- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဇန်နဝါရီ ၂၅/၂၀၂၃
ရွာသားအနည်းဆုံး ၂၀ ဦးခန့် သတ်ဖြတ်ခံရပြီး အိမ်ခြေ ၁၀၀ ကျော်မီးရှို့ခံထားရသည့် ကျောက်တော်မြို့နယ် တင်းမရွာသားတို့ နေရပ်ပြန်ခွင့်ရရန် အကြိမ်ကြိမ်အလီလီ စာရေးတင်ပြ ဆောင်းဆိုသော်လည်း စစ်ကောင်စီတာဝန်ရှိသူများက အကြောင်းတစ်စုံတစ်ရာ မပြန်ကြားဘဲ ရေငုံနုတ်ပိတ်နေသည်ဟု သိရှိရသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ အလွတ်သဘော အပစ်ရပ်ပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းမရှိတော့၍ တင်းမကျေးရွာသားများအနေဖြင့် နေရပ်ပြန်ခွင့်ရရန် စစ်ကောင်စီထံ (၉) ကြိမ်မြောက် စာရေးတင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိဟု ကျေးရွာသားများက ပြောသည်။
“ သူတို့က ဘာမှ အကြောင်းမပြန်ဘူး။ စာရေးတင်ပြတောင်းခံထားတာက တစ်လကျော်ပြီ။ သူတို့ စစ်တပ် တာဝန်ရှိသူတွေက ရခိုင်မှာ စစ်ဘေးရှောင်တွေပြန်ခွင့်ရပြီလို့ ပြောနေပေမယ့် ကျွန်တော်တို့ ရွာသားတွေကိုကျတော့ ပြန်ခွင့်မပေးဘူး။ ကျွန်တော်တို့ရွာက လူတွေကို သတ်ထားပြီး အိမ်တွေကို မီးရှို့ထားတဲ့အတွက် ပြန်ခွင့်မပြုတာလား။ စစ်တပ်လည်း အနီးအနားမှာ စခန်းချထားတော့ စစ်ရေး အခြေအနေကြောင့်လားတော့ မသိဘူး။ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းမှာ နေလာတာ သုံးနှစ်ကျော် လေးနှစ်ထဲကို ရောက်ပါတော့မယ်။ စခန်းတွေမှာက ဒုက္ခလည်း အများကြီးဆိုတော့ ကိုယ့်ရပ်ရွာ ကိုယ်ပြန်ပြီး လုပ်ကိုင် စားသောက်ချင်ပါပြီ” ဟု ကျေးရွာလူကြီး တစ်ဦးက ပြောသည်။
တင်းမကျေးရွာတွင် အိမ်ခြေ ၆၀၀ နီးပါးခန့်ရှိပြီး ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ထားကာ ကျန်နေအိမ်များကို ဖြိုဖျက်ကာ စစ်တပ်အတွက် အဆောင်များဆောက်လုပ်ခြင်း၊ အိမ်ကြီးများမှ တိုင်နှင့် ပျဉ်များကို ခွာယူကာ ရောင်းချခြင်းများ ပြုလုပ်နေသည်ဟုလည်း သိရသည်။
လွန်ခဲ့သည့် တစ်လခန့်က
တင်းမရွာကို လျို့ဝှက် သွားရောက်ကြည့်ရှုခဲ့သူ ရွာသားတစ်ဦးက “
ရွာဖက်ကို သွားကြည့်တုန်းက အခြေအနေ အရမ်းဆိုးဝါးသွားပြီ။
ဘုန်းကြီးကျောင်းမှာလည်း ပျဉ်တွေ၊ တိုင်တွေ၊
မှန်တွေ ဘာမှမရှိတော့ဘူး။ ရွာသားတွေမသယ်နိုင်လို့ ထားခဲ့တဲ့ နွားအကောင် ၃၀၀ ကျော်လည်း
၆၀လောက်ပဲ ကျန်ရှိတော့တယ်။ စစ်သားတွေက ပစ်သတ်စား၊ နေအိမ်တွေက သစ်၊ သံ၊ သွပ်တွေခွာပြီးရောင်း၊
တစ်ရွာလုံး ပျက်စီးပြီး အားလုံးကအမှိုက်ပုံဆိုးလည်းဖြစ်
ထိုကဲ့သို့ ရွာအတွင်းရှိ နေအိမ်များ တစ်နေ့ထက် တစ်နေ့ပျက်စီးလာပြီး စစ်သားများအပါအဝင် မသမာသူများက အိမ်ကောင်းများမှ သစ်များကို ခွာယူရောင်းချမှုများရှိနေ၍ ကျေးရွာသားများ အနေဖြင့် ရွာကို ပြန်လိုနေကြသည်ဟု ပြောဆိုသည်။
လက်ရှိတင်းမကျေးရွာသားများမှာ စစ်ဘေးရှောင်စခန်းများတွင် အစားဆင်းရဲ၊ အနေဆင်းရဲစွာဖြင့် နေထိုင်နေရသောကြောင့် နေရပ်ကိုပြန်ချင်ကြောင်း တင်းမကျေးရွာမှ ဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။
"ကျမတို့ဆရာတော်နဲ့ ရွာသားတွေက
တောင်းဆိုထားတာရှိတယ်။ သူတို့ဖက်က ဘာမှ လုပ်ပေးတာတော့မရှိဘူး။ ကျမတို့ကတော့
စစ်ပွဲကလာမှနေရင်းနဲ့တော့ လေးနှစ်တာကာလရှိပါပြီ။ ဆရာတော်နဲ့ရွာသားတွေကတော့
နေရပ်ကိုအရမ်းပြန်ချင်နေကြပါပြီ
ထိုသို့ ရွာသာများ ရွာပြန်လိုသဖြင့် အကြိမ်ကြိမ် စာရေးတင်ပြတောင်းဆိုသော်လည်း သက်ဆိုင်ရာ စစ်ကောင်စီ အာဏာပိုင်များက အကျိုးအကြောင်းတစ်စုံတစ်ရာ ပြန်ကြားမှုမရှိ၍ စိတ်ပျက်မိကြောင်း တင်းမဆရာတော် ဦးဝါယာမိန္ဒက မိန့်ကြားသည်။
"အခြေအနေတစ်ခုမှမထူးခြားဘူး။
သူတို့ အစိုးရဘက်က
တခုမှပြောလာတာလည်းမရှိဘူး။ ပြန်ဖို့ဘာညာ
တစ်ခုမှအကြောင်းကြားလာတာလည်းမရှိ
စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသည့် တင်းမကျေးရွာမှ ရွာသား ၃၀၀၀ ကျော်သည် ၂၀၂၀ ခုနှစ် မတ်လအတွင်းက မြန်မာစစ်တပ်က လူ ၂၀ ခန့်ကို ဖမ်းယူသွားကာ သတ်ဖြတ်ပစ်ပြီး ထပ်မံ၍ ရွာလည်း မီးရှို့ခံရသဖြင့် စိတ်ပိုင်းဆိုင်ရာအရ အထူးထိခိုက်မှုရှိနေသည်ဟု သိရသည်။
မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုသည် ၂၀၂၀ မတ်လအတွင်းက ရက္ခိုင့်တပ်တော် (အေအေ) နှင့် တင်းမကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တင်းမသစ်ကျေးရွာထဲကို ဝင်ရောက်လာပြီး ရွာသား ၈ ဦးကို မျက်နာဖုံးစွပ်ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ နောက်ထပ် မတ်လ ၁၆ ရက်နေ့တွင် တစ်ဖန် တင်းမကြီးကျေးရွာမှ ရွာသား ၁၀ ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၎င်း၁၈ ဦးအပါအဝင် နောက်ထပ် ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းစောင့် ကျန်နေခဲ့သူ ၃ ဦးကိုလည်း စစ်တပ်က အစဖျောက်သတ်ပစ်ခဲ့လိုက်သည်ဟု ခိုင်လုံသော သတင်းရင်းမြစ်အရ သိရှိရသည်။
ဖမ်းဆီးခံလိုက်ရသူ ၁၈ ဦးတို့အနက် အသက် ၄၈ နှစ်အရွယ် တင်းမကြီးကျေးရွာသား ဦးမောင်ဝင်းကို မတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးခြင်းခံလိုက်ရပြီး သုံးရက်အကြာ ၁၉ ရက်တွင် သူ့၏ အလောင်းအား ကုလားတန်မြစ်ထဲတွင် လက်ပြန်ကြိုး တုတ်ပြီး ညိုမဲနေသည့် ဒဏ်ရာများနှင့် တွေ့ရှိခဲ့ရသည်ဟု ဇနီးဖြစ်သူ ဒေါ်ဘူဘူက ပြောဆိုထားသည်။
တင်းမကျေးရွာက ပျောက်ဆုံးသူများအထဲတွင် အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသားတစ်ဦး၊ အသက် ၂၉ နှစ်အရွယ် ဆွံ့အနားမကြားသူတစ်ဦးတို့ပါဝင်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ အသက် (၁၄) နှစ် နှင့် အသက် (၇၀)အကြား အရွယ်များဖြစ်ကြသည်ဟု သိရသည်။
ဖမ်းဆီးခံရပြီးနောက် အစဖျောက် အသတ်ခံလိုက်ရသည့် တင်းမကြီးကျေးရွာသားများမှာ ဦးမောင်ဝင်းကြီး (၄၈)၊ ဦးမောင်ဝင်းချေ (၄၂)၊ ဦးကြည်လင်း (၃၆)၊ ဦးအောင်ညွန့် (၆၀)၊ ဦးမောင်ဝန်းစိန် ( ၅၀)၊ ဦးသန်းမောင်ထွန်း (၄၀)၊ မောင်ထွန်းထွန်းဝေ (၁၄ )၊ ဦးယဉ်မောင် (၃၈)၊ ကိုနေလင်းဦး (၂၅) နှစ် နှင့် ဦးထွန်းမောင်ဝင်း (၄၂) နှစ် တို့ ဖြစ်ကြသည်။
တင်းမ (သစ် ) ကျေးရွာမှ ရွာသားများမှာ ဦးမောင်စိတ်ကြီး (၇၁)၊ ဦးကျော်ဝင်းမောင် (၃၆)၊ ဦးလှကျော်ကြီး (၇၀)၊ ဦးမောင်သန်းစိုး (၃၄) နှစ်၊ ဦးစောရွှေသန်း (၄၅)၊ ဦးစံသာမောင် (၅၂)၊ ဦးမောင်မြင့်အေး (၄၉) နှစ်နှင့် ဦးမောင်ထွန်းစိန် (၆၂) တို့ ဖြစ်ကြသည်။
ထိုသို့ ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တင်းမကြီးနှင့် တင်းမသစ်ကျေးရွာ ၂ ရွာမှ ရွာသားများအားလုံး ကြောက်လန့်၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးနောက် မတ် ၂၂ရက် တွင် စစ်တပ်က ရွာကိုစတင်မီးရှို့သဖြင့် နေအိမ် ၁၀၀ ကျော် မီးလောင် ပျက်စီးသွားခဲ့သည်။
တင်းမရွာသစ်နှင့် တင်းမကြီးကျေးရွာသည် လက်ရှိ အချိန်တွင် ခြုံ၊ နွယ်၊ ပိတ်ပေါင်းတို့ဖြင့် လွှမ်းခြုံနေပြီး တစ်ရွာလုံးပျက်စီးလုနီးပါး အခြေအနေဖြစ်နေပြီဟု ရွာသားများက ပြောသည်။
တင်းမကျေးရွာသည် ကုလားတန်မြစ်အရှေ့ဘက်၊ ကျောက်တော်မြို့နှင့် ပလက်ဝမြို့အကြား မြစ်ကမ်းဘေးတွင် တည်ရှိကာ အိမ်ခြေ(၆၀၀)ရှိသော ရခိုင်ကျေးရွာကြီးတစ်ရွာဖြစ်သည်။
လက်ရှိတွင် တင်းမကျေးရွာသားများသည် ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် ညောင်ချောင်း စစ်ဘေးရှောင်စခန်းတို့တွင် စစ်ဘေးရှောင်လျှက် နေထိုင်နေကြရသည်မှာ ၄ နှစ်နီးပါး ရှိလာနေပြီဟု သိရသည်။
(NN-7)
(ပုံစာ- အသတ်ခံလိုက်ရသူများနှင့် လက်ရှိ တင်းမကျေးရွာမြင်ကွင်း)