Preview

စစ်တွေမှ နာမည်ကြီးလူသတ်မှု မနွယ်သန္တာဝင်းအမှုနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသူ မောင်မျိုးချစ်စိုးအပြီးသတ်လွတ်မြောက်လာ

ဇန်နဝါရီ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :9234
ရခိုင် သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၂၇/ ၂၀၂၃

 

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့မှနာမည်ကြီး လူသတ်မှု တစ်ခုဖြစ်သည့် မနွယ်သန္တာဝင်းအမှုနှင့်ပတ်သက်ပြီး ရဲကဖမ်းဆီးတရားစွဲဆိုထားသည့် မောင်မျိုးချစ်စိုးသည်အပြစ်တစ်စုံတရာမရှိသဖြင့် ယနေ့တွင်တရားရုံးက အမိန့်ချမှတ်ကာအပြီးသတ် လွတ်မြောက်လာပြီ ဖြစ်သည်ဟု သတင်းရရှိသည်။

 

ကိုမျိုးချစ်စိုးကို ယနေ့ဇန်နဝါရီလ ၂ရရက်နံနက်က ဖမ်းဆီးထားသည့်ထောင်ချုပ်ထဲ၌ပင် ရုံးထုတ်ခဲ့ပြီးမနွယ်သန္တာဝင်းအသတ်ခံ၇မှုတွင် တစ်စုံတစ်ရာအပြစ်မရှိကြောင်း တရားရုံးကဆုံးဖြတ်ကာ အပြီးသတ်အမိန့်ချမှတ်လိုက်ကာ လွတ်မြောက်လာခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က နိ၇ဉ္စရာသတင်းဌာနကို ပြောသည်။

 

"သားက လွတ်မြောက်လာပါပြီ။ မနက်ပိုင်းက ဖုန်းဆက်လာတာ။ ဒီနေ့အပြီးသတ်အမိန့်ချမှတ်လိုက်တာ။ လွတ်မြောက်လာပါပြီ။ အခုတော့သားကို အိမ်ပြန်ခေါ်ဖို့ကမ်းထောင်းကြီးကနေ စစ်တွေကို သွားနေပါတယ်" ဟု ပြောသည်။

 

မနွယ်သန္တာဝင်း အသတ်ခံ၇မှု၌ အနီးအနားရှိတစ်ခြားဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ ()ရပ်ကွက်မှ ဦးသိန်းမောင်နှင့် ဒေါ်လှသိန်းနွယ်တို့၏သားဖြစ်သူ မောင်မျိုးချစ်စိုးအသက်(၂၀)နှစ်အားရဲက မတရားဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။

 

မိခင်ဖြစ်သူဒေါ်လှသိန်းနွယ်က "ကျွန်မသားမှာ အပြစ်မရှိလို့လွတ်မြောက်လာတာ အရမ်းဝမ်းသာပါတယ်။အရမ်းလည်းပျော်ပါတယ်" ဟု ပြောသည်။

 

မနွယ်သန္တာဝင်းသည် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ မေယုလမ်းပေါ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး ဆိုလာနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းဖြစ်ပြီး သူမသည် ပြီးခဲ့သည့်သြဂုတ်လ ၁၅ရက်နေ့က တစ်ဦးတည်းဆိုင်ရောင်းနေစဉ် အကြမ်းဖက်ဓားထိုးအသတ်ခံ၇၍ သေဆုံးသွားခဲ့သည်။ သူမ၏ ဝမ်းဗိုက်၌ ဓားထိုးဒဏ်ရာ ချက်ရှိပြီး လည်ပင်းတွင်လည်း လက်ဖြင့်ညစ်ထားသည့် ညိုမဲဒဏ်ရာများတွေ့ရှိခဲ့သည်။

 

မောင်မျိုးချစ်စိုးကို ထိုအမှု၌သံသယရှိသည်ဟုဆိုကာစစ်တွေမြို့၊ အမှတ်()ရဲစခန်းမှ ပြီးခဲ့သည့် သြဂုတ်လ၁၆ရက်နေ့၊ နံနက် ၈နာရီအချိန်တွင် စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ လာရောက်ခေါ်ယူဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

 

ယင်းနောက်ပိုင်းတွင် မောင်မျိုးချစ်စိုးကို စစ်တွေမြို့၊ထောင်ချုပ်၌ဖမ်းဆီးထားပြီး တရာလိုများနှင့် သက်သေများကို အကြိမ်ကြိမ်စစ်ဆေးမူများပြုလုပ်ခဲ့သည်။

 

ထိုသို့အမိန့်ချမှတ်မည့်ရက်ကို အကြိမ်ကြိမ်ရက်ပြောင်းရွေ့ပြီးမှ ယနေ့ဇန်နဝါရီလ ၂ရရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ကာ လွတ်မြောက်လာခြင်းဖြစ်သည်။

 

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူဟု ယူဆရသည့် သံသယရှိသူတစ်ချို့ကိုလည်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က ဖမ်းဆီးစစ်ဆေးနေပြီး ယနေ့အချိန်ထိ အဆိုပါအမှုနှင့် ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိ၇သည်။ (NN-12)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.