တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ်သုံးလုံး ပျက်စီးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.3k

နိရဉ္စရာ၊ ဇန်နဝါရီ ၂၈/၂၀၂၃

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာတွင် ယနေ့နံနက် ၈ နာရီက မီးလောင်မှုဖြစ်၍ နေအိမ်သုံးလုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

စေတီပြင်ကျေးရွာ မြောက်ဘက်ရှိ ငါးတန်းအရွယ်ကျောင်းသား တစ်ဦးနေထိုင်သည့်အိမ်တွင် ဖယောင်းတိုင် မီးထွန်းထားရာမှ စတင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှုကြောင့် ယင်းအိမ်အနီးအနားရှိ အုန်းမိုး၊ ဝါးထရံကာ နေအိမ်နှစ်လုံးပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စေတီပြင်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

 

"အဲဒီအိမ်က လူတွေက ထိုင်းမှာနေကြတာ။ အဲအိမ်က ကလေးတစ်ယောက်က ဖယောင်းတိုင်မီးနဲ့ ဘာလုပ်လဲမသိဘူး။ အဲကနေမီးလောင်သွားတာ။ မီးလောင်တော့ သုံးအိမ်ပါသွားပါတယ်" ဟုပြောသည်။

 

အဆိုပါမီးလောင်မှုသည် ယနေ့နံနက် ၈ နာရီခန့်က စတင်လောင်ခဲ့ခြင်းဖြစ်ကာ စေတီပြင်ကျေးရွာ မီးသတ်ဌာနခွဲနှင့် ကျေးရွာသားများ ပူးပေါင်းငြိမ်းသတ်မှုကြောင့် နံနက် ၈ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

ရခိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်ကလည်း မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်၍ နေအိမ်တစ်ဆောင်မီးထဲပါသွားကာ ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်း ဒဏ်ရာပြင်းထန်ရရှိသွားခဲ့သည်။

 

ထို့အပြင် ဇန်နဝါရီလ ၁၉ ရက်က မင်းပြားမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ်သုံးလုံးဆုံးရှုံးခဲ့ကာ ဇန်နဝါရီလ ၁၉ ရက်ကလည်း အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် မီးလောင်မှုဖြစ်၍ နေအိမ်လေးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

(NN-8)

ဆက်စပ် သတင်းများ