နိရဉ္စရာ၊ဇန္နဝါရီ ၂၆/၂၀၂၃
စစ်တွေမြို့ကို တည်ထောင်ခဲ့သည့် နှစ် (၁၉ရ) နှစ်ပြည့်မြောက် အခမ်းအနားတစ်ခုကိုဇန်နဝါရီ ၂၅ ရက် ညနေက စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်တွေမြို့ကို ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဇန္နဝါရီ ၁၂ရက်နေ့၊ ၇ခိုင်သက္ကရာဇ်၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်နေ့တွင် တည်ထောင်ခဲ့သဖြင့် ရခိုင်သက္ကရာဇ် နေ့ရက်အတိုင်း ယမန်နေ့ တပို့တွဲလဆန်း ၅ ရက်တွင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။
စစ်တွေမြို့တည်နှစ် ၁၉၇နှစ်ပြည့် အထိမ်းအမှတ်အဖြစ်စစ်တွေမြို့၊ မိဇံရပ်ကွက်တွင် မီးထွန်းပွဲတစ်ခုကို သာကီမဏ္ဍိုင် ၇ခိုင်ယဉ်ကျေးမှု အဖွဲ့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားကို အကျဉ်းချုံးပြုလုပ်ခဲ့သော်လည်း ရိုးရာကျင်ပွဲတစ်ခုကိုထည့်သွင်းကျင်းပခဲ့သည်ဟု သိ၇သည်။
စစ်တွေမြို့ကို အင်္ဂလိပ်မြို့ဝန် ပတ္တင် (Paton)၊ ဒေသျှိတ် (Dickenson) တို့နှင့် ရခိုင်ခေါင်းဆောင် များဖြစ်ကြသောမင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီနှင့်မြို့သူကြီးအောင်ကျော်ဇံတို့က တည်ခဲ့သည်ဟုသိ၇သည်။
အင်္ဂလိပ်တို့က ၇ခိုင်ပြည်ကို ၁၈၂၄-ခုနှစ်တွင်သိမ်းပိုက်ခဲ့ပြီး ယခင်မြို့တော်ဟောင်း မြောက်ဦးမြို့သည်အုပ်ချုပ်ရေးအတွက် အဆင်မပြေသဖြင့် တံငှာရွာအဆင့်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ပြီးစစ်တွေမြို့ကို တည်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။