- Web Master
- ၃၁ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ ဇန်နဝါရီ ၁၉/၂၀၂၃
မြန်မာတစ်နိုင်ငံလုံးရှိ အကူအညီလိုအပ်နေသော လူဦးရေ ၁၇.၆ သန်းအနက် ၁.၇ သန်းသည် ရခိုင်ပြည်နယ်တွင် နေထိုင်သူများဖြစ်ကြသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်သည်။
UN OCHA ၏ ၂၀၂၃ ခုနှစ် လူသားချင်းစာနာထောက်ထားမှု
လိုအပ်ချက်များ ခြုံငုံသုံးသပ်ချက် (HNO) ကို
ယခုရက်ပိုင်းအတွင်းထုတ်ပြန်
တစ်နိုင်ငံလုံးရှိ အကူအညီလိုအပ်နေသော လူဦးရေ ၁၇.၆ သန်းအနက် ၁.၇ သန်းသည် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများဖြစ်ကြသည်ဟုလည်း ဖော်ပြထားသည်။
၎င်းပြင် အသစ်ဖြစ်ပေါ်လာသော နေရပ်စွန့်ခွာသူလူဦးရေးများသည် စားနပ်ရိက္ခာ (၈၈ ရာခိုင်နှုန်း)၊ အမိုးအကာ (၅၅ ရာခိုင်နှုန်း)၊ ကာကွယ်ရေးဝန်ဆောင်မှု (၃၅ ရာခိုင်နှုန်း) နှင့် အသက်မွေးဝမ်းကျောင်းမှု (၃၁ ရာခိုင်နှုန်း) သည် ထိပ်တန်းလိုအပ်ချက်များဖြစ်သည် ဟုလည်း ဖော်ပြထားပါသည်။
စာမျက်နှာ ၆၉ တွင် “ငွေညှစ်ခြင်းသည် ရခိုင်ပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ်ပေးရေး ကိစ္စတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ပဋိပက္ခကြောင့် ထိခိုက်ခံစားရသည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးမြင့်လာသော ပြဿနာတစ်ရပ် ဖြစ်လာနေသည်ဟုလည်း ဖော်ပြထားသည်။
၎င်းအစီရင်ခံစာ၏ စာမျက်နှာ (၂၁) တွင် “ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံး သက်သာချောင်ချိရေး တိုးတက်စေရန် ရည်ရွယ်သည့် ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်များအပေါ် အဓိပ္ပါယ်ရှိသော တိုးတက်မှု မရှိသေးကြောင်း” ဖော်ပြထားသည်။
ရာသီဥတုပြောင်းလဲမှုနှင့်
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အစီရင်ခံစာက စာမျက်နှာ (၂၅) တွင် “ပင်လယ်ပြင်အပူချိန်တိုးလာသည်နှင့်အမျှ ဆိုင်ကလုန်းနှင့်
မုန်တိုင်းကြီးများ ပိုမို
ပြင်းထန်လာမည်ဟု ခန့်မှန်းချက်နှင့်အတူ
ရခိုင်ဒေသခံများ ပိုမိုများပြားသော စားဝတ်နေရေး ကျပ်တည်းမှုကို ကြုံတွေ့ရနိုင်သည်”
ဟုဖော်ပြထားသည်။
ထို့အပြင် စာမျက်နှာ
၆၅ တွင်လည်း "မြန်မာနိုင်ငံတစ်ဝှမ်းရှိ ထိခိုက်ခံစားခဲ့ရသော
ရပ်ရွာလူထုများနှင့် တိုက်ရိုက်လုပ်ဆောင်နေသည့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်း
၅၈ဖွဲ့၏ စစ်တမ်းသည် ယခုအောက်ပါကိစ္စရပ်များကို ပိုမိုအလေးပေးဖော်ပြခဲ့ပါသည်။
“အရပ်ဘက်အဖွဲ့အစည်းများ ဝန်ဆောင်မှုပေးနေသော
ရပ်ရွာလူထုက ၎င်းတို့ကို မျှဝေပေးသည့် ထိပ်တန်းလိုအပ်ချက် သုံးခုမှာ
အသက်မွေးဝမ်းကျောင်းမှု၊ အစားအစာရရှိရေးနှင့် လုံခြုံသော နေရာများပါဝင်သော
အကာ အကွယ်ပေးရေး ဝန်ဆောင်မှုများဖြစ်သည်။”
“ရခိုင်ပြည်နယ်တွင် အသက်မွေးဝမ်းကျောင်းနှင့် ပညာရေးထောက်ပံ့မှု အတွက် လိုအပ်ချက် အများဆုံးဟုလည်းကောင်း၊ ကရင်ပြည်နယ်တွင်မူ စားနပ်ရိက္ခာနှင့် အကာအကွယ်ပေးရေး ဝန်ဆောင်မှုသည် အများဆုံးလိုအပ်သည်ဟုလည်းကောင်း၊ ကချင်ပြည်နယ်တွင်မူ အသက်မွေးဝမ်းကြောင်း လက်လှမ်းမီနိုင်မှုသည် သိသိသာသာလိုအပ်သည်ဟုလည်းကောင်း ကြားရသိရပါသည်။”
အသစ်ဖြစ်ပေါ်လာသော နေရပ်စွန့်ခွာသူလူဦးရေးများသည် စားနပ်ရိက္ခာ (၈၈ ရာခိုင်နှုန်း)၊ အမိုးအကာ (၅၅ ရာခိုင်နှုန်း)၊ ကာကွယ်ရေးဝန်ဆောင်မှု (၃၅ ရာခိုင်နှုန်း) နှင့် အသက်မွေးဝမ်းကျောင်းမှု (၃၁ ရာခိုင်နှုန်း) သည် ထိပ်တန်းလိုအပ်ချက်များဖြစ်သည် ဟု အရပ်ဘက်အဖွဲ့အစည်းများက သက်မှတ်ထားပါသည်။”ငွေညှစ်ခြင်း (အစီရင်ခံစာ၏ စာမျက်နှာ ၆၉) တွင် “ငွေညှစ်ခြင်းသည် ရခိုင်ပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ်ပေးရေး ကိစ္စတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ပဋိပက္ခကြောင့် ထိခိုက်ခံစားရသည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးမြင့်လာသော ပြဿနာတစ်ရပ် ဖြစ်လာနေကြောင်း ဖော်ပြထားသည်။
Protection Incident Monitoring System (PIMS) အရ တိုင်ကြားထားသော ငွေညှစ်မှု ဖြစ်စဉ်များ၏ ၉၄ ရာခိုင်နှုန်းခန့်သည် ရခိုင်ပြည်နယ်မှဖြစ်ပြီး နိုင်ငံ၏ အရှေ့မြောက်နှင့် အရှေ့တောင်တလွှားတွင် အခြားငွေညှစ်ခြင်းအကြောင်းအရာများ ဖြစ်ပွားနေသော်လည်း ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ကြည့်မှု ပိုမိုအားကောင်းလာခြင်းကြောင့် ၎င်းအကြောင်းအရာသည်ယိမ်းယိုင်သွားသည်ဟု ဆိုသည်။
သို့သော် ယခုဆောင်ရွက်ချက်သည် နိုင်ငံတစ်ဝှမ်း ဆက်စပ်အန္တရာယ်ကို အပြည့်အဝကိုယ်စားပြုနိုင်မည်မဟုတ်ပေ။ နေရပ်စွန့်ခွာရသူ IDP များသည် ယခုအန္တရာယ်သည် ၎င်းတို့အပေါ် ထိခိုက်မှုအရှိဆုံးဟု ရှင်းလင်းစွာ ထုတ်ဖော်ကြပါသည်။ရခိုင်အရေးနှင့်ပတ်သက်ပြီး အစီရင်ခံစာအတွင်း ၁၀၉ ကြိမ် အထူးပြုဖော်ပြထားသည်ဟု သိရှိရသည်။