ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တပ်တရားလို (၈) ကြိမ်မြောက် ရုံးချိန်းပျက်ကွက်၍ ပုဒ်မ ၁၇(၁)ဖြင့် အမှုရင်ဆိုင်နေရသူ ကျောက်ဖြူဒေသခံနှစ်ဦး နစ်နာမှုများစွာရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

နိရဉ္စရာ၊ ဇန်နဝါရီ ၃၁/၂၀၂၃

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာက ဒေသခံပြည်သူ ၂ ဦး၏ အမှုကို ယနေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတရားလို ရောက်မလာသဖြင့် အမှုကို မစစ်ဆေးခဲ့ရဟု သတင်းရရှိသည်။

တရားလိုပျက်ကွက်သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ၈ ကြိမ်တိတိရှိပြီဖြစ်ပြီး အမှုရင်ဆိုင်နေရသူ ၎င်းတို့နှစ်ဦးအဖို့ များစွာနစ်နာမှုရှိနေကြောင်း ိသားစုဝင်များကပြောသည်။တရားလို ဒီနေ့လည်း မရောက်ပါ။ ၈ ကြိမ်ရှိပါပြီ။ တရားလိုက ရုံးထုတ်တဲ့နေ့က စပြီး  တစ်ပတ်မှ မရောက်သေးဘူး။ ကျမတို့မှာ ရုံးချိန်းအတွက်လာရတာ လမ်းစရိတ်တောင်ခက်ခဲနေပါပြီ။ တရားလို ဘာလို့မရောက်တာလဲ သိချင်ပါတယ်။ သူများတွေမှာ လွတ်သွားကြပြီ။ ဘယ်လိုအခက်အခဲတွေရှိလို့ မလွတ်တာလဲ။ အမှုအခြေအနေဘယ်လိုရှိလဲ သိချင်ပါတယ်ဟုဆိုသည်။

တရားလို မရောက်သဖြင့် အမှုကို လာမည့် ဖေဖော်ဝါရီ ၇ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာမှ ဦးသိန်းတန်(၄၇) နှစ်နှင့် ဦးတင်အောင်(၅၀)နှစ်ဝန်းကျင်တို့ ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးကို လွန်ခဲ့သည့် နှစ် နိုဝင်ဘာ ၁၃ ရက်က ကျောက်ဖြူမြို့နယ်တရားရုံးတွင် ပုဒ်မ ၁၇(၁) ဖြင့် ချုပ်ရက်ရမန်ယူခဲ့ပြီး ယင်းနောက်ပိုင်းမှ စကာ တရားလိုသည် တရားရုံးသို့  လုံးဝရောက်လာခဲ့ခြင်း မရှိဘဲ ရုံးချိန်းရက်များကို အကြိမ်ကြိမ်ရွေ့ဆိုင်းနေခဲ့ကြောင်း ယနေ့ရုံးချိန်းနှင့်ဆိုလျှင်  ရုံးချိန်းရွှေ့ရသည် မှာ ()  ကြိမ် တိတိ ရှိနေပြီ ဖြစ်ကြောင်း သိရသသည်။

သူတို့အထဲမှ ဦးတင်အောင်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီခန့်က သူစာဖိုးမှူးလုပ်ကိုင်နေသည့် နတလကျောင်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးသိန်းတန်ကိုမူ ယင်းနေ့ ည ၉ နာရီအချိန်ခန့်က ကျောက်ဖြူအခြေစိုက် စစ်ကောင်စီတပ်သား အင်အား ၁၀ ကျော်ခန့်က သူ့နေအိမ်အတွင်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ  ဒေသခံ ၃၀ ဦးထက်မနည်းရှိပြီး ထိုအထဲတွင် အစိုးရဝန်ထမ်များ၊ လူမှုရေးသမားများ၊ သာမာန် အရပ်သားများ ပါဝင်ကာ ၎င်းတို့ကို  ပုဒ်မ ၁၇(၁) ၅၀၅(က) (ခ) စသည့် ပုဒ်မအမျိုးမျိုးတို့ ဖြင့် တရားစွဲဆိုခံထားသည်ဟု သိရသည်။(NN-3)

ဆက်စပ် သတင်းများ