ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ဦးနယ်တွင် ထင်းခုတ်သွားသည့် ခမီးလူငယ်တစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.9k

နိရဥ္စရာ၊ ဇန်နဝါရီ ၁/၂၀၂၃

 

ရခိုင်ပြည်နယ်၊  မြောက်ဦးမြို့နယ် ၊ နားဒင်(ခမီ)ကျေးရွာမှ ထင်းခုတ်သွားသည့် ခမီလူငယ်တစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်သွားသည်ဟု  သတင်းရရှိသည်။ 

 

၎င်းလူငယ်မှာ နားဒင်ကျေးရွာမှ ဦးဗုဒ္ဓဟူးအောင်၏သား ကိုကျော်ဆန်း (၂၄ နှစ်) ဖြစ်သည်။

 

ဖြစ်စဉ်သည်  မန်နေ့ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းအချိန်ခန့်က ထင်းခုတ်ရန်သွားစဉ် ဖြစ်ပွားခဲ့ခြင်း နားဒင်ကျေးရွာသားတစ်ဦးက ပြောသည်။

 

"သူက မောင်းဆွဲ၊ နာဒင် သင်းချိုင်မှာ ထင်းခွေဖို့တက်သွားတာပါ။ အဲ့ဒီမှာ မြောက်ဦးအခြေစိုက် ခမရ (၃၇၈ ) တပ်ရင်းအနီးမှာ စစ်တပ်ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ညာဖက်ခြေထောက် ပြတ်သွားပါတယ်"ဟု ပြောသည်။

 

ကိုကျော်ဆန်းမှာ ညာဖက်ခြေထောက်ပြတ်ထွက်ကာ ဒဏ်ရာအပြင်းအထန်ရရှိသွားသည့်အတွက် မြောက်ဦးဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် စက်တင်ဘာ  ၂၉ ရက်နေ့ကလည်း  မြောက်ဦးမြို့ထဲတွင် စစ်တပ်ကထောင်ထားသည့် မိုင်းနင်းိကာ မြောက်ဦးမြို့ခံ လူငယ်တစ်ဦး သေဆုံးသွားခဲ့သည်။  

 

ယင်းအပြင် ယခုလ ဇန်နဝါရီလ ၁၃ ရက်က မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာအနီး စစ်ကောင်စီ တပ်စွဲထားသည့် တောင်ဖြူတောင်အနီးက မိုင်းပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပွားခဲ့သော်လည်း ကံကောင်းစွာဖြင့် လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အေအေတို့ နှစ်ဘက်အလွတ်သဘော အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီတပ်စခန်းအနီးဝန်းကျင်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့်နေရာများတွင် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်များ ကျန်ရှိနေဆဲဖြစ်ပြီ မကြာခဏဆိုသလို ပေါက်ကွဲမှုမျာ ဖြစ်ပေါ်နေသည့်အတွက် တောတောင်ကိုအမှီပြုလုပ်ကိုင်စားသောက်နေရသည့်ဒေသခံများမှာ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟု သိရသည်။(NN-7)

 

ဆက်စပ် သတင်းများ