- Web Master
- ၃၀ နိုဝင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဇန်နဝါရီ ၂၇/၂၀၂၃
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးသန်းရွှေမောင်သည် ယနေ့ နေ့လယ် ၁နာရီခွဲဝန်းကျင်က ထင်းခွေသွားရာမှ မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း သိရသည်။
“ ဒီနေ့
နေ့လယ် ၁နာရီခွဲဝန်းကျင်က ရွာအနီးမှာရှိတဲ့ ဆနွင်းတောင်သို့
တစ်ဦးတည်း ထင်းခွေဖို့ သွားရာကနေ မိုင်းနင်းမိတာပါ။ ဒဏ်ရာပြင်းထန်တဲ့အတွက် ရွာကိုသယ်လာစဉ် လမ်းမှာ သေဆုံးသွား
မိုင်းဒဏ်ရာသည် ပြင်းထန်ပြီး ဦးသန်းရွှေမောင်၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို ထိခိုက်သွားခဲ့သည်ဟု သွားရောက်ကြည့်ရှူခဲ့သည့် ဒေသခံများကပြောသည်။
"သူကထင်းခွေဖို့သွားတာပါ။ ရွာအရှေ့ဘက် စစ်ကောင်စီတပ်စခန်းချထားတဲ့ တောင်တန်းအနီးက ဆနွင်းတောင်ကိုပါ။ ဖားပြိုရွာအရှေ့က တောင်တန်းမှာပါ။ သူကတစ်ယောက်တည်းသွားတာပါ။ ထင်းခွေဖို့သွားတာလည်း မကြာသေးဘူး ဖြစ်သွားတာက။ သူကမိုင်းနင်းမိတဲ့အခါ အိမ်ရှင်မကို လှမ်းအော်တယ်တဲ့။ ရွာနဲ့လည်းနီးတော့ ပေါက်သံနဲ့ အော်သံကိုပါကြားလိုက်ရတော့ သွားကြည့်ကြတာပါ။ သူ့ကိုတောင်ပေါ်ကချလာတုန်းမှာပဲ သေသွားတာပါ" ဟုပြောသည်။
လက်ရှိတွင် ၎င်း၏အလောင်းကို ဖားပြိုကျေးရွာ သုသာန်တွင် ထားရှိထားကြောင်း သိရသည်။
၎င်းဦးသန်းရွှေမောင်
ထင်းခွေရန်သွားသည့် တောင်တန်းအနီးအနားတွင် စစ်ကောင်စီတပ်က
တပ်စွဲစခန်းချနေထိုင်မှုများရှိ
ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်ကလည်း ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ ထင်းခွေသွားသူ ဆယ်ကျော်သက်အရွယ် မူဆလင် ကလေး ၁ ဦးသေဆုံး ပြီး ၃ ဦး ဒဏ်ရာပြင်းထန်ရရှိသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်က မြောက်ဦးမြို့နယ် နဒင်ကျေးရွာမှ လူငယ်တစ်ဦး ထင်းခုတ်သွားစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့သည်။
ရခိုင်တွင် လတ်တလောအတွင်း မြေမြုပ်မိုင်းများ ပေါက်ကွဲ၍ သေဆုံး ဒဏ်ရာရသူများ တစ်နေ့ထက်တစ်နေ့ တိုးပွားနေသဖြင့် တိုက်ပွဲမရှိသည့် ယခုလို ငြိမ်းချမ်းနေသည့် အချိန်မျိုးတွင် စစ်ကောင်စီတပ်အနေဖြင့် ထောင်ထားသော မိုင်းများကို အမြန်ဖယ်ရှားပေးရန် လိုအပ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။