Preview

ရခိုင်က ဇာတ်သဘင်များ မြို့ပေါ်တွင်ကပြခွင့်ပိတ်ပင်ခံထားရ၍ အခက်ကြုံနေရဟုဆို

ဇန်နဝါရီ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :6094
ရခိုင် သတင်း

နိရဥ္စရာ၊ဇန်နဝါရီ ၂/၂၀၂၃

၇ခိုင်ကဇာတ်သဘင်များကို မြို့ပေါ်တွင် ကပြဖြေဖျော်ခွင့်ကို စစ်ကောင်စီတာဝန်ရှိသူများ ပိတ်ပင်ထား၍ လုပ်ငန်းရပ်နားထား၇သည်အထိ အခက်အခဲကြုံနေ၇သည်ဟု ဇာတ်သဘင် အသိုင်းအဝိုင်းမှ သိ၇သည်။

လက်ရှိ ၇ခိုင်တွင်ဒေသအခြေအနေတည်ငြိမ်နေသော်လည်း ဇာတ်သဘင်များကို ဒေသ အာဏာပိုင်များက မြို့ပေါ်၌ကပြဖြေဖျော်ခွင့်မပေး၍ ယခုနှစ်တွင် လုပ်ငန်းရပ်နားထား၇သည် အထိဖြစ်နေရကြောင်းရတနာသန်းအောင်ဇာတ်သဘင်၏ ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးညွန့်မောင်က နိရဥ္စရာကိုပြောသည်။

မြို့ပေါ်မှာ ကပြခွင့်မရဘူး။ ကျနော်တို့ ရသေ့တောင်မှာ စေတီတောင်ဘုရားပွဲမှာလည်း မ၇ဘူး။ ရသေ့တောင်ရှင်တစ်ထောင်ပွဲဟာ အရမ်းနာမည်ကြီးပဲ။ အဲဒီမှာလည်း မ၇ဘူး။ အလိုတော်ပြည့်ပွဲမှာလည်းကျနော်တို့ ကဖို့ပြောတယ်။ မရဘူး။ မ၇ဘူးဆိုတော့ ကျနော်တို့လည်း တစ်ခုမှ အဆင်မပြေဘူး ဖြစ်နေတယ်ဟု ပြောသည်။မြို့ပေါ်တွင်ဇာတ်သဘင်များကပြဖြေဖျော်ခွင့်ပွဲပါမိတ်ကိုပေးရန် စစ်ကောင်စီတပ်ကတားမြစ်ထား၍ မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကလည်းပွဲပါမိတ်ပေး၍မ၇ဖြစ်နေကြောင်း ဇာတ်သဘင် တာဝန်ရှိသူများကိုပြောဆိုသည်ဟုဦးညွန့်မောင်က ဆက်ပြောသည်။

မြို့ပေါ်မှာ လုံး၀ကိုကျနော်တို့ ခွင့်ပြုလို့မ၇ဘူး။ အားလည်း နာပါတယ်ပြောတယ်။ ကျနော်တို့မှာကမြို့ပေါ်ကိုရမှ ပိုက်ဆံအများကြီး၇တယ်လေ။ တောရွာလေးတစ်ရွာမှာသွားကလို့ ပိုက်ဆံက ဇာတ်ဖိုးတောင်မ၇နိုင်ဘူး။ အဲဒါ နစ်နာတာပေါ့ဟု ပြောသည်။

ယင်းသို့ မြို့ပေါ်တွင်ကပြဖြေဖျော်ခွင့်မရကြ၍ ကျေးလက်တောရွာများတွင်သာ သွားရောက် ကပြနေကြရသည်ဟုဇာတ်သဘင်ပိုင်ရှင်များက ပြောသည်။

ကျေးလက်များကို သွားရောက်ကပြကြရာတွင်လည်းလမ်းခရီးမကောင်း၍ သွားလာရက်ခက်ခဲပြီး စရိတ်စခများလည်း များပြားကာအကုန်အကျများ၍ အရှုံးပေါ်နေရသည်ဟု လက်ရှိ ကပြနေသည့်အာရက္ခမဏ္ဍိုင်ဇာတ်သဘင်ပိုင်ရှင် ဒေါ်နီနီစိုးက နိရဥ္စရာကိုပြောသည်။

နစ်နာမှုက အများကြီးရှိပါတယ်။ကျမတို့က မြို့ပေါ်တွေမှာ က၇မှ အနုပညာသမားတွေက ပိုပြီး အဆင်ပြေမယ်။ကျွန်းရွာလေးတွေ၊ တောရွာလေးတွေမှာဆိုရင် တွေးကြည့်လေ။ ကျမတို့က သိပ်အဆင်မပြေဘူး။စည်ကားမှုလည်း မရှိဘူး။ မြို့ပေါ်တွေမှာ ကခွင့်ရမယ်ဆိုရင်အားလုံးသော အနုပညာသမားတွေအတွက် အဆင်ပြေမယ်ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်၇သူ ဦးလှသိန်းတို့ကို နိရဥ္စရာကဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါ။

ယခုကဲ့သို့ဇာတ်သဘင်များ မြို့ပေါ်တွင်ကပြခွင့်မရကြ၍ ရခိုင်ပြည်ရှိ ရတနာသန်းအောင်၊ ရိုးမသဇင်၊ ခိုင်ပြည်ဟိန်း၊အာရက္ခသဇင်နှင့် အာရက္ခရင်သွီး စသည့်ဇာတ်သဘင် ၅ ခု လုပ်ငန်းရပ်နားထား၇ပြီးဇာတ်သဘင်အနည်းငယ်သာ ကပြဖြေဖျော်လျက်ရှိသည်ဟု ရခိုင်ပြည်သဘင်အစည်းအရုံးဥက္ကဋ္ဌဦးထွန်းအေးက နိရဥ္စရာကိုပြောသည်။

အဆင်မပြေဘူး။ သူတို့လည်းရှုံးကြတော့ ဒီနှစ် ရပ်ထား၇တယ်။ အခု ကနေတဲ့ဇာတ်တွေလည်း ပိုက်ဆံရှိလို့ကနေသလို မရှိဘဲ ကနေရတဲ့ဇာတ်တွေလည်း အများကြီးရှိတယ်ဟု ပြောသည်။
၇ခိုင်တွင်ဇာတ်သဘင်များသည် ပုံမှန်ဆိုလျှင် ယခုကဲ့သို့ ပွင့်လင်းရာသီများဖြစ်သည့်အောက်တိုဘာလမှ ဧပြီလအထိ ကပြဖြေဖျော်တတ်ကြကြောင်း သိ၇သည်။

သို့ရာတွင်အဆိုပါဇာတ်သဘင်များသည် ၇ခိုင်တွင် ၂၀၁၈ ခုနှစ်မှစတင်ကာတိုက်ပွဲများပြင်းထန်ခဲ့မှုနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့မှုတို့ကြောင့်၃ နှစ်ခန့် ကပြဖြေဖျော်ခွင့်မ၇ခဲ့၍ အခက်အခဲအကျပ်အတည်း များစွာဖြစ်ပေါ်ခဲ့သေးသည်။ (NN-2)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.