နိရဥ္စရာ၊ ဇန်နဝါရီ ၂၃/၂၀၂၃
၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ကျောင်းတောင်အုပ်စု၊ ဂန္ဓရူးကျေးရွာက ခမီတိုင်းရင်းသား ကိုလှမောင်နှင့်မစန္ဒာတို့၏ သားဖြစ်သူ အသက် ၂နှစ်ကျော်အရွယ် မောင်ထက်မြတ်အောင်မှာမွေးရာပါစအိုပေါက်မပါ၍ အရေးပေါ်ခွဲစိတ်ကုသရန်အကူညီလိုအပ်နေသည်ဟုသိ၇သည်။
မောင်ထက်မြတ်အောင်မှာမွေးရာပါစအိုပေါက်မပါသည့်အတွက်ကြောင့် အစာအိမ်ဟောင်းအူမကိုအပြင်သို့ထုတ်ထား၇သည်မှာ မွေးကတည်းကနေ ၂နှစ်ကျော်အရွယ် ယနေ့အချိန်ထိဖြစ်သည်ဟုကလေး၏ ဖခင်ဖြစ်သူ ကိုလှမောင်က နိရဥ္စရာကို ပြောသည်။
“ မွေးကတည်းကနေစအိုမပါတဲ့အတွက် အူမကိုအပြင်ကိုထုတ်ထားရပါတယ်။ ဒီလိုအူမကိုအပြင်ကိုထုတ်ထားရတဲ့အတွက် ကလေးကိုတစ်ယောက်တည်းထားလို့လည်းမ၇ဘူး။ အနားမှာကလေးထိန်းပေးမယ့်သူတစ်ယောက်က အမြဲနေ၇တယ်။ အူမမှာစွပ်ထားတဲ့အိတ်ကို ၁ရက်တစ်ကြိမ်၊တစ်ရက်တစ်မွန်းတည်း နေရင်တစ်ကြိမ်လှဲပေး၇ပါတယ်။ လှဲတဲ့အခါ ရေနွေးနဲ့သေချာသန့်ရှင်းပေး၇ပါတယ်။ ဘေးနားမှာပလာစတာကပ်ထားတာက ရေစိုလို့ကွာသွားရင် မစင်တွေက အပြင်ကို ထွက်သွားပါတယ်။ ဒါတွေကို ကျွန်တော်တို့ကအမြဲတမ်းသန့်ရှင်းရေးလုပ်ပေးနေ၇ပါတယ် “ ဟုပြောသည်။
အဆိုပါကလေးငယ်၏အစာအိမ်ဟောင်းကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ထုတ်ထား၇ပြီး လက်ရှိ စအိုပေါက်ကို ခွဲစိတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်ဟုသိ၇သည်။
ရန်ကုန်မြို့တွင် အဆိုပါကလေး၏မိဘနှစ်ပါးမှာ သူတို့၏သားဖြစ်သူ စအိုပေါက်ကို ခွဲစိတ် ကုသပေးနိုင်ရန်မိမိနေအိမ်ခြံကိုရောင်းကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ရက်နေ့ကဘူးသီးတောင်မြို့နယ်မှ ထွက်လာခဲ့သည်မှာ ၁ရရက်တာ ကြာလာခဲ့ပြီဖြစ်ပြီး၊ ခွဲစိတ်ပေးမည့် ငွေကြေးလုံလုံလောက်လောက် မတတ်နိုင်သည့်အတွက်ကြောင့်ယနေ့အထိ ခွဲစိတ်ရန်မဖြစ်နိုင်သေးဟု ၎င်းကဆက်ပြောသည်။
“ပထမပြတဲ့ပါရဂူဆရာမတစ်ယောက်နဲ့ပြတော အဲ့ဒီဆရာမက ကိုယ်ဝန်ဆောင်ထား၇တော့ ၄လပိုင်းမှခွဲစိတ်ပေးလို့မယ်ပြောတယ်။ ကျွန်တော်တို့က ရွာကအိမ်ကိုရောင်းပြီးလာ၇တာ ဒီပိုက်ဆံနဲ့ ၄လပိုင်းထိ နေဖို့ဆိုတာလဲပိုက်ဆံမတတ်နိုင်ဘူး။ မစောင့်နိုင်တော့ တခြားခွဲစိတ်ဆရာဝန်တွေဆီမှာပြကြည့်တယ်။ အဆင်မပြေဘူး။ နောက်တော့ မိုးကောင်းဆေးရုံက ခွဲစိတ်ဆရာဝန် တစ်ယောက်ကတာဝန်ယူပါတယ်။အနည်းဆုံး မကုန်ဘူးဆိုရင်တောင်သိန်း ၆၀လောက် ကုန်ကျမယ်လို့ပြောပါတယ်။ အဲ့လောက် ပိုက်ဆံမတတ်နိုင်လို့အခုချိန်ထိမခွဲစိတ်၇သေးဘူး"ဟုပြောသည်။
မောင်ထက်မြတ်အောင်တို့မိဘဖြစ်သူမှာ မိမိတို့ရွာတွင် ဟင်းသီးဟင်းရွက် ရောင်းဝယ်စားကြသည် ဟုသိ၇သည်။
လက်ရှိတွင် မောင်ထက်မြတ်အောင်နှင့်အတူ မိဖ ၂ ပါးမှာ ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်ရှိ ပညာမဥ္ဇူ ဘုန်းကြီးကျောင်းတွင်တည်းခိုနေကြသည် ဟုသိ၇သည်။
ယခုအခက်အခက်နှင့် ပတ်သတ်ပြီး၊ စေတနာရှင်များအနေများအနေဖြင့် အကူညီပေးလိုပါက မောင်ထက်မြတ်အောင်၏ဖခင် ကိုလှမောင် (ဖုန်း၀၉ ၄၅၆ ၃၈၅ ၀၃၉)၊ ကိုသန်းဌေး Kaypay/ Wavepay ၀၉၄၂၁ ၀၉၀ ၉၄၄ တို့ကိုဆက်သွယ် ကူညီပေးနိုင်သည်ဟု သိ၇သည်။ (NN-13)