ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

မင်းပြားမြို့တွင် အခမဲ့ဆေးကုသရန်စာရင်းသွင်းသူများပြားသောကြောင့် အထူးကုဆရာဝန်ကြီးများ အဖွဲ့က တစ်ပတ်အထိရက်တိုးကုသပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

နိရဥ္စရာ၊ ဇန်နဝါရီ ၂၁/ ၂၀၂၃

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ အထူးကုဆရာဝန်ကြီးများဖွဲ့က အခမဲ့ (၃) ရက်တာ ဆေးကုသရန် စီစဉ်ထားသော်လည်း စာရင်းသွင်း လူနာများပြားသောကြောင့် () ရက်အထိ တိုးပြီး  အခမဲ့ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း မင်ပြားမြို့ခံ ဦးစိုးမင်းက နိရဉ္စရာသတင်းဌာနကိုပြောသည်။  

 

ယခင်က အခမဲ့ဆေးကုပေးမည့် ရက်ကို ဇန်နဝါရီ ၂၀ မှ ၂၂ ရက်နေ့ထိ (၃) ရက် သတ်မှတ် ထားသော်လည်း လက်ရှိတွင် ယနေ့ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ တစ်ပတ်တိတိ ရက်တိုးကာ ကုသပေးသွားမည်ဟု သိရသည်။

 

၁ရက်နေ့ကနေ ၂၇ရက်နေ့အထိ ထပ်တိုးလိုက်တယ်။ တစ်ပတ်တိတိ ကုသပေးမယ်။ စာရင်းလက်ခံရင်း လူနာကများတဲ့ အတွက် အခုတောင် စာရင်းပေးသွင်းထားတဲ့ လူနာ ၁၅၀၀ကျော်လောက် ရှိနေပြီ။ လူတွေခမျာ ပိုက်ဆံလည်း မတတ်နိုင်တဲ့အခါ ဒီလိုပါရဂူတွေနဲ့ ကုသရဖို့အတွက် သူတို့တွေလည်း အရမ်းဝမ်းသာ ကြတယ်။ ဒီလိုဆေးဝါးကုသဖို့ လာတာကို ဦးလေးတို့က အလွန်တရာစိတ်မှာ ပီတိဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်မြို့ကိုယ်ရွာတောင်မက နယ်ပေါင်းစုံက ဒီလိုလူပေါင်း များစွာကို ကူညီပေးရတဲ့အတွက်ဝမ်းသာပါတယ် “ ဟုပြောသည်။

 

လက်ရှိ စာရင်းပေးသွင်းသည့် လူနာများမှာ င်းပြားမြိုနယ်ကသာမက  မြေပုံမြိုနယ်၊ ပေါက်တောမြိုနယ်၊ မြောက်ဦးမြိုနယ်၊ အမ်းမြိုနယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့က လာရောက် စာရင်းပေးသွင်းကြပြီး ခန့်မှန်းခြေ ၃၀၀၀ ကျော်သွားနိုင်ည်ဟုလည်း ဆေးကုသမှုအတွက် စီစဉ်ပေးနေသူ တစ်ဦးဖြစ်သည့် င်ပြားမြို့ခံ ဦးစိုးမင်းက ပြောသည်။

 

အခမဲ့ကုသပေးမည့်ဆရာဝန်ကြီးများမှာ သမားတော်ဒေါက်တာရဲဇော်မျိုး ခွဲစိတ်ပါရဂူ ဒေါက်တာစိုးမြတ်မောင်၊ မျက်စိအထူးကုပါရဂူ ဒေါက်တာလှဌေးအောင်၊ သွားဘက်ဆိုင်ရာအထူးကုပါရဂူ ဒေါက်တာမြင့်သူအောင်၊ ကလေးအထူးကုပါရဂူ ဒေါက်တာဝင်းမင်းအောင်၊ ဓါတ်မှန်ပါရဂူ ဒေါက်တာတေဇကျော်ဖြစ်ကြပြီး အပါအဝင် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမ တို့ဖြစ်ကြသည်။  

 

အဆိုပါအခမဲ့ဆေးကုသပေးမှုအစီစဉ်ကို မင်းပြားမြို့နယ်အပြင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ထပ်မံပြုလုပ်ဆောင်ရွက်ရန်ရှိသည် ဟုလည်းသိရှိရသည်။ (NN-13)

 

(ဓါတ်ပုံ - မင်းပြားဦးစိုးမင်း)

ဆက်စပ် သတင်းများ