Medical Network (YMN)က ရေးသားဖော်ပြရာတွင်  "လက်ရှိနွေဦးတော်လှန်ရေးမှာ ဆေးလောကသားတွေဟာ ရှေ့တန်းကနေ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ထောက်ပို့ရေးနှင့် CDM လှုပ်ရှားမှု စတဲ့ကဏ္ဍအသီးသီးမှာ ပါဝင်လျက်ရှိနေပါတယ်။ အရှိန်တိုးမြှင့်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလမှာ ဆေးလောကသားတွေရဲ့ ပါဝင်မှုက ပိုပြီးတော့ အရေးကြီးလာနေပြီ ဖြစ်တဲ့အတွက် မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲတစ်ရပ်ကို စီစဥ်လိုက်ခြင်းဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။

အဆိုပါဆွေးနွေးပွဲတွင် ဆေးလောကသားများသာမက စိတ်ပါဝင်စားသူ မည်သူမဆို တတ်ရောက်နိုင်ကြောင်းကိုလည်း ဖိတ်ခေါ်ထားသည်။

ရက္ခိုင့်တပ်တော် ဒု - ဦးစီးချုပ် ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်သည် သူပုန်ဖြူအမည်ဖြင့် ကဗျာများ ရေးသားနေသလို တစ်ခြား ကလောင်ခွဲအမည်ခွဲများဖြင့်လည်း ကဗျာများ၊ ဆောင်းပါးအပါအဝင် စာတိုပေစများ ရေးသားလေ့ရှိသည်ဟု သိရှိရသည်။

ဒေါက်တာညိုထွန်းအောင်သည် ေးတက္ကသိုလ်(၂) ရန်ကုန်တွင် ဆေးပညာသင်ယူ ဆည်းပူးခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်အတူ ရက္ခိုင့်တပ်တော်(AA)ကို ဦးဆောင် ဖွဲ့စည်း ထူထောင်ခဲ့သူလည်း ဖြစ်သည်။

ရခိုင်အမျိုးသားများ ရသင့်ရထိုက်သည့် အခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ဂုဏ်သိက္ခာရှိသော ရက္ခိုင့်လူ့ဘောင် တစ်ခုကို ထူထောင်ဖို့အတွက် ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦးလည်း ဖြစ်သည်။

ဒေါက်တာညိုထွန်းအောင်(သူပုန်ဖြူ)သည် လက်ရှိအချိန်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ အထွေထွေအတွင်းရေးမှူး၊ ရက္ခိုင့်တပ်တော် (AA) ၏ ဒုစစ်ဦးစီးချုပ်ာဝန်ကို ယူထားသူတစ်ဦးလည်းဖြစ်သည်။

 ဒေါက်တာညိုထွန်းအောင်(သူပုန်ဖြူ)သည် လက်ရှိ ရက္ခိုင့်တပ်တော်တွင် ဦးဆောင်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သော်လည်း မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားနေသည့်ဆန္ဒအပေါ် ပြည့်အဝ နားလည်ပေးနိုင်သူဖြစ်သည်သာမက သူ့ အဖွဲ့အစည်း၏ ရပ်တည်ချက်၊ မူဝါဒ၊ မဟာမိတ် အဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်များနှင့်အညီ နွေဦးတော်လှန် ရေးလုပ်ငန်းများမှာလည်း ဆေးဖက်ဆိုင်ရာမိသားစု စိတ်ဓာတ်နှင့် လုပ်သင့်လုပ်ထိုက်တာသည်များကို တာဝန်ယူ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည် (NN-12)

ဆက်စပ် သတင်းများ