အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ ရခိုင်လူထုက အယုံအကြည်မရှိသလို AA ခွင့်မပြုပါက ဒေသအများအပြားတွင် ကျင်းပ၍ရနိုင်မည်မဟုတ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 727

နိရဉ္စရာ၊ ဇန်နဝါရီ ၂၀ /၂၀၂၃

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲကို ရခိုင်လူထုက စိတ်ဝင်စားမှုနည်းပါးခြင်းနှင့်အတူ အယုံအကြည်မရှိဖြစ်နေကြသလို ရက္ခိုင့်တပ်တော် (AA) က ခွင့်မပြုပါက နေရာဒေသအတော်များများတွင် ၎င်းရွေးကောက်ပွဲကို ကျင်းပနိုင်မည်မဟုတ်ဟု ရခိုင်နိုင်ငံရေးနှင့် လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က "ကျနော်တို့ ရခိုင်ပြည်မှာဆိုရင် နယ်ဘက်တော်တော်များများကို ULA/AA က သြဇာလွှမ်းမိုးမှုတွေ အများကြီး ရှိတယ်။ အဲဒါကြောင့် အေအေက သဘောမတူရင် ဖြစ်နိုင်ဘူးလို့လည်းပြောလို့ရတယ်။ နောက်ပြီး နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲကို လက်မခံတဲ့အနေအထားတခုရှိတယ်။ NUGတို့ PDFတို့ တခြားလက်နက်ကိုင်အဖွဲ့တွေက်ကလည်း ရွေးကောက်ပွဲကို လက်မခံတဲ့အနေအထားမှာရှိတယ်" ဟုပြောသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်က  ရွေးကောက်ပွဲကျင်းပမည့် ရက်ကို မကြေညာသေးသော်လည်း ခု ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ကျင်းပမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ လက်ရှိတွင်လည်း ယင်းရွေးကောက်ပွဲအတွက် မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေစာရင်းများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်မှ စတင်ကာ ကောက်ခံနေပြီဖြစ်သည်။

" ကျနော်တို့ လက်ရှိ အနေအထားကို ပွင့်ပွင့်လင်းလင်းပြောရရင် ရွေးကောက်ပွဲကို ပြည်သူတွေ ုံကြည်မှု မရှိဘူးလို့ပြောရမယ်။ လက်ရှိအချိန်မှာ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်မှာ အမြဲတမ်းနိုင်ခဲ့တာရှိတယ်။ ဒါပေမယ့်  ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့ခွင့်မပေးခဲ့ဘူး။ အဓိကပြောရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ဖြစ်တာပေါ့နော်။ နောက်ပြီးဝန်ကြီးချုပ်ဖြစ်ခဲ့မယ်ဆိုရင်တောင် ကိုယ့်ပြည်နယ် အတွက် လုပ်ပိုင်ခွင့်မရှိတဲ့ ကဏ္ဍတွေ အများကြီး ကန့်သတ်ထားတာရှိတယ်။ အစစအရာရာ ပြည်ထောင်စုချုပ်ကိုင်ထားတဲ့ပုံစံမျိုး။ အဲဒါကြောင့် ပြည်သူတွေရဲ့လိုအပ်ချက်တွေ၊ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို တကယ့်တကယ် မရနိုင်ဘူးလို့လည်း ယုံကြည်ထားကြတယ်။ အဲဒါကြောင့် စိတ်မဝင်စားကြဘူးလို့လည်း အကျဉ်းချုပ်ပြောလို့ရတယ်" ဟု သုံးသပ်ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် ပြည်သူလူထုလိုလားသော ရွေးကောက်ပွဲကို ကျင်းပလိုပါက ြန်မာ တစ်နိုင်ငံလုံးရှိ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန်လိုအပ်ပြီး မြန်မာနိုင်ငံရှိအရေးပါသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးကာ ၂၀၀၈ ဖွဲ့စည်းပုံကို အရင်ပြင်သင့်သည်ဟု ကိုဦးသန်းနိုင်ကဆက်ပြောသည်။

 “ က်ရှိရခိုင်ပြည်မှာ စစ်ကောင်စီက အားနဲ့ လုပ်ရင်တောင်မှ မြို့ပေါ်အနည်းအကျဉ်းမှာသာ ဖြစ်နိုင်ပြီး ရက္ခိုင်အမျိူးသားအဖွဲ့ချုပ်ရဲ့  လွှမ်းမိုးထားတဲ့ ဒေသတွေ အထူးသဖြင့် ယ်ဘက်တွေမှာ အောင်မြင်မယ့် ခြေအနေနည်းပါးနေပါတယ်ဟု ပြောဆိုသည်။

လက်ရှိရခိုင်တွင် လူသိများသည့် ပါတီ ၃ ခုအနက် ရခိုင်ဦးဆောင်ပါတီ (AFP)အနေနှင့် ယခုလာမည့် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုထားပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီအနေဖြင့် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းရန်အတွက် ပြင်ဆင်နေသည့် ရွေးကောက်ပွဲဖြစ်နေ၍ မည်သည့်နည်းနှင့်မျှ ပူးပေါင်းပါဝင်သွားမည်မဟုတ်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ဗဟိုကော်မတီအစည်းအဝေးမှသာ ရွေးကောက်ပွဲ ဝင်/ မဝင်ကို ဆုံးဖြတ်မည်ဖြစ်ပြီး တစ်ဦးချင်းအလိုက် ပြောဆိုနေမှုများမှာ တရားမဝင်ကြောင်း ပါတီတာဝန်ရှိသူများကပြောဆိုသည်။

သဘာ၀ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ အမ်းဒေသခံ ကိုမျိုးလွင်က " အဓိကတော့ ပါတီတချို့ကလည်း ရွေးကောက်ပွဲမဝင်ဘူးလို့ အတိအလင်းကြေညာထားတာရှိတယ်။  လူထုထောက်ခံတဲ့ ါတီတွေတောင်မှ မဝင်ဘူးဆိုရင် ဒီရွေးကောက်ပွဲက တရားမျှတမှုရှိဖို့ ခက်ခဲမယ်။ ပြည်သူတွေက စစ်ကောင်စီ လုပ်တဲ့ရွေးကောက်ပွဲဟာ အမှန်တကယ်ပြည်သူကို အာဏာလွဲအပ်ချင်လို့ လုပ်တယ်ဆိုတာထက် သူတို့အတွက် ထွက်ပေါက်ရှာဖို့ လုပ်တာလို့ မြင်ကြတယ် " ဟု သုံးသပ် ပြောဆိုသည်။

၎င်းအပြင် လက်ရှိတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုလာသည့် ပါတီအချို့ ကိုလည်း ရခိုင်ပြည်သူလူထု ထောက်ခံမှု သိသိသာသာလျော့ဆင်းနေသည်ဟု ကိုမျိုးလွင်က ဆက်ပြောသည်။

" ဒီရွေးကောက်ပွဲမှာ ရခိုင်ပြည်သူလူထုဘက်က ဘယ်ပါတီရပ်တည်သလဲ။ ဘယ်ပါတီက လူထုကို မျက်ကွယ်ပြုသလဲဆိုတာ မြင်ကြရမှာပါ။ အခုတောင်  ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီအချို့တောင် ခိုင်ပြည်သူလူထု ထောက်ခံမှု သိသိသာသာလျော့ဆင်းနေတာကိုတွေ့နေရတယ်ဟု ပြောဆိုသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရခိုင်ပြည်တွင် ဖမ်းဆီးခံရမှု သတ်ဖြတ်ခံရမှုများကို စစ်တပ်က တောက်လျှောက်ပြုလုပ်ခဲ့သဖြင့်  စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို လိုလားမှု မရှိကြကြောင်း၊ အထူးသဖြင့် ULA/AA လမ်းစဉ်ကိုသာ ပြည်သူလူထုက ထောက်ခံမှုရှိပြီး စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်သူများကို စိတ်ဝင်စားမှု အများကြီးကျဆင်းနေကြောင်းပါတီကိုတောင်မှ မထောက်ခံတော့လျှင် ရွေးကောက်ပွဲကို ထောက်ခံမှုက ပိုနည်းသွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရက္ခိုင်အမျိူးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA)၏ ရက္ခိတလမ်းစဉ်ရှိနေပြီ ဖြစ်သဖြင့် ရခိုင်ပြည်တွင် အဆိုပါရွေးကောက်ပွဲသည် ရခိုင်ပြည်သူလူထုရဲ့ လိုလားချက်ကို ပုံဖော်နိုင်မည့် ရွေးကာက်ပွဲ မဟုတ်ဟုလည်း ကိုမျိုးလွင်က သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲသမာမှုရှိသည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပကာ ရွေးကောက်ပွဲအနိုင်ရပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဟု စစ်ကောင်စီဥက္က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

လက်ရှိရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာအရ စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးနေပြီး စစ်တပ်မိသားစုဝင်များနှင့်စစ်တပ်ထောက်ခံသူအနည်းအကျဉ်းမှလွဲ၍ ကျန်ရခိုင်လူထု ပူးပေါင်းပါဝင်နိုင်ခြေနည်းသည်ဟု မင်းပြားဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ရက္ခိုင်အမျိူးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA)က ရခိုင်ပြည်အတွင်း ရွေးကောက်ပွဲ ဖြစ်ခြင်း၊မဖြစ်ခြင်းမှာ ကျင်းပပြုလုပ်မည့်အချိန်တွင် ဖြစ်ပေါ်နေသည့် အခြေအနေအပြင် မြန်မာပြည်သူ တစ်ရပ်လုံး၏ ဆန္ဒအပေါ်လည်း မူတည်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသမိုင်းတစ်လျှောက်၌ ရခိုင်ပြည်သူတွေ၏ ဘဝ တိုးတက်မှုအတွက် တစ်စုံတစ်ရာ အထောက်အကူပြုနိုင်ခြင်းမရှိခဲ့ဟု ပြောဆိုထားသည်။ (NN-8)

 

ဆက်စပ် သတင်းများ