နိရဥ္စရာ၊ဇန်နဝါရီ ၂၄/၂၀၂၃
နိုင်ငံတကာ ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် မေယုမြစ်၀ရှိ နံ့သာကျွန်းကို နိုင်ငံတော်၏ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသော်လည်း စစ်ကောင်စီ အစိုးရဌာနဆိုင်ရာများမှ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းနေသဖြင့် ၎င်းကျွန်းပေါ်နှင့် အနီးဝန်းကျင်တွင် ကျက်စားနေသည့် ရေနေသတ္တဝါများနှင့်ရှားပါးငှက်မျိုးစိတ်များအတွက် စိုးရိမ်စရာဖြစ်နေကြောင်းသတင်းရရှိသည်။
နံ့သာကျွန်းတွင် ဂေဟစနစ်ကောင်းမွန်ပြီးတိရစ္ဆာန်များအတွက် အစာရေစာပြည့်လျှံ ပေါများသည့်အတွက် တစ်ကမ္ဘာလုံး၌မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်းငှက် ဒုတိယအများဆုံး လာရောက်ဆောင်းခိုလေ့ရှိသည့်အပြင်နှုတ်တိုရှည်ငှက်နှင့် နော်မန်ခြေစိမ်းငှက် အစရှိသောရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် ဌာနေငှက်များအပါအဝင်ပင်လယ်လိပ်မျိုးများ၊ ၇ခိုင်လင်းပိုင်များ၊ ရေနေသတ္တဝါများလာရောက်ကျက်စားကြသည်ဟု သိ၇သည်။
၇ခိုင်ဇီ၀မျိုးစုံမျိုးကွဲနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌကိုရန်နောင်စိုးက “လက်ရှိမှာ နံ့သာကျွန်း ဧရိယာအတွင်းမှာငှက်ဖမ်းမှု၊ ကျားပိုက်ချမှုတွေကြောင့် ကျွန်းကိုလာရောက် ဆောင်းခိုတဲ့ ရှားပါးငှက်မျိုးစိတ်တွေ၊ ပင်လယ်လိပ်တွေ နေ့စဉ်နဲ့ အမျှသေဆုံးနေ၇ပြီး စက်ကြီး၊ သင်္ဘောကြီးတွေနဲ့ သဲတူးမှုတွေကြောင့်လည်းသန္တာကျောက်တန်းတွေနဲ့ ကျွန်းဧရိယာ ဆုံးရှုံးမှုများရှိနေပါတယ်” ဟု ပြောသည်။
၎င်းပြင် ကျွန်းပေါ်တွင်ဒီရေတောများရှိသည့်အတွက် ထင်းခုတ်မှုများမရှိအောင်လည်း ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ပြီး ရေဝပ်ဒေသနယ်မြေတစ်ခု မပျက်စီးအောင်ကာကွယ်သင့်သည်ဟုပြောသည်။
"ဘယ်အဖွဲ့အစည်းကမှလည်းဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ပြီး ဥပဒေအ၇ ဆောင်ရွက်မှုတွေ၊ထိမ်းသိန်းကာကွယ်တာတွေမရှိပါဘူး။ ဒီအတိုင်းသာဆိုဒီကျွန်းက ပျက်စီးသွားနိုင်ပါတယ် "ဟု ပြောသည်။
၇ခိုင်ပြည်နယ်စစ်တွေမြို့နယ်နှင့် ၇သေ့တောင်မြို့နယ်အကြား မေယုမြစ်၀တွင် တည်ရှိသည့်အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခံထား၇သည်မှာ တစ်နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း နံ့သာကျွန်းကိုထိန်းသိမ်းစောင့်ရှောက်မှုတစ်စုံတစ်ရာမရှိသေးကြောင်း ကိုရန်နောင်စိုးက ဆက်လက် ပြောသည်။
"တကယ်က အစိုးရကတရားဝင် အဏ္ဏဝါအမျိုးသားဥယျာဉ်လို့ သတ်မှတ်လိုက်တယ်ဆိုတာနဲ့ သူတို့မှာတာဝန်ရှိသွားပြီ။ အဓိကဝန်းကျင် သားငှက်က တာဝန်ရှိတယ်။ ညွှန်ကြားချက်တွေထုတ်ပြီးသူတို့ ကွင်းဆင်း၇မယ်။ နယ်မြေပိုင်းခြား သတ်မှတ်တာတွေ၊အုတ်တိုင်စိုက်တာတွေလုပ်လာ၇မယ်။ စသည်ဖြင့် လုပ်ငန်းစဉ်တွေအများပြီးရှိတယ်ပေါ့။သူတို့မှာ သတ်မှတ်လိုက်ပြီဆိုတာနဲ့လုပ်ပေးဖို့ တာဝန်ရှိတယ်။ဒါပေမယ့် လက်ရှိအချိန်ထိ တစ်ခုမှမလုပ်ပေးသေးဘူး။ကျနော်တို့ကတော့ တက်နိုင်သလောက်လုပ်နေကြတာပဲပေါ့"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်၊သစ်တောဦးစီးအရာရှိ ဦးသန်းမင်းအေးကို နိ၇ဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာနယ်နမိတ် သတ်မှတ်မှုကို စတင်ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ပြောကြားသည်။
"အခုက ဘယ်လိုပြောမလဲ။ တာဝန်ပိုင်းအနေနဲ့ ဥယျာဉ်အုပ်ချုပ်ရေးမှူးတို့ ဘာတို့တော့မထားနိုင်သေးဘူးပေါ့။ ဒါပေမယ့် နံ့သာကျွန်းကိုတော့အမျိုးသားဥယျာဉ်အဖြစ်ဆောင်ရွက်ဖို့အပြီးသတ်နယ်နိမိတ်လုပ်ငန်းတွေဆောင်ရွက်ဖို့ ပြင်ဆင်နေတာပေါ့။ဘယ်နေရာကတော့ နံ့သာကျွန်းဧရိယာထဲပါဝင်တယ်။ ဘယ်နေရာကတော့ မပါဝင်ဘူး။ဒါမျိုးတွေအများပြည်သူသိဆောင် အောင်ရွက်ဖို့ပြင်ဆင်နေပါတယ်။ နောက်ပြီးနယ်နိမိတ်အတိုင်းအတာနဲ့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ပြင်ဆင်နေပါတယ်"ဟုပြောသည်။
နံ့သာကျွန်းသည် ရေမြေဧက၂၂,၉၇၉ဧကကျယ်ဝန်းပြီး စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ မေယုမြစ်၀နှင့်ဘင်္ဂလားပင်လယ်အော်ကြား ရသေ့တောင်မြို့နယ်အပိုင်တွင် တည်ရှိသည်။
နံ့သာကျွန်းကိုအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရက်စွဲ နှင့် ထုတ်ပြန်ခဲ့သည်။
ယင်းအပြင်နံ့သာကျွန်းသည် ရေဝပ်ဒေသအချက် ၆ ချက်ဖြင့်ပြည့်စုံသည့်အတွက် ကမ္ဘာအနှံ့အပြားမှ ရေဝပ်ဒေသများကိုထိန်းသိမ်းကာကွယ်ရန်ဖွဲ့စည်းထားသည့်Ramsar အဖွဲ့၏ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေအဖြစ်၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်တွင် သတ်မှတ်ခြင်းခံထားရသောကျွန်းတစ်ကျွန်းဖြစ်သည်ဟုလည်း သိ၇သည်။(NN-7)