Preview

၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် ရခိုင်မြောက်ပိုင်းပဋိပက္ခအတွင်း ချွတ်ပြင်ရွာဖြစ်စဉ်အားစစ်ဆေးရန်ဖွဲ့ထားသည့် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို စစ်ကောင်စီကပြင်ဆင်ဖွဲ့စည်း

ဇန်နဝါရီ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :4060
ရခိုင် သတင်း

နိရဥ္စရာ၊ ဇန်နဝါရီ၂၄ /၂၀၂၃

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ၇ခိုင်ပြည်နယ်မြောက်ပိုင်းပဋိပက္ခအတွင်း လူအစုလိုက်အပြုံလိုက် အသတ်ခံခဲ့၇သည့် ၇သေ့တောင်မြို့နယ်ချွတ်ပြင် (မွတ်ဆလင်)ကျေးွာဖြစ်စဉ်နှင့်ပတ်သက်သည့်အထူးစုံစမ်း စစ်ဆေးရေး ခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စ်ကောင်စီကယနေ့တွင် သတင်းထုတ်ပြန်သည်။

ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက်အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌတာဝန်ပေးအပ်ထားသော ဗိုလ်ချုပ်မြတ်ကျော်သည်တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးဖြစ်သဖြင့် ယခုကဲ့သို့ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ ဇန်နဝါရီလ ၂၄ ရက်ထုတ်စစ်ကောင်စီပိုင်သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားသည်။

အထူးစုံစမ်းစစ်ဆေးရေးခုံရုံးကို ပြင်ဆင်ဖွဲ့စည်းရာတွင်ယခင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော်နေရာတွင် ဗိုလ်မှူးချုပ်စိုးတင့်ကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးထားပြီး ဗိုလ်မှူးကြီး သန်းလှိုင်နှင့်ဗိုလ်မှူးကြီး မျိုးအောင်တို့က အဖွဲ့ဝင်အဖြစ် တာဝန်ပေးပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊သြဂုတ်လအတွင်းဖြစ်ပွားခဲ့သည့်အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ဆက်စပ်ဖြစ်ပွားခဲ့သည့် ရသေ့တောင်မြို့နယ်ချွတ်ပြင်ကျေးရွာနှင့် ဘူးသီးတောင်မြို့နယ် မောင်နုကျေးရွာဖြစ်စဉ်များနှင့် ပတ်သက်သည့်ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး ဗိုလ်ချုပ်မြတ်ကျော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သောအထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို စစ်တပ်က ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့အနေဖြင့်မောင်နုကျေးရွာဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်းချွတ်ပြင်ကျေးရွာဖြစ်စဉ်တွင်ပါဝင်သော အရပ်သားများသည်ချွတ်ပြင်ကျေးရွာတွင်လည်းကောင်း၊ အနီးဝန်းကျင်ရှိကျေးရွာများတွင်လည်းကောင်းနေထိုင်မှု မရှိတော့ခြင်း၊ကိုဗစ်ရောဂါဖြစ်ပွားခဲ့ခြင်းနှင့် သွားလာမှုကန့်သတ် ထိန်းချုပ်ထားရှိခြင်းတို့ကြောင့်ယာယီအမှုပိတ်သိမ်းခဲ့၇သည်ဟု ဆိုသည်။

စစ်ဆေးရန်ကျန်နေသေးသည့်ချွတ်ပြင်ရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး လိုအပ်သည့် စစ်ဆေး ဆောင်ရွက်မှုများ ကိုလည်း ယခုပြင်ဆင်ဖွဲ့စည်းလိုက်သည့်အထူးစုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ကဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ဆေးမှုရလဒ်ကိုစစ်တရားရုံးထံတင်ပြပြီး ပြစ်ဒဏ်ချမှတ်ဆုံးဖြတ်မည့်အပိုင်းက စစ်တရားရုံးကစီရင်ဆုံးဖြတ်ရမည်ဟုလည်း သိ၇သည်။

ယခုကဲ့သို့ စစ်ဆေးရန်ကျန်နေသေးသည့်ချွတ်ပြင်ရွာဖြစ်စဉ်အား ပြန်လည်စစ်ဆေးရန် စစ်ကောင်စီကပြင်ဆင်ဆောင်ရွက်လာခြင်းမှာ နိုင်ငံတကာဖိအားကြောင့်ဖြစ်နိုင်သည်ဟုဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကနိရဥ္စရာကိုပြောသည်။

ဒါကတော့ သူတို့နိုင်ငံတကာဖိအားနဲ့ အဲလို နိုင်ငံတကာကိုပြဖို့အတွက်လုပ်တဲ့ လုပ်ရပ်လို့မြင်တယ်ပေါ့လေ။ ဆိုတော့ ဘယ်လောက်ထိ ပွင့်လင်းမြင်သာမှုရှိလဲဆိုတာကတော့ သူတို့လုပ်ရပ် အပေါ်မှာ မူတည်မယ်ပေါ့။သူတို့လုပ်လိုက်တာကိုကော နိုင်ငံတကာက ဘယ်လောက်အသိအမှတ် ပြုမလဲ။ အဲဒီအပေါ်မှာ မူတည်မယ်ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂၅ ရက် ညသန်းခေါင်ယံအချိန်တွင် ARSA လက်နက်ကိုင်အဖွဲ့က ဘူးသီးတောင်၊မောင်တော၊ ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းမှ ၃၀ ကျော်နှင့်စစ်တပ် တပ်ရင်းတစ်ခုကို တပြိုက်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်
 စစ်တပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးစဉ်ချွတ်ပြင် (မွတ်ဆလင်) ရွာနှင့်မောင်နုကျေးရွာဘက်တွင် နေအိမ်များမီးရှို့ခံ၇ပြီးလူအစုလိုက်အပြုံလိုက် အသတ်ခံ၇မှုများ ဖြစ်ပွားခဲ့သည်ဟု သိ၇သည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)၏၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၁ ရက်ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင်ချွတ်ပြင်ကျေးရွာ၌ ARSA တိုက်ခိုက်ရေးသမားများနှင့်မွတ်ဆလင် အရပ်သားများအပါအဝင်လူဦးရေ၁၀၀ ခန့်နှင့် မောင်နုကျေးရွာတွင် လူဦးရေ ၁၀၀ နှင့် ၂၀၀ ကြား အသတ်ခံခဲ့၇သည်ဟု ဖော်ပြခဲ့သည်။

ယင်းသို့စွပ်စွဲပြောဆိုထားမှုများနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်သိရှိစေရန်ဟုဆိုကာ စစ်ကောင်စီ တပ်ဘက်ကအထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကိုဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည်။

ထို ၂၀၁၇ခုနှစ်အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တော၊ ဘူးသီးတောင်နှင့်၇သေ့တောင်မြို့နယ်အတွင်းမှ မွတ်လင်များ အများအပြားေဆုံးမှုများရှိခဲ့သလိုသိန်းနှင့်ချီသော မူဆလင်များသည်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့၇ကြောင်းနိုင်ငံတကာ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

 

ဒေသခံ ၇ခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီးအပါအဝင် ဟိန္ဒူဘာသာဝင်များလည်း သေဆုံးခဲ့၇ပြီး ဒေသခံ ရခိုင်နှင့်၇ခိုင်မျိုးနွယ်စုဝင် သောင်းနှင့်ချီ နီးစပ်ရာမြို့ကြီးများသို့ထွက်ပြေးတိမ်း ရှောင်ခဲ့၇သည်။

 

ဓာတ်ပုံ- ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း မီးရှို့ခံခဲ့ရသည့် မောင်တောမြို့နယ်မှကျေးရွာတစ်ခုအားတွေ့၇စဉ်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.