Preview

ခရီးသည်အများအပြားသွားနေ၇သည့် ပေါက်တော တောင်ဖူး-မြင့်ဂါ ကူးတို့ခ ဈေးအဆမတန်ကောက်နေ၍ ခရီးသည်များ အခက်တွေ့နေ

ဇန်နဝါရီ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :6963
ရခိုင် သတင်း

နိရဥ္စရာ၊ဇန်နဝါရီ ၂၀ /၂၀၂၃

 

ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်တွင် ခရီးသည်အများအပြား ကူးသန်းသွားလာနေ၇သည့် တောင်းဖူးနှင့်မြင့်ဂါသို့ပြေးဆွဲနေသော ကူးတို့ခဈေးနှုန်းသည် လက်ရှိတွင် အဆမတန်ကောက်ခံနေ၍အခက်တွေ့နေရသည်ဟု ခရီးသည်များက ပြောသည်။

 

တောင်ဖူး-မြင့်ဂါကူးတို့လိုင်းတွင် ကူးတို့ခအဖြစ်ယခင်နှစ်က လူတစ်ဦးလျှင် အသွား/အပြန် ကျပ် ၁ ထောင်နှင့်  ဆိုင်ကယ်တစ်စီးလျှင်အသွား/အပြန် ကျပ် ၂ ထောင်နှုန်းဖြင့်ကောက်ခံရန် မြို့နယ်စည်ပင်ကသတ်မှတ်ထားသည်ဟု သိ၇သည်။

 

လက်ရှိတွင် လူတစ်ဦးလျှင်အသွား/အပြန် ကျပ် ၃ ထောင်နှင့် ဆိုင်ကယ်တစ်စီးလျှင် အသွား/အပြန် ကျပ် ၆ထောင်မှ ၈ ထောင်အထိ တိုးမြှင့်ကောက်ခံနေ၍ အခက်တွေ့နေရခြင်းဖြစ်သည်ဟုခရီးသည်များက နိရဥ္စရာကို ပြောသည်။

 

ခရီးသည်တစ်ဦးကသူတို့ကတော့အကြောင်းပြတယ်။ ဆီစရိတ်များလို့။ ဆီစရိတ်များလို့ဆို သူတို့ သက်ဆိုင်ရာကိုတင်ပြရမယ်လေ။ဆီစရိတ် ဒီလိုကြီးမားတဲ့အတွက် ကျနော်တို့ ဥပမာ ၃၀၀ တင်မယ်၊ ၂၀၀တင်မယ်၊ ၁၀၀ တင်မယ် အဲလိုပဲ ရှိ၇မယ်လေ။ အခုကတော့ အဲလိုမရှိဘဲတင်ချင်သလိုတင်တယ်၊ လုပ်ချင်သလို လုပ်တယ်ဆိုတာကတော့ အဲဒါက ကျနော်တို့ပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လေဟု ပြောသည်။

 

စက်လှေဖြင့်မိနစ် (၂၀)ခန့်အကြာ ခုတ်မောင်းသွားလာ၇သည့် အဆိုပါတောင်ဖူး-မြင့်ဂါကူးတို့လိုင်းသည်ပေါက်တောမြို့နယ်အတွင်း ဘုရားဖူးများ အသွားအလာများတတ်သည့်ကူးတို့လိုင်းတစ်ခုဖြစ်သည်။

 

၇ခိုင်ပြည်တစ်ဝန်းမှ ဘုရားဖူးဧည့်သည်များအနေဖြင့်ယခုကဲ့သို့ ပွင့်လင်းရာသီတွင် မြင့်ဂါဘက်ခြမ်းရှိ မဟာရံတွင်ရှိသောကျေးဇူးတော်ရှင် ဆရာတော်ကြီး အသျှင်ဉာဏစက္က၏ မပုပ်မသိုးသည့်ရုပ်ကလပ်တော်အပါအဝင် တောင်းဖူး-တောင်ညိုဘုရားနှင့် ကံတော်တစ်ထောင်ဘုရားတို့ကိုဖူးမြော်ရန်လာရောက်တတ်ကြသည်ဟု ဒေသခံများက ပြောသည်။

 

စနေ၊တနင်္ဂနွေရုံးပိတ်ရက်များဆိုလျှင် ထောင်နှင့်ချီလာရောက်တတ်ကြသည်ဟုလည်းဒေသခံများက ပြောသည်။

 

ဘုရားဖူးများတွင် နွမ်းပါးသူများလည်းပါဝင်နေသည့်အတွက် ယခုကဲ့သို့ တိုးမြှင့်ကောက်ခံနေခြင်းမှာမဖြစ်သင့်ဟုလည်း ပေါက်တောမြို့မိမြို့ဖတစ်ဦးက ပြောသည်။

 

ဒီဘက်ကဘုရားဖူးခရီးသည်တွေက တကယ်ရှိလို့လာကြတာမဟုတ်ဘူး။ မရှိဘဲ လာနေကြတာ။ဘာပဲဖြစ်ဖြစ်ပေါ့။ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ အဲလို သူတို့ထွက်ပေါက်တစ်ခုရှာပြီးတော့ လာနေကြတာကို ဒီလို လုပ်ရင် ကျနော်တို့ပြည်သူတွေအပေါ်မှာ အရမ်း အခက်တွေ့စေပါတယ်ဟု ပြောသည်။

 

အဆိုပါကူးတို့လိုင်းကို တောင်းဖူးကျေးရွာမှဒေါ်ကျော့ခင်သောင်းက ယခင်နှစ်က ကျပ်သိန်း ၁၀၀ ခန့်ဖြင့်လေလံအောင်မြင်၍ လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီး ကူးတို့လိုင်းပိုင်ရှင်ဒေါ်ကျော့ခင်သောင်းအား နိရဥ္စရာက ဆက်သွယ်ရာ လက်ရှိတွင်စက်သုံးဆီဈေးနှုန်းများနှင့် စက်လှေမောင်းသမားစရိတ်တို့ မြင့်တက်နေသည့်အတွက်ယခုကဲ့သို့ တိုးမြှင့်ကောက်ခံနေ၇ခြင်းဖြစ်သည်ဟု ပြောသည်။

 

ကျမတို့မှာက တစ်ယောက်နဲ့လည်းပို့ရတယ်။ နှစ်ယောက်နဲ့လည်း ပို့၇တယ်။ ဆီဈေးတွေကလည်း တက်တယ်။အငှားစရိတ်ကလည်း တစ်ရက်မှာ တစ်သောင်းပေး၇ပါတယ်။ ကျမတို့မှာက ကိုယ့်အတွက်လည်းမကျန်ဘူးဟုပြောသည်။

 

ယခင်ကအဆိုပါကူးတို့ကို တောင်းဖူးမှတဆင့် မြင့်ဂါရွာဟောင်းဘက်ရှိကျောက်တန်းဆိပ်ကမ်းအထိသာပို့ဆောင်ပေးရသော်လည်း ယခုအခါ မြင့်ဂါရွာသစ်ဘက်ရှိမဟာရံသို့တက်သည့်ကားလမ်းအထိပို့ဆောင်ပေးနေ၇သည်ဟု ဆိုသည်။

 

သို့အတွက်ခရီးအကွာအဝေးကလည်း ယခင်ကထက် ၃ ဆကွာဝေးသွားသည့်အတွက် ယခုကဲ့သို့ဈေးပိုတောင်း၇ခြင်းဖြစ်သည်ဟု ပြောသည်။

 

ဓာတ်ပုံ- ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသည့် ကူးတို့လိုင်းစက်လှေတစ်စီးအား တွေ့၇စဉ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.