Preview

ဘန်ကောက်မြန်မာသံရုံးနဲ့ UN ရုံးရှေ့တွင် ထောင်နှင့်ချီသော မြန်မာများ စစ်ကောင်စီကိုဆန္ဒပြ

ဖေဖော်ဝါရီ ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :6797
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃

 

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်မြောက်သည့် ယနေ့ (ဖေဖော်ဝါရီ ) ရက်တွင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် ဆင်နွှဲကြသလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများက မြန်မာသံရုံးနှင့် ကုလသမဂ္ဂ UN ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

 

ဆန္ဒပြသူမြန်မာနိုင်ငံသား ထောင်ကျော်ခန့် ရှိမည်ဟု ဘန်ကောက်မြို့ဆန္ဒပြပွဲမှာ ပူးပေါင်းပါ ဝင်ခဲ့သည့် Aid Alliance committee for Myanmar (ACC Myanmar) အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

 

‘’ မနက်ပိုင်းက သံရုံးရှေ့မှာ အရင်ဆန္ဒပြတယ်၊ နောက် UN ရုံးရှေ့မှာလည်း သွားဆန္ဒပြခဲ့ကြတယ်၊ UN ရုံးရှေ့မှာတော့ ဆန္ဒပြတဲ့သူပိုများတယ်၊ ဆန္ဒပြတဲ့အထဲက မြန်မာအလုပ်သမားတွေဆိုရင် အလုပ်ပိတ် ရက်မဟုတ်ပေမယ့် ခွင့်ယူပြီးလာတဲ့သူတွေရှိသလို ခွင့်ယူလို့မ၇တဲ့သူတွေလည်း လာကြတယ်။ ’’  

 

ဘန်ကောက်မြို့ မြန်မာသံရုံးနဲ့UN ရုံးရှေ့ လမ်းတလျှောက်တွင် ဆန္ဒပြသူမြန်မာများက ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့ ရုပ်ပုံတွေကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

 

ယနေ့ ဘန်ကောက်မြို့က ဆန္ဒပြပွဲကို မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် အတူ၊ တက်ကြွလှုပ်ရှားသူများ၊ ထိုင်းနိုင်ငံက မြန်မာအဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်ကြသည်ဟု သိ၇သည်။ ( NN-26)

 

ဓာတ်ပုံ- ACC Myanmar

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.