စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ နွားတစ်ကောင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.4k

နိရဉ္စရာ၊ ဇန်နဝါရီ ၂၃/၂၀၂၃


မင်းပြားပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီး တောင်ဖြူတောင်တွင် မိုင်းကို နင်းမိသည့်အတွက် နွားတစ်ကောင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။


အဆိုပါ မိုင်းပေါက်ကွဲမှုမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နွားတစ်ကောင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။


စစ်တပ်က ထောင်ထားတဲ့ မိုင်းပေါက်တာ ဟုတ်ပါတယ်။ လူထိခိုက်မှုတော့မကြားမိဘူး။ နွားတစ်ကောင် သေတယ်လို့ဘဲ ကြားတယ်။


အဆိုပါ တောင်ဖြူတောင်အနီးတွင် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း မိုင်းပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့သော် လည်း လူထိခိုက်မှုမရှိပေ။


အလားတူ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းအနီး မောင်းဆွဲ၊ နာဒင် သုဿန်ကို ထင်းခုတ်သွားသည့် ခမီးအမျိုးသား လူငယ်တစ်ယောက်ဖြစ်သူ ကိုကျော်ဆန်းမှာ စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ညာဖက်ခြေထောက် ပြတ်သွားသည့်အတွက် မြောက်ဦး ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိသည်။


ယင်းအပြင် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှု တစ်ကြိမ်နဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ဝက်ကျိန်းကျေးရွာဘက်တွင် တစ်ကြိမ် မိုင်းပေါက်ကွဲမှု ဖြစ် ပွားခဲ့သည်။

 

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ် ရပ်စဲပြီးနောက် ရခိုင်ပြည်တွင် အနည်းဆုံး မိုင်းပေါက်ကွဲမှု ၅ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီးဖြစ်သဖြင့် စစ်ကျန်မိုင်းများကို ပြန်လည်ဖယ်ရှားရန်  ပြည်သူများက လိုလားနေကြောင်း သိရှိရသည်။


ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်အကြွင်းအကျန်နှင့် မိုင်းပေါက်ကွဲမှုများကြောင်း အရပ်သားပြည်သူ ၄၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူလည်း ရာနှင့်ချီပြီး ရှိနေသည်ဟု  သိရှိရသည်။

ဆက်စပ် သတင်းများ