နိရဥ္စရာ၊ ဇန်နဝါရီ၂၄/ ၂၀၂၃
၇ခိုင်ပြည်နယ် ၊ပေါက်တောမြို့နယ်၊ဆင်တက်မော်အုပ်စု၊ နဂါးမြောင်ကျေးရွာ အရှေ့တည့်တည့် ပိန္နဲချောင်းတောင်တန်းရှိ တောင်စောင်းတစ်ခု၏ထိပ်၀မှ ရွံ့ရည်စီးကြောင်းတစ်ခု အလိုလိုပန်းထွက်နေပြီး တောင်အောက်သို့ စီးကျနေသည်ဟု သတင်းရရှိသည်။
ထိုနေရာသို့ သွားရောက်ကြည့်ရှုခဲ့သူ ကိုဇော်သန်းလှိုင်က “ အရည်ကတော့တောင်စောင်းတစ်နေရာက စိမ့်ထွက်နေတာပေါ့။ ထွက်နေတဲ့နေရာက တွင်း၀ပုံစံမျိုးဖြစ်နေပါတယ်။အဲ့ဒီတွင်း၀ကနေ ပွတ်ပွတ်ဆူပြီးတော့ အပြင်ကို ကန်ထွက်နေတာပါ။အရည်ပုံစံကတော့ သဲမှုန်လေးတွေလည်းပါတယ်။ စီးဆင်းနေတဲ့အထဲမှာ နှောက်ကျိ ရွံ့ရည်ဖြစ်နေပြီးတော့၊ အပေါ်က ဆီတွေ ပြန့်ပြီးတော့လည်းထွက်ပါတယ်။ ကျွန်တော် လက်နဲ့ကိုင်ပြီးရှူကြည့်တော ရေနံနံ့လိုလိုတော၇တယ်။ စိတ်ထင်နေလို့လားတာ မပြောတတ်ဘူး။ မီးခြစ်လည်းမပါသွားတောစမ်းကြည့်တာမျိုးတော့မလုပ်ခဲ့ဘူး”ဟု ပြောသည်/
ထိုကဲ့သို့ ယိုစိမ့်ထွက်နေသည့်ဓါတ်ငွေ့သည် နဂါးမြောင်ရွာ အထက်တွင်ရှိသော ပိန္နဲချောင်း တောင်တန်းမှာ စိမ့်ထွက်နေခြင်းဖြစ်ပြီး တောင်အောက် ပေ ၂၀ ကျော်ခန့် မြောင်တစ်ခုထဲသို့ စီးဆင်းနေသည်ဟု ဆိုသည်။
နဂါးမြောင်ကျေးရွာမှအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းကျော်က ၎င်းတောင်တန်း၏ နေရာတချို့တွင် ပေါက်ကွဲမှုပုံစံဖြစ်နေပြီးတောင်ထိပ်မှ ပွင့်ထွက်ကာ ရွံ့ရည်များစီးကျနေသည်မှာ တစ်နှစ်ခန့် ရှိနေပြီဟု ပြောဆိုသည်။
“ အခုပေါက်ကွဲနေတာကတစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ ပထမဆုံး မြောင်ထဲမှာ ပေါက်ကွဲနေတာ တစ်ခုရှိပါတယ်။ တစ်ကြောတည်းဆက်နိုင်တယ်။ တစ်နေရာကကန်အားရှိရင် တစ်နေရာက ပေါက်ထွက်မဲ့ ပုံစံမျိုးတွေပေါ့။ သိပ်မဝေးဘူး။ နွေရာသီပိုင်းဆိုရင် ကျနေတဲ့အရည်တွေ မီခြစ်နဲ့ ခြစ်လိုက်ရင် ၃မိနစ်၊၅မိနစ်လောက် မီးထတောက်တယ်။ သစ်ရွက်နဲ့ မီးရှို့လိုက်ရင်လည်း မီးကလောင်နေတယ်။ဒီတစ်ခုက ၁၀ နှစ်ကျော်လောက်ရှိပြီ။ တချို့တွေကတော့ ဓါတ်ငွေ့ ပေါက်ထွက်နေတယ်ပြောကြပါ
ယခုကိစ္စနဲ့ပတ်သတ်ပြီး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာကိုအသိပေးအကြောင်းထားခြင်းမရှိသေး
“ ဒါတွေနဲ့ပတ်သတ်ပြီးတော့သက်ဆိုင်ရာကို တင်ပြတာတော့မရှိဘူး။ဒါတွေကို စိတ်ဝင်စားမယ်လို့ မထင်လို့ပါ။ ဒေသခံတွေကတော့ အထူးအဆန်းတစ်ခုလို့တော့ သိတယ်။ ဒါပေမယ့် ဒါက ဂတ်စ်စိမ့်ထွက်တာလား။ဘာလဲ။ သေသေချာချာ မသိဘူး။ ရွံ့မီးတောင်လား။ နားလည် တတ်ကျွမ်းသူတွေ လာစစ်ဆေးရင်တော့ ကောင်းတာပေါ့”ဟုအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
ယခုဖြစ်ပေါ်နေသော ရွံ့ရည်များစိမ့်ထွက်မူမှာ ဂတ်စ်စိမ့်ထွက်နေခြင်းလား(သို့မဟုတ်) ရွံ့မီးတောင်ပေါက်ကွဲရန် ရှေးပြေးနမိတ်လားဆိုသည်ကို ကျွမ်းကျင်းသူများစစ်ဆေးပေးရန် လိုလားနေကြသည်ဟု ပြောဆိုသည်။ ပေါက်တောမြို့နယ်၊ ဆင်တက်မော်အုပ်စု၊နဂါးမြောင်ကျေးရွာ၏ ရွာအစပိုင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ခန့်ကရေနံစိမ်းတွင်းများတူးဖော်ခဲ့သည်ဟုလည်း သိရှိ၇သည်။
(ဓါတ်ပုံ - facebook)