Preview

တိုင်းပြည်၏အခြေအနေမှာ သာမန်မဟုတ်သည့် အခြေအနေတွင်ရှိနေပြီး ဖေဖေါ်ဝါရီလ ၁ရက်နေ့တွင် ကာလုံကလိုအပ်သည်များကို ထုတ်ပြန်သွားမည်ဟုဆို

ဇန်နဝါရီ ၃၁/ ၂၀၂၃ | ကြည့်ရှုသူ :5653
ရခိုင် သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၃၁/၂၀၂၃

 

ယနေ့ နံနက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီက ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး- ၁/၂၀၂၃)တွင် တိုင်းပြည်၏အခြေအနေမှာသာမန်မဟုတ်သည့် အခြေအနေတွင် ရှိနေပြီး မနက်ဖြန် ဖေဖေါ်ဝါရီလ ၁ရက်နေ့တွင် ကာလုံက လိုအပ်သည်များကို ထုတ်ပြန်သွားမည်ဟု သတင်းထုတ်ပြန်သည်။


၎င်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိ၇သည်။

 

ထိုသို့ ကျင်းပရာတွင် တက်ရောက်လာသည့် ယာယီသမ္မတ ဦးမြင့်ဆွေ အပါအဝင်တက်ရောက် လာသူအားလုံးက နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက် ပေးလျက်ရှိသော်လည်းနိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု နည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သောအခြေအနေတွင်ရှိနေဆဲဖြစ် သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းနှင့်လိုအပ်သည့် ထုတ်ပြန်ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ၁ ရက်နေ့တွင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။

 

အစည်းအဝေးတွင် CRPHNUG နှင့်PDF များကို နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများ အဖြစ်ပုံဖော် ပြောဆိုသွားပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်းဖြင့်လည်း စွပ်စွဲဖော်ပြထားသည်။


အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာသူများက တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်သော အခြေအနေတွင်ရှိနေဆဲဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

 
၎င်းစည်းအဝေးသို့ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့တက်ရောက်ခဲ့သည်။

 

၎င်းအပြင် ထူးဖိတ်ကြားထားသည့် စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာ သီတာဦး တက်ရောက်ကြသည်ဟု ဖော်ပြသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေ အနေအ၇ အစည်းအဝေး မတက်ရောက်နိုင်ကြောင်းခွင့်ပန်ကြားခဲ့သည်ဟု ဖော်ပြထားသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.