Preview

နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေးအသံတိတ်သပိတ်ပြုလုပ်နေစဉ် စစ်တပ်ထောက်ခံသူတချို့ ရန်ကုန်တွင်လမ်းပေါ်ထွက်ဆန္ဒပြ

ဖေဖော်ဝါရီ ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :3950
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ / ၂၀၂၃

 

ယနေ့ စစ်တပ်အာဏာသိမ်းမှု ()နှစ်ပြည့်နေ့တွင် စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝှမ်းတွင် အသံတိတ် သပိတ်ဆင်နွှဲနေကြချိန်တွင်  စစ်ကောင်စီထောက်ခံသူတစ်ချို့ကလည်း အစောင့်အရှောက် အများအပြားဖြင့် လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ကြသည်။

 

၎င်းဆန္ဒပြပွဲကို ဦးဆောင်သူများမှာ မိုက်ကယ်ကျော်မြင့်၊ မင်းသားကြီး() အောင်ဆန်းဦနှင့် ဒေါ်မိုးမိုးခိုင်တို့ဖြစ်ကြောင်း ဆန္ဒပြပွဲဖိတ်ကြားသည့် စာတွင် ဖော်ပြထားသည်။

 

စစ်ကောင်စီ ထောက်ခံသူများသည် အသံတိတ် သပိတ်ကို ကန့်ကွက်မှုများနှင့်တူ ဆန္ဒထုတ်ဖော်မှု တစ်ရပ်ကို ရန်ကုန် မြို့က ဗန္ဓလ ပန်းခြံ ရှေ့ (မြို့တော်ခန်းမ အရှေ့) ကားမှတ်တိုင်နားတွင် ပြုလုပ်ခဲ့ကြသည်။

 

ကျနော်တို့ကလည်းရှင်းပါတယ်။ စစ်တပ်ကို ချစ်တယ်။ NLD မဲလိမ်မဲခိုးလို့ စစ်တပ်က အာဏာသိမ်း၇တာပဲ။ အခုကလည်း အဲ့ဒါကို ထောက်ခံလို့ လာပြတာဟု စစ်တပ်ထောက်ခံပွဲလာသည့် အမျိုးသားတစ်ဦးက ပြောသည်။

တပ်ထောက်ခံပွဲကို သမ္မတရုပ်ရှင်ရုံရှေ့ကနေ သံဃာ ၁၀ ပါးဝန်းကျင်က ဦးဆောင်ပြီး နိုင်ငံတော်အလံများ ကိုင်ဆောင်ကာ အနောက်မှ လူ တစ်ချို့ နိုင်ငံတော်အလံ၊ တပ်အလံ၊ တပ်ချုပ် မင်းအောင်လှိုင်ပုံများ ကိုင်ဆောင်၍ ဆူးလေ ဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရှိ၇သည်။

 

အဆိုပါ ဆန္ဒပြသူများကို လမ်းတစ်လျှောက် စစ်တပ်၊ ရဲနှင့် ယာဉ်ထိန်းရဲများက လုံခြုံရေး အများအပြားဖြင့် စောင့်ကြပ်ပေးခဲ့သည်။

 

 နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ ()နှစ်ပြည့် ကို ဂုဏ်ပြုပါသည်။ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီကို ကြိုဆိုပါသည်ဟူသော ဆိုင်းဘုတ်ဖြင့် NUG CRPH PDF အား ကန့်ကွက်ကြောင်း ကြွေးကြော်မှုများပြုလုပ်ခဲ့ကြသည်။

ယနေ့သည် () နှစ်ပြည့် စစ်အာဏာသိမ်းသည့်နေ့တွင် တစ်နိုင်ငံလုံး စစ်ကောင်စီကို ဆန့်ကျင်သည့် အသံတိတ် သပိတ်ကို တော်လှန်ရေးအင်အားစုများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲနေချိန်တွင် စစ်တပ်ထောက်ခံသူ အချို့က ယခုလို ဆန္ဒဖော်ထုတ်ပွဲကိုပြုလုပ်ခဲ့ကြသည်။

 

ယနေ့ ပြုလုပ်သည့် အသံတ် သပိတ်တွင် ပြည်သူများအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးပါဝင် ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

 

ကျနော်တို့ မိဘပြည်သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ပါဝင်ပေးခဲ့သူတွေရော၊ အကြောင်းအမျိုး မျိုးကြောင့် မပါဝင်ဖြစ်ပေမယ့် ကူညီပံ့ပိုးပေးတဲ့သူတွေကိုရောပေါ့။ ကျနော်တို့ပြည်သူတွေ ပေါင်းစည်းအားနဲ့ သိပ်မကြာခင် တော်လှန်ရေးအောင်မြင်တော့မှာပါဟု တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောသည်။

 

တော်လှန်ရေးအင်အားစုများမှ Silent Strike အပြင်မထွက်၊ ငြိမ်သက်တိတ်ဆိတ်ခြင်းသပိတ်ကို နံနက် ၁၀ နာရီမှ ညနေ နာရီအထိ သတ်မှတ်ထားကာ တသံတည်း ညီ၊ တချီတည်းရုန်း တရားမဝင် ရွေးကောက်ပွဲကို တိုက်ဖျက်ကြ တိတ်ဆိမ်မှုနဲ့ သက်သေပြဟုဆိုပြီး ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။(NN -25)

ဓာတ်ပုံ - ဗန္ဓူလ ပန်းခြံရှေ့ စစ်တပ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်မှု

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.