- Web Master
- ၀၁ ဒီဇင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဇန်နဝါရီ ၂၇/၂၀၂၃
ကျောက်တော်မြို့တွင်
ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၇(၁)တို့ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေးသမား လူထုဇော်ဝင်း အပါအဝင် အရပ်သား
၁၂ ဦးကို ယနေ့တစ်ရက်တည်းတွင် ရုံးထုတ်ခဲ့သော်လည်း အမှုများကို
တစ်စုံတစ်ရာ စစ်ဆေးခြင်းမပြုလုပ်ဘဲ ရုံးချိန်းရက်ကို
ထပ်မံရွေ့ဆိုင်းလိုက်သည်ဟု မိသားစုဝင်များကပြောသည်။
ယနေ့ ဇန်ဝါရီလ
၂၇ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က ကျောက်တော်မြို့နယ်တရားရုံးတွင် ပုဒ်မ
၅၀၅-ကဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ လူမှုရေးလှုပ်ရှားသူ
ဦးဇော်ဝင်းပါ ၃ ဦး၊ ပုဒ်မ ၁၇(၁)ဖြင့် ကျောက်တော်မြို့
ကဝိရတနာစစ်ရှောင်စခန်းမှ အရပ်သားဆေးဆရာ စစ်ရှောင်
ဦးကျော်ဟိန်းပါ ၂ ဦး၊ ပုဒ်မ ၁၇(၁)ဖြင့် မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံ
ဆရာ ဦးစောမိုးကျော် အပါအဝင် ၇ဦး၊ စုစုပေါင်း ၁၂ ဦးတို့ကို ယနေ့ တစ်ရက်တည်း၊
တစ်ချိန်တည်းတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။
သို့သော်လည်း သူတို့
၁၂ ဦးစလုံး အမှုကို တစ်စုံတစ်ရာ စစ်ဆေးခဲ့ခြင်းမရှိဘဲ လာမည့်
ဖေဖော်ဝါရီ ၈
ရက်နှင့် ၁၀ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးကပြော
“ဘာမှ မစစ်ပါဘူး။
မိသားစုနဲ့တွေ့ခွင့်ရတာတစ်ခုပါ
ပုဒ်မ ၅၀၅-က ဖြင့်
တရားစွဲဆိုခံထားရသူ သုံးဦးဖြစ်သည့် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ
ဦးဇော်ဝင်း(၄၃)နှစ်၊ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း
ကိုဇော်မိုးထက်(၂၈) နှစ်နှင့် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး
(ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့၏ အမှုတွင်
ကိုဇော်မိုးထက်၏ တရားခံပြသက်သေတစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်
ရုံးချိန်းက စစ်ဆေးထားပြီး ကျန်သောသူများ၏ တရားခံပြသက်သေမျ
ယခုကဲ့သို့
တရားခံပြသက်သေများကို စစ်ဆေးမည့်ရုံးချိန်းကိုရွေ့ဆို
ထို့အပြင် ပုဒ်မ
၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့ ကဝိရတနာစစ်ရှောင်စခန်းမှ
အရပ်သားဆေးဆရာ စစ်ရှောင် ဦးကျော်ဟိန်း(၄၀) နှစ်နှင့်
ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာမှ
ဦးမောင်စောသာ(၅၃) နှစ်တို့ အမှုတွင်ဆိုလျှင်လည်း တရားလိုမရောက်ဘဲ
ရုံးချိန်း ရွေ့ဆိုင်းနေသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင်
၇ ကြိမ်တိတိရှိနေပြီဖြစ်သည်။
နောက်ထပ် ပုဒ်မ ၁၇(၁)
ဖြင့် တရားစွဲဆိုခံထားရသည့် မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံဆရာ ဦးစောမိုးကျော်၊
ကျောက်တော်မြို့နယ် ဝပြန်ကျေးရွာမှ မောင်သန်းဌေး၊ မောင်ထွန်းလှိုင်၊
ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာမှ ဦးသန်းစိုး၊ ပုဏ္ဏားကျွန်းမြို့နယ်
အောင်ဖြူပြင်ကျေးရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူသစ်မှ
မောင်မျိုးကို၊ မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကိုကျော်မောင်လင်းတို့ အမှုတွင်
စစ်ကောင်စီတရားလိုများ
ရုံးချိန်းအကြိမ်ကြိမ်ပျက်ကွက်
ရခိုင်တွင်
ရက္ခိုင့်တပ်တော်(AA) နှင့်
မြန်မာစစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း
မြန်မာစစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး
ယင်းအထဲက ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အများစုမှာ
လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်