Preview

၂၀၂၂ ခုနှစ်အတွင်း ၇ခိုင်ကသဘာ၀ဓာတ်ငွေ့ ဒေါ်လာ ၁.၄၃ ဘီလီယံဖိုးကို စစ်ကောင်စီမှတရုတ်ကိုရောင်းချခဲ့

ဇန်နဝါရီ ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :2762
ရခိုင် သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၂/၂၀၂၃

 

ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာစစ်ကောင်စီသည် တရုတ်နိုင်ငံထံ အမေရိကန်ဒေါ်လာ (၁.၄၃)ဘီလီယံတန်ဖိုးရှိသည့် ၇ခိုင်ကထွက်သည့်ဘာ၀ဓာတ်ငွေ့များကို တင်ပို့ရောင်းချခဲ့သည်ဟု သိရှိ၇သည်။

 

ရခိုင်ကမ်းလွန်ရှိရွှေသဘာ၀ဓာတ်ငွေ့စီမံကိန်းက ထွက်ရှိသည့် ဓာတ်ငွေ့များကို တရုတ်နိုင်ငံထံနိုင်ငံဖြတ်ကျော် တည်ဆောက်ထားတဲ့ မြန်မာ-တရုတ် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကနေပို့လွှတ်ရောင်းချခဲ့ခြင်းဖြစ်သည်ဟု တရုတ်အကောက်ခွန်ဌာနတစ်ခု၏  ထုတ်ပြန်ချက်ကို ကိုးကားပြီး  BETV Business News တွင် ဖော်ပြသည်။

 

ကန်ဒေါ်လာ(၁) ဘီလီယံခန့် ကုန်ကျခ တည်ဆောက်ခဲ့သည့်ာတ်ငွေ့ပိုက်လိုင်းကနှစ်စဉ် ဓာတ်ငွေ့ကုဗမီတာ (၁၂) ဘီလီယံကို ဖြန့်ဝေပို့ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

 

၇ခိုင်ကမ်းလွန်မှထွက်ရှိသည့် သဘာ၀ဓာတ်ငွေ့များကို ၎င်းဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် ကွေး၊မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာတရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ပေးနေခြင်း ဖြစ်သည်။

 

၎င်းအပြင်(ရ၇၁) ကီလိုမီတာ အရှည်ရှိသည်  ရေနံစိမ်းပိုက်လိုင်းကိုလည်း ကန်ဒေါ်လာ (၁.၅)ဘီလီယံကျော် အသုံးပြုပြီး ကျောက်ဖြူမှ ယူနန်ပြည်နယ်အထိတည်ဆောက်ထားပြီးနှစ်စဉ်ရေနံစိမ်း တန်ချိန် (၂၂) သန်း ပို့ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားသည်ဟုသိ၇သည်။

 

တရုတ်-မြန်မာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE)က ရှယ်ယာ (၇.၃၆)ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ရေနံပိုက်လိုင်းစီမံကိန်းမှာတော့ ရှယ်ယာ (၄၉.၁)ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်ဟုလည်း သိရှိ၇သည်။

 

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကိုဓာတ်ငွေ့တင်ပို့မှုအများဆုံး နိုင်ငံများအထဲ ပါဝင်ခဲ့ပြီး တာ့ခ်မင်နစ္စတန်နှင့် ရုရှားတို့ပြီးလျှင် တတိယအများဆုံးသဘာ၀ဓာတ်ငွေ့ တင်ပို့ရောင်းချသူအဖြစ် ရပ်တည်နေသည်ဟု သတင်းတွင်ဖော်ပြသည်။


ထိုကဲ့သို့် ၇ခိုင်သဘာ၀ဓာတ်ငွေကို နှစ်စဉ် ဘီလီယံနှင့်ချီပြီး မြန်မာအစိုးရ အဆက်ဆက်က တရုတ်သို့ ထုတ်ယူရောင်းချနေသော်လည်း ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်နေပြီး အလုပ်လက်မဲ့နုန်းလည်း အမြင့်ဆုံပြည်နယ်တစ်ခုဖြစ်နေသည်ဟု သိရှိ၇သည်။


(ဓာတ်ပုံ- BETV)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.