သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့က ကိုရင်ဆို့ကို ပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက်တင်ပြီး ဖေဖော်ဝါရီ ၇ ရက်ကို ထပ်မံရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5k

နိရဥ္စရာ၊ ဇွန်နဝါရီ ၃၀/ ၂၀၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ဖမ်းဆီးခံထားရသည့် ကိုရင်ဆို့(ခေါ်)ကိုကျော်ဇံဝေ(ခေါ်) ကိုဖိုးလပြည့်ကို စစ်ကောင်စီက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် စွဲချက်တင်ပြီး ဖေဖော်ဝါရီ ရက်ကို ထပ်မံရုံးချိန်း ခေါ်လိုက်သည်ဟု သတင်းရရှိသည်။


ပြီးခဲ့သည့် ဇွန်နဝါရီလ ၂၄ရက်နေ့က မြောက်ဦးခရိုင်တရားရုံးတွင် ၎င်းအား ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက် တင်လိုက်သည်ဟ သူနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

ကိုကျော်ဇံဝေကို တရားရုံးက ၅၀၅(က)နဲ့ စွဲချက်တင်လိုက်ပါပြီ။ သူကတော့ ပြစ်မရှိကြောင်း ထွက်ဆိုပါတယ်။ စွဲချက်တင်လိုက်တယ်ဆိုတော့ ပြစ်မှုမြောက်တဲ့ သဘောမျိုးလား။ ပြစ်မရှိရင်တော့ စွဲချက်မတင်ဘဲ တစ်ခါတည်း လွှတ်ပေးလို့ရတယ်လေ။အခုက ၅၀၅(က)နဲ့ စွဲချက်တင်တယ်ဆိုတော့ ယ်လိုလဲ မပြောတတ်တော့ပါဘူး ဟုပြောသည်။

ကိုရင်ဆို့(ခေါ်)ကိုကျော်ဇံဝေ(ခေါ်) ကိုဖိုးလပြည့်၏ ရုံးချိန်းသည့် နေ့များတွင် မိသားစုဝင်များနှင့် တွေ့ခွင့်ရရှိခဲ့သည်ဟု သိရသည်။


၎င်းကို ပြီးခဲ့သည် စက်တင်ဘာလ ၁၉ရက်နေ့က စတင်ရုံးထုတ်ခဲ့ပြီး၊ ၄လကျော် အကြာ စစ်ဆေးမှုများ ပြုလုပ်ပြီးတွင် ယခုလို စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် ဟာသဗီဒီယိုများနှင့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို ဟာသဆံဆံ ျှဝေရင်း လူသိများလာနေသည့် ကိုရင်ဆို့ကို စက်တင်ဘာလ ရက် နံနက် နာရီခန့်တွင် မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်ရှိ သူ၏နေအိမ်မ စစ်သားနှင့် ရဲအင်အား ၂၀ ခန့်က ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

လက်ရှိတွင် သူ့ကိုမြောက်ဦးမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရသည်။

သူ့ကို နိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်သည်ဟု စစ်ကောင်စီက စက်တင်ဘာ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ခဲ့သည်။  (NN-13)

ဆက်စပ် သတင်းများ