သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် စစ်ရှောင်စခန်းမှ မြိုအမျိုးသမီးတစ်ဦး၏ ဦးခေါင်းအနာဖုကိုခွဲစိပ်ရန် အကူအညီလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

နိရဉ္စရာ၊ ဇန်နဝါရီ ၂/၂၀၂၃

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ရှောင်စခန်းမှ စစ်ဘေးရှောင် မြိုအမျိုးသမီး တစ်ဦး ဦးခေါင်းအနာဖုကို ခွဲစိပ်ရန် ငွေကြေးမတတ်နိုင်သည့်အတွက် အကူအညီ လိုအပ်နေသည်ဟု သတင်းရရှိသည်


အခက်အခဲဖြစ်နေသူမှာ ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် ဒေါ်စောခိုင်(၄၃)နှစ်ဖြစ်သည်။


၎င်းအနာဖုမှာ လွန်ခဲ့သော နှစ်လခန့်က သမီးတစ်ဦးက  ဦးခေါင်းကို သနပ်ခါးတုံးနှင့်ရိုက်ရာကနေ တဖြည်းဖြည်းကြီးလာပြီး  နာကျင်ကိုက်ခဲသည့်ဒဏ်ကြောင့် နေမထိထိုင်မသာအောင်ဖြစ်နေရသည်ဟု ဒေါ်စောခိုင်ကပြောသည်။


ကလေးက အမွှာဆိုတော့ ထိန်းရတာလည်းမလွယ်ပါ။ အဲမှာ ကလေးတစ်ယောက်က ဆော့ရင်းနဲ့ ခေါင်းကို သနပ်ခါးတုံးနဲ့ထုလိုက်တာ။ အစက နည်းနည်းနာတာပဲရှိတယ်။ နှစ်ရက်၊ သုံးရက်လောက်နေတော့ အဲနားတဝိုက်က ဆံပင်တွေစကျွတ်လာတယ်။ နောက်ပိုင်း အဲဒီနေရာမှာ တဖြည်းဖြည်းနဲ့ ဖုကြီးတစ်ဖုဖြစ်လာတယ်။ တဖြည်းဖြည်းကြီးလာတယ်ပေါ့ဟုပြောသည်။


သူမတွင် ၁ နှစ်နှင့် ၇ လအရွယ် အမွှာသမီးငယ်နှစ်ဦးစလုံးနှင့် သူမတို့မိသားစုကို ယောက်ျားဖြစ်သူမှ စွန့်ပစ်သွားသည်မှာ ၁ နှစ်ခန့်ရှိပြီဟု သူမကဆက်ပြောသည်။


အခုက ကလေးနှစ်ယောက်နဲ့ရုန်းကန်နေရလို့ ဆေးကုဖို့အတွက် ငွေးကြေးမတတ်နိုင်ပါ။ ဒါကို ဆေးကုချင်ပါတယ်။ ကန်စောက်မှာ ဆေးခန်းသွားပြတုန်းက ဆေးရုံကြီးမှာ ခွဲမှရမယ်လို့ ပြောလိုက်ပါတယ်။ စစ်တွေကို သွားဖို့ငွေကြေးမရှိပါဟုဆိုသည်


ဦးခေါင်းပေါ်မှ အနာဖုကိုခွဲစိပ်ရန်အတွက် ငွေကြေးလှူဒါန်းချင်သူများအနေဖြင့် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးခေါင်းဆောင် ဒေါ်မအေးခိုင်၏ ဖုန်းနံပါတ်ဖြစ်သည့် ၀၉၄၄၁၉၈၇၅၂၆ ကို ဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ