- Web Master
- ၃၀ နိုဝင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဇန်နဝါရီ ၂၀/၂၀၂၃
မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Chalermphon
Srisawasdi
တို့သည် ယမန်နေ့က
သံတွဲတွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
ယမန်နေ့ ဇန်နဝါရီ
၁၉ ရက် ညနေပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့ရှိ Ptistine Mermaid Resort ဟိုတယ်၌
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Chalermphon Srisawasdi နှင့် ဇနီးတို့ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့ကို ညစာစားပွဲဖြင့် ဧည့်ခံကြိုဆွဲခဲ့ကြခြင်းဖြစ်သည်
ယင်းညစာစားပွဲကို မြန်မာစစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး မြန်မာစစ်ကောင်စီ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ထိုင်း တပ်မတော် နှစ်ခုအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (၈) ကြိမ်မြောက် ထိုင်း-မြန်မာနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ကော်မတီအစည်းအဝေးကို (8th High Level Committee Metting) သို့တက်ရောက်ရန် ယမန်နေ့ နံနက်ပိုင်းကတည်းက သံတွဲမြို့ကို ရောက်ရှိနေခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - DSINFO/Military