သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် တိပိဋကာလင်္ကါရစာမေးပွဲနှင့် သာသနာလင်္ကာရစာမေးပွဲကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.4k

နိရဉ္စရာ၊ ဇန်နဝါရီ ၂၃/ ၂၀၂၃

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် (တတိယအကြိမ်) တိပိဋကာလင်္ကါရစာမေးပွဲနှင့် (အဋ္ဌမအကြိမ်) သာ

သနာလင်္ကါရစာမေးပွဲကို ကျင်းပနေသည်ဟု သိရသည်။

 အဆိုပါစာမေးပွဲကို စစ်တွေမြို့၊ လောကနန္ဒာစေတီတော်မြတ် ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ယနေ့ဇန်နဝါရီလ ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိ ၃ရက်တိုင်တိုင်ကျင်းပနေခြင်းဖြ်ပြီး ရဟန်းတော် အပါး ၂၀၀ ကျော် ဝင်ရောက်ဖြေဆိုနေသည်ဟု သိရသည်။

 သာသနာတော်ဆိုင်ရာ စာမေးပွဲများ ကျင်းပရခြင်းမှာ ရခိုင်ပြည်တွင် ယခင်က ယခုကဲ့သို့ တိပိဋကာလင်္ကါရနှင့် သာသနာလင်္ကါရ(သာမဏေကျော်)စာမေးပွဲများပြုလုပ်ပေးခြင်းမရှိ၍ ရခိုင်မှ သံဃာတော်များသည် ရန်ကုန်၊ မန္တေး၊ ပခုက္ကူစသည့်ဒေသများသို့သွားရောက်ကာ စာသင်နေခဲ့ရခြင်း၊ ယင်းဒေသတို့တွင် အခြေချသီတင်းသုံးနေထိုင်မှုများက အဆင်မပြေမှုများရှိခြင်း၊ သာသာနာတော်တိုးတက်ရန်နှင့် အိပ်မောကျနေသောပရိယတ္တိကို နိုးထလာစေရန် ရည်ရွယ်လျှက် ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။

 "ရခိုင်မှာက အရင်က တိပိဋကာလင်္ကါရစာမေးပွဲနဲ့ သာသနာလင်္ကါရစာမေးပွဲက မရှိခဲ့ဘူး။ မရှိတော့ ငယ်၊ လတ်၊ ကြီးကို ဖြေကြတယ်။ ငယ်၊လတ်၊ ကြီးကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် စာသင်သားတွေက ထိထိရောက် ပရိယတ္တိကိုမလုပ်ခဲ့ကြဘူး။ စာချမှုတွေအားနည်းတာကလည်း တစ်ကြောင်း။ မသမာမူတွေကလည်းတစ်ကြောင်း၊ သူတို့ကပရိယတ္တိကို ထိထိရောက်ရောက မသင်နိုင်ခဲ့ကြဘူး။ ဒါကြောင့် ရခိုင်ပြည်မှာ အိပ်မောကျနေတဲ့ ပရိယတ္တိကို နိုးထသွားစေဖို့အတွက် ကျင်းပရခြင်းဖြစ်ပါတယ်" ဟု စစ်တွေမြို့၊ရက္ခပူရသာသနာ့ဗိမာန်၊ ကိုယ်တော်ဦးအဂ္ဂက မိန့်ကြားသည်။

 အဆိုပါစာမေးပွဲကို  နေ့လယ် ၁နာရီမှ ညနေ ၄ နာရီအထိကျင်းပနေခြင်းဖြစ်ပြီး ရခိုင်တစ်ပြည်လုံးတွင် တတိယအကြိမ် တိပိဋကာလင်္ကါရစာမေးပွဲကို ဖြေဆိုနေသည့် စာသင်သားရဟန်း ၆ပါးအပါအဝင် အဋ္ဌမအကြိမ် သာသနာလင်္ကါရစာမေးပွဲဖြေဆိုနေသည့် စာသင်သားရဟန်း စုစုပေါင်း၂၀၀ခန့်ရှိသည်ဟု သိရသည်။

 တိပိဋကာလင်္ကါရစာမေးပွဲသည် သာသနာလင်္ကါရစာမေးပွဲထက် အဆင့်မြင့်ကာ ဓမ္မစရိယနည်းပညာ၊ တိပိဋကာ အာဂုံဖတ်ခြင်း၊ တိပိဋကာလင်္ကါရ သဘောထားပိုင်းဆိုင်ရာတို့ရှိသည်ဟု သိရပြီး သာသနာလင်္ကါရစာမေးပွဲသည်လည်း ပထမ၊ ဒုတိယ၊ တတိယ(၃)ဆင့်ရှိကာ ဥပစာတန်း၊ မူလတန်းအဆင့်တို့ပါဝင်သည်ဟု သိရသည်။

 "တိပိဋကာလင်္ကါရစာမေးပွဲက သာသနာလင်္ကါရစာမေးပွဲထက် အဆင့်မြင့်တယ်။ တိပိဋကာ နူတ်ကျအာဂုံဆောင်ဖတ်ခြင်း၊ တိပိဋကာလင်္ကါရသဘောထားပိုင်းတို့ပါတယ်။ သာသနာလင်္ကါရစာ

မေးပွဲကတော့ သာမဏေကျော် ပ၊ဒု၊တဆိုပြီး ၃ ဆင့်ရှိတယ်။  မတူဘူး။ သာသနာလင်္ကါရဆိုတာက သာသနာကိုတန်ဆာဆင်ခြင်းလို့ အဓိပ်ပ္ပါယ်ရ တယ်။ တိပိဋကာလင်္ကါရစာမေးပွဲထက်နိမ့်တယ်။ တိပိဋကာလင်္ကါရစာမေးပွဲက မြင့်တယ်။ အကြီးတန်းအောင်ပြီးမှ ဖြေရတယ်။ တိပိဋကာလင်္ကါရ ဖြေဆိုတဲ့ရဟန်း ရခိုင်မှာ ၆ပါးလောက်ပဲရှိတယ်။ ကျန်တာကတော့ သာသနာလင်္ကါရသာမဏေကျော် ပ၊ ဒု၊ တ (၃)ဆင့်နဲ့ ဥပစာတန်း၊ မူလတန်းအဆင့်လာဖြေကြတာ" ဟု စာဖြေရဟန်းတော်တစ်ပါးက မိန့်သည်။

 ယင်းစာမေးပွဲကို ရက္ခပူရသာသနာ့လင်္ကာရအသင်းမှကျင်းပခြင်းဖြစ်ကာ ရခိုင်တွင် သာသနာတော် ပြန်လည်ထွန်းကားပြန့်ပွားလာစေရန်အတွက် ရက္ခပူရသာသနာလင်္ကာရအသင်းကို စစ်တွေတွင် ၂ဝ၁၅ ခုနှစ်မှ စတင်ထူထောင်ပြီး ၂ဝ၁၆ ခုနှစ်မှစတင်ကာ ယခုကဲ့သို့ တိပိဋကာလင်္ကါရစာမေးပွဲနှင့် သာသနာလင်္ကါရ (သာမဏေကျော်)စာမေးပွဲကို ပြုလုပ်ပေးနေရခြင်း ဖြစ်သည်ဟုလည်း သိရသည်။(NN-12)

ဆက်စပ် သတင်းများ