Preview

မြန်မာနိုင်ငံမှာ ဘော့စနီးယားပုံစံ လေယာဉ်မပျံသန်း၇ဇုန် (No-fly-zone) သတ်မှတ်ဖို့ အမေရိကန်ကြိုးပမ်းနေပြီလား

ဇန်နဝါရီ ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :5430
ရခိုင် သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ၂၀/ ၂၀၂၃(နိုင်ငံတကာ)


ဘော့စနီးယားစစ်ပွဲမှာ ကုလသမဂ္ဂသဘောတူညီချက်အ၇ ဘော့စနီးယားပြည်သူတွေကို ဆားဘီးယားတွေရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုရန်က အကာအကွယ်ပေးဖို့ ၁၉၉၃ခုနှစ် ဧပြီလကနေ ၁၉၉၅ ဒီဇင်ဘာလ အထိ()နှစ်ကြာလေယာဉ်မပျံသန်း၇ဇုန်” (no fly zone)တစ်ခုကို နေတိုးကဦးဆောင်ပြီး ချမှတ်ခဲ့တယ်။ NATO လို့ဆိုပေမယ့် အဓိက ဦးဆောင်တာ အမေရိကန်ပါ နောက်ပိုင်းမှာ လေယာဉ်မပျံသန်း၇ ဇုန်အတွင်းကုလငြိမ်းချမ်းရေးတပ်တွေကိုပါ အကာကွယ်ပေးရင်း စစ်ပွဲအတွင်းပါဝင်ခဲ့တယ်။ 

အခုလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေမှုကို ဟန့်တားဖို့ “လေယာဉ်မပျံသန်း၇ဇုန်”(no fly zone) တစ်ခု အကောင်အထည်ဖော်ဖို့ အမေရိကန်က ကြိုးစားနေတယ်လို့ ယခင် ဘီဘီစီသတင်းထောက်ဟောင်းဆဘီယာဘောမစ် ဆိုသူက ဖက်ဒရယ်သတင်းစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။

 တောင်အာရှ ပဋိပက္ခရေးရာတွေကို ဝေဖန် ရေးသားလေ့ရှိတဲ့ စာရေးသူရဲ့ အဆိုအ၇ မကြာသေးခင် ရက်များကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ပင်တာဂွန်ကအရေးပါတဲ့ ပုဂ္ဂိုလ်တွေ ဆက်တိုက်ဆိုသလို ရောက်ရှိလာပြီး မြန်မာနိုင်ငံ အနောက်ပိုင်း နယ်စပ်တစ်လျှောက်မှာ မြန်မာစစ်အစိုးရရဲ့  ဗုံးကြဲတိုက်ခိုက်နေမှုတွေကို အကာအကွယ်ပေးဖို့ “လေယာဉ်မပျံသန်း၇ဇုန်”(no fly zone) သတ်မှတ်ရေး ဆွေးနွေးနေကြတယ်လို့ ဆိုတယ်။

အကယ်၍ အဲဒီလို တ်မှတ်ခဲ့ရင် အမေရိကန်က ဘင်္ဂလားဒေ့ရှ်ကို မြေပြင်ထောက်ပံ့ရေးစခန်းအဖြစ် အသုံးချလာဖွယ်ရှိနေတယ်လို့ဆိုပါတယ်။ 

တိုက်ဆိုင်တလား၊တမင်လား မသိအောင်ဘဲ ဒီရက်ထဲမှာတရုတ်နိုင်ငံခြားရေး ဝန်ကြီးသစ်ကျင်ဂန်းနဲ့ ကွန်မြူနစ် ပါတီက ထိပ်တန်းခေါင်းဆောင်တချို့ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာကြပါတယ်။

 အမေရိကန်အစိုးရရဲ့အစီအစဉ်တွေကို ကြိုတင်သိမြင်နေပုံ၇တဲ့အတွက် တရုတ်ကလည်း ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်ရဲ့ခြေလှမ်းနဲ့ပတ်သက်ပြီး ကြိုတင် ဖိအားပေးလာတဲ့အတွက် အကယ်၍ မြန်မာနိုင်ငံမှာ အမေရိကန်က လေယာဉ်မပျံသန်းရဇုန်သတ်မှတ်လာခဲ့ရင် ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယတို့က ကြားညှပ်မယ့် အနေအထားမှာ ရှိနေတယ်လို့ သူက ဆိုတယ်။ 

 ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ဟာ နှစ်ပေါင်းများစွာအတွင်း အရေးကြီးဆုံးနဲ့ အပြင်းထန်ဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ ဒေါ်အောင်ဆန်စုကြည်နဲ့ တကွ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အကောင်အထည်ဖော်ဖို့တိုက်တွန်းထားတဲ့ ဒီ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မှာ တရုတ်၊ အိန္ဒိယ၊ ရုရှာ သုံးနိုင်ငံကသာ မဲမပေးဘဲ နေခဲ့ကြပြီး ၁၂ နိုင်ငံက ထောက်ခံခဲ့ကြတယ်။ 

ဘော့စနီးယားပုံစံ လေယာဉ်မပျံသန်း၇ဇုန်( no fly zone) သာ သတ်မှတ်ခဲ့ရင် အရပ်ဖက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေအတွက် စစ်အစိုးရကိုတွန်းလှန်ရာမှာ အင်အားမျှခြေ ရှိလာနိုင်တယ်လို့ဆိုတယ်။

၇ခိုင်၊ချင်း၊ စစ်ကိုင်းနဲ့ ကချင် မှာရှိတဲ့ အေအေ နဲ့ ကေအိုင်အေ အပါအဝင်တော်လှန်ရေးအုပ်စုတွေ ဘက်က စစ်အစိုးရကိုအသာစီး၇လာနိုင်တယ်။ 

မြန်မာစစ်တပ်ဟာ လေကြောင်အင်အား အသာစီး၇ယူမှုနဲ့ အဲဒီဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့တယ်။ ၂၀၂၂ အောက်တိုဘာလက ကေအိုင်အေ နယ်မြေအတွင်း ဂီတပွဲတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ လူပေါင်း၆၀ ကျော် သေဆုံးခဲ့သလို ၇ခိုင် နဲ့ ချင်းမှာလည်း မကြာသေးမီက ဗုံကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်။ ပြီးခဲ့တဲ့ရက်များက မီဇိုရမ်နယ်စပ်အနီးမှာ အခြေစိုက်ထားတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ PDF တွေရဲ့ ဝိတိုရိယဌာနချုပ်ကို စစ်အစိုး၇က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့ အခါမှာတော့ အိန္ဒိယက အလန့်တကြားဖြစ်သွားတယ်။ မီဇိုရမ်ပြည်နယ်ဟာ လောလောဆယ် မြန်မာဒုက္ခသည်  ၂၀၀၀၀ လက်ခံထား၇ပြီး နောက်ထပ် ဒုက္ခသည်တွေ ရောက်ရှိလာမှာကို အိန္ဒိယက စိုးရိမ်နေတယ်။ 

 လေယာဉ် မပျံသန်း၇ဇုန် သတ်မှတ်လိုက်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပီဒီအက်ဖ် တော်လှန်ရေးအုပ်စုတွေ အသာစီး၇သွားနိုင်ပြီး တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံ မဟာဗျူဟာ ကျဆု သွားနိုင်တဲ့ အတွက် တရုတ်ကတော့ မလိုလားပါဘူး။ တရုတ်ရဲ့ ကူမင်း ကျောက်ဖြူ ပင်လယ် ထွက်ပေါက် ပိတ်သွားမယ့်အရေး တရုတ်မလိုလားပါဘူး။ 

 စာရေးသူ ဘီယာဘောမစ်ရဲ့ အဆိုအ၇ ဘင်္ဂလားဒေ့ရှ်အတွက် အမေရိကန်ရဲ့ (no fly zone ) အစီအစဉ်မှာ ဟာဆီနာအစိုး၇ကိုစိန်ခေါ်မှု အများကြီးဖြစ်စေတာက င်္ဂလားဒေ့ရှ်မှာ အမေရိကန်ရဲ့ မြေပြင်ထောက်ပို့ စခန်းထာရှိရေးဖြစ်တယ်။

 လေကြောင်း ကာကွယ်ရေးအတွက် ဘင်္ဂလားပင်လယ်အော်မှာ အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စီး ရှိရုံနဲ့လုံလောက်ပေမယ့် မြေပြင်ထောက်ပံ့ရေးအတွက် အမေရိကန်ဟဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းတွေကို အသုံးပြုဖို့ ရည်ရွယ်ထားတယ်။ ဘင်္ဂလားဒေ့ရှ်အစိုး၇နဲ့ အေအေအကြား ဆက်ဆံရေးကောင်းမွန်မှုကလည်း ရှိတ်ဟာဆီနာအတွက် ရွေးကောက်ပွဲ အသက်ရှူပေါက်ဖြစ်သလို အမေရိကန်ကလည်း ဒီအခြေအနေကို သဘောကျတယ်။ 

 တစ်ဖက်က ကြည့်ပြန်ရင်လည်း ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ရဲ့ ငြိုငြင်မှု ခံ၇မှာကို စိုးရိမ်နေ၇တယ်။ အမေရိကန်ရေတပ်ဗိုလ်ချုပ် အပါအဝင် နိုင်ငံခြားရေးဌာန ထိပ်တန်း အရာရှိတွေ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာပြီး မကြာခင်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေ ရောက်ရှိလာကြတယ်။ တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ အကြီးအကျယ်ပေးနေတဲ့ အတွက် တရုတ်နဲ့ ဆက်ဆံရေးကိုလည်း အပျက်မခံနိုင်ဘူး။ 

 ဒီအခြေအနေမှာ  ရှိတ်ဟာဆီနာအနေနဲ့  အန္ဒိယရဲ့  အကူအညီနဲ့ တုန့်ပြန်မှုကိုပဲ နမူနာ ယူ၇တော့မယ်။ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်မှာ ရုရှားအကူအညီနဲ့ တည်ဆောက်နေတဲ့ နျူကလီးယားဓါတ်ပေါင်းဖိုအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေ သယ်ဆောင်လာပြီး အမေရိကန်က ပိတ်ဆို့တားဆီးထားတဲ့ ရုရှားသင်္ဘောကို ဟာဆီနာအတွက်ဝင်ခွင့်ပြုပေးခဲ့တယ်။ 

 အကယ်၍ အမေရိကန်ဟာ စီစဉ်ထားတဲ့အတိုင်း မြန်မာနိုင်ငံအပေါ် “ လေယာဉ်မပျံသန်း၇ဇုန်”(no fly zone) ကို အကောင်အထည် ဖော်လာခဲ့ရင်တော့ ကြားညှပ်မှာက ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယပဲဖြစ်တယ်လို့ စာရေးသူဘီယာဘောမစ်က သုံးသပ်ထားပါတယ်။ (NN-27)

 

Ref: Will US do a Bosnia on Myanmar?

No-fly-zonemove may involve India. 

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.