ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

အမ်းမြို့နယ် တပ်တောင်တွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၄လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၉/ ၂၀၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် ယနေ့ ညနေက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄လုံး မီးလောင်ကျွမ်းသွားခဲ့သည်ဟု သိရသည်။

ယနေ့ ညနေ ၄နာရီအချိန်ခန့်တွင် အမ်းမြို့နယ်၊ တပ်တောင်မြို့သင်္ဘောဆိပ်ဟောင်းအနီ မဲတန်းလမ်း၊ (၃)ရပ်ကွက်ရှိ ဦးမင်းနိုင်၏နေအိမ်တွင် ဖုန်းအားသွင်းထားရာမှ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"မီးလောင်တာက အိမ်မှာ ဖုန်းအားသွင်းထားရာကနေဝါယာကြိုးတွေက ဒဏ်မခံနိုင်လို့ အပူလွန်ကဲပြီးတော့ ဝါယာရှော့ခ်ဖြစ်ရကနေ မီးစလောင်တာပါ" ဟု တပ်တောင်မြို့ခံတစ်ဦးက ပြောသည်။

ီးလောင်ကျွမ်းသွားသည့် နေအိမ်များမှာ စတင်လောင်သည့် ဦးမင်းနိုင်၏ နေအိမ် ၊ ဦးငလုံးချေနေအိမ် နှင့် အငှားအိမ် ၁လုံးနှင့် ဦးကျော်ထွန်းနိုင်၏ နေအိမ်တို့ဖြစ်ကြသည်ဟု သိရသည်။

အဆိုပါမီးလောင်မှုကို အမ်းမြို့နယ်၊ တပ်တောင်မြို့မီးသတ်ဦးစီးဌာနမှ မီးသတ်သဖြင့် ညနေ ၄နာရီ မိ

နစ် ၂၀တွင် မီးအရှိန်လျှော့သွားကာ ၄နာရီကျော်အချိန်ခန့်တွင် မီးအားလုံးငြိမ်သွားသည်ဟု သိရသည်။

နောက်ထပ် တပ်တောင်မြို့ခံတစ်ဦးက "မီးလောင်လို့ နေအိမ် ၄လုံးပါသွားတယ်။ မီးကိုတော့ အမ်းမြို့နယ်၊ တပ်တောင်မီးသတ်ဦးစီးဌာနက လာကူသတ်ပေးတယ်။ ဒါပေမဲ့ မီးကပြင်းတော့ နေအိမ် ၄ လုံးပါသွားတယ်။ တစ်ခြားမီးကူးတာတော့မရှိဘူး"ဟု ပြောသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သတ်၍ အမ်းမြို့နယ်၊ တပ်တောင်မြို့၊ မီးသတ်ဦးစီး ဦးရဲဇွဲဖြိုးက "မြို့နယ်အသီးသီးမှာ လျှပ်စစ်မီးတွေ ဝါယာ ရှော့ခ်ဖြစ်ပြီး မီးလောင်မှုတွေမကြာမကြာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ လျှပ်စစ်မီးကို အသုံးပြုရာမှာ အထူးသတိပြုသင့်တယ်။ ဒဏ်မခံနိုင်တဲ့ အားသွင်းကြိုးတွေကိုမသုံးသင့်ဘူး။ သတ်မှတ်ချက် အတိုင်းသာသုံးသင့်တယ်" ဟု ပြောသည်။

ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီခန့်ကလည်း မင်းပြားမြို့နယ် ဆင်ကြီးပြင် (မှုဆလင်) ကျေးရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ် ၃ လုံး မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်၊ ည ၉နာရီကျော်အချိန်ခန့်ကလည်း မြောက်ဦးမြို့နယ်၊ ဆင်ချဆိပ် ရွာသစ်ကျေးရွာတွင် ဘုရားမီးအဖြစ် ဖယောင်းတိုင်းမီးထွန်းထားရမှစတင်ပြီး နေအိမ်တစ်ဆောင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ (၆)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့သည်။(NN-12)

(ဓာတ်ပုံ - ကိုမျိုးလွင်ပေးပို့)

ဆက်စပ် သတင်းများ